Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို

အသက် ၇၄ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး သက်ဆင်ဟာ ၂၀၀၆ ခုနှစ်၊ ထိုင်းစစ်တပ် အာဏာသိမ်းမှုအပြီး ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို
ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ဩဂုတ် ၂၂ ဒီကနေ့မနက်မှာ ထိုင်းနိုင်ငံကို ပြန်လာမှာဖြစ်ပါတယ်။

အသက် ၇၄ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး သက်ဆင်ဟာ ၂၀၀၆ ခုနှစ်၊ ထိုင်းစစ်တပ် အာဏာသိမ်းမှုအပြီး ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူဟာ ရာဇဝတ်မှု စွဲချက် အတော်များများကို ရင်ဆိုင်ခဲ့ရတဲ့နောက် ၂ နှစ် အကြာမှာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို
ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို

၁၅ နှစ် ကြာမြင့်ပြီးတဲ့နောက် သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လာဖို့ အခိုင်အမာ အားထုတ်လာသလို မူလက ဩဂုတ် ၁၀ ရက်မှာ ပြန်လာဖို့ စီစဉ်ထားကြောင်း သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆေးစစ်မှုတွေ ပြုလုပ်ဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်ဆင်က သူ့ရဲ့ အပြန်ခရီးကို ရက်ရွှေ့လိုက်ပါတယ်။

ဩဂုတ် ၂၂ ရက်ဒီကနေ့ဟာ သက်ဆင်ရဲ့သမီး ပေတွန်တန် ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီ (PTP)က ဝန်ကြီးချုပ်သစ် တစ်ဦးကို လွှတ်တော်မှာ အဆိုတင် မဲခွဲဆုံးဖြတ်မှု ခံယူမယ့် နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သက်ဆင်ဟာ PTPကို ထူထောင်ခဲ့သလို လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံရေးမှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်လက် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအရေအတွက် ဒုတိယ အများဆုံးနဲ့ အနိုင်ရထားတဲ့ PTPဟာ ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆရက်သာ သာဗီဆန်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုတင်သွင်းမယ်လို့ အတည်ပြု ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို
ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို

ပေတွန်တန်က ဩဂုတ် ၂၂ ရက်၊ မနက် ၉ နာရီကျရင် ဘန်ကောက်မြို့တော်မှာရှိတဲ့ ဒွန်မောင်းလေဆိပ်မှာ သူ့အဖေကို သွားကြိုမယ်လို့ Instagramမှာ ရေးသားထားပါတယ်။ သက်ဆင် ကိုယ်တိုင်ကလည်း ဒီတစ်ကြိမ်မှာတော့ သူဟာ ဇာတိနိုင်ငံဆီ သေချာပေါက် အရောက်ပြန်လာမယ်လို့ ပြောပါတယ်။ သူ့အသက် ကြီးပြီဖြစ်ကြောင်း၊ မြေးတွေလည်း ရနေပြီဖြစ်ကြောင်း၊ အခုအခါ မိသားစုနဲ့အတူ အေးအေးလူလူပဲ နေချင်တော့ကြောင်း သက်ဆင်က ဆိုပါတယ်။

သူဟာ ထိုင်းပိုင်နက်ထဲ ခြေချချိန်မှာ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြို ဖမ်းဆီးမှုကို ခံရနိုင်ခြေ ရှိနေပြီး အဲဒီအခြေအနေနဲ့ ပတ်သက်လို့တော့ ပေတွန်တန်ရော၊ သက်ဆင်ကပါ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဩဂုတ် ၁၀ ရက်မှာ ပြန်လာမယ့်အကြောင်း ကနဦး ထုတ်ပြန်ချိန်တုန်းကတော့ ထိုင်းရဲချုပ်က သက်ဆင် ပြန်လာရင် ဖမ်းဆီးပြီး သက်ဆိုင်ရာ တရားရုံးဆီ ပို့ဆောင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို
ထိုင်းနိုင်ငံ ပြန်လာမယ့် သက်ဆင်ကို ပါတီထောက်ခံသူတွေကြို

သက်ဆင်ဟာ ပြည်ပကို ရောက်ရှိနေချိန် အတောအတွင်း မျက်ကွယ်မှာ ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက် ၄ ခုအတွက် ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခံခဲ့ရပြီး အဲဒီထဲက ၁ မှုကတော့ ပြစ်မှု သတ်မှတ်ကာလ အချိန်ကျော်လွန်သွားပါပြီ။ သူဟာ လက်ကျန် အမှု ၃ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံထားရပါတယ်။ သက်ဆင်ကတော့ သူဟာ ဘာအပြစ်မှု ကျူးလွန်မထားဘဲ အဲဒီ စွဲချက်တွေကလည်း နိုင်ငံရေးအရ တိုက်ခိုက်မှု သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

သတင်း

ငွေစင်ပုလဲအေဂျင်စီက ငါးသေတ္တာနှင့် ကြက်သားစက်ရုံတို့ ပို့ဆောင်အလုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ အလုပ်မရသေးဟု ဆိုသည်။

သတင်း

KNU တပ်မဟာ(၆)သည် နယ်မြေအတွင်းရှိ တပ်စခန်းများအပြင် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကိုပါ တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့် ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်လာခြင်းဖြစ်သည်။

နိုင်ငံတကာ

ကွန်ဆာဗေးတစ်တွေဟာ သက်ဆင်ကို ခါးသီးပေမယ့်လည်း ပိုမို ဆိုးရွားတဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ရှေ့သို့ချီပါတီ (MFP)ရဲ့ အင်အားကောင်းလာမှုကြောင့် PTPနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။