Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩဂုတ် ၂၂ ရက်မှာ သက်ဆင် ထိုင်းနိုင်ငံ ပြန်လာတော့မယ်လို့ သမီးဖြစ်သူ အတည်ပြု

အသက် ၇၄ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး သက်ဆင်ဟာ ၂၀၀၆ ခုနှစ်၊ ထိုင်းစစ်တပ် အာဏာသိမ်းမှုအပြီး ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူဟာ ရာဇဝတ်မှု စွဲချက် အတော်များများကို ရင်ဆိုင်ခဲ့ရတဲ့နောက် ၂ နှစ် အကြာမှာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်မှာ သက်ဆင် ထိုင်းနိုင်ငံ ပြန်လာတော့မယ်လို့ သမီးဖြစ်သူ အတည်ပြု
ဩဂုတ် ၂၂ ရက်မှာ သက်ဆင် ထိုင်းနိုင်ငံ ပြန်လာတော့မယ်လို့ သမီးဖြစ်သူ အတည်ပြု

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ဩဂုတ် ၂၂ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လာမယ်လို့ သူ့ရဲ့ သမီးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး သက်ဆင်ဟာ ၂၀၀၆ ခုနှစ်၊ ထိုင်းစစ်တပ် အာဏာသိမ်းမှုအပြီး ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူဟာ ရာဇဝတ်မှု စွဲချက် အတော်များများကို ရင်ဆိုင်ခဲ့ရတဲ့နောက် ၂ နှစ် အကြာမှာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

၁၅ နှစ် ကြာမြင့်ပြီးတဲ့နောက် သက်ဆင်ဟာ ထိုင်းနိုင်ငံကို ပြန်လာဖို့ အခိုင်အမာ အားထုတ်လာသလို မူလက ဩဂုတ် ၁၀ ရက်မှာ ပြန်လာဖို့ စီစဉ်ထားကြောင်း သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဆေးစစ်မှုတွေ ပြုလုပ်ဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်ဆင်က သူ့ရဲ့ အပြန်ခရီးကို ရက်ရွှေ့လိုက်ပါတယ်။

ဩဂုတ် ၂၂ ရက်မှာ သက်ဆင်ရဲ့သမီး ပေတွန်တန် ဦးဆောင်နေတဲ့ ဖျူထိုင်းပါတီ (PTP)က ဝန်ကြီးချုပ်သစ် တစ်ဦးကို လွှတ်တော်မှာ အဆိုတင် မဲခွဲဆုံးဖြတ်မှု ခံယူမယ့် နေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သက်ဆင်ဟာ PTPကို ထူထောင်ခဲ့သလို လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံရေးမှာ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်လက် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအရေအတွက် ဒုတိယ အများဆုံးနဲ့ အနိုင်ရထားတဲ့ PTPဟာ ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆရက်သာ သာဗီဆန်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုတင်သွင်းမယ်လို့ အတည်ပြု ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ပေတွန်တန်က ဩဂုတ် ၂၂ ရက်၊ မနက် ၉ နာရီကျရင် ဘန်ကောက်မြို့တော်မှာရှိတဲ့ ဒွန်မောင်းလေဆိပ်မှာ သူ့အဖေကို သွားကြိုမယ်လို့ Instagramမှာ ရေးသားထားပါတယ်။ သက်ဆင် ကိုယ်တိုင်ကလည်း ဒီတစ်ကြိမ်မှာတော့ သူဟာ ဇာတိနိုင်ငံဆီ သေချာပေါက် အရောက်ပြန်လာမယ်လို့ ပြောပါတယ်။ သူ့အသက် ကြီးပြီဖြစ်ကြောင်း၊ မြေးတွေလည်း ရနေပြီဖြစ်ကြောင်း၊ အခုအခါ မိသားစုနဲ့အတူ အေးအေးလူလူပဲ နေချင်တော့ကြောင်း သက်ဆင်က ဆိုပါတယ်။

သူဟာ ထိုင်းပိုင်နက်ထဲ ခြေချချိန်မှာ ရဲတပ်ဖွဲ့ရဲ့ စောင့်ကြို ဖမ်းဆီးမှုကို ခံရနိုင်ခြေ ရှိနေပြီး အဲဒီအခြေအနေနဲ့ ပတ်သက်လို့တော့ ပေတွန်တန်ရော၊ သက်ဆင်ကပါ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဩဂုတ် ၁၀ ရက်မှာ ပြန်လာမယ့်အကြောင်း ကနဦး ထုတ်ပြန်ချိန်တုန်းကတော့ ထိုင်းရဲချုပ်က သက်ဆင် ပြန်လာရင် ဖမ်းဆီးပြီး သက်ဆိုင်ရာ တရားရုံးဆီ ပို့ဆောင်မယ်လို့ ပြောခဲ့ဖူးပါတယ်။

သက်ဆင်ဟာ ပြည်ပကို ရောက်ရှိနေချိန် အတောအတွင်း မျက်ကွယ်မှာ ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက် ၄ ခုအတွက် ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခံခဲ့ရပြီး အဲဒီထဲက ၁ မှုကတော့ ပြစ်မှု သတ်မှတ်ကာလ အချိန်ကျော်လွန်သွားပါပြီ။ သူဟာ လက်ကျန် အမှု ၃ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံထားရပါတယ်။ သက်ဆင်ကတော့ သူဟာ ဘာအပြစ်မှု ကျူးလွန်မထားဘဲ အဲဒီ စွဲချက်တွေကလည်း နိုင်ငံရေးအရ တိုက်ခိုက်မှု သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ တော်ဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိပြီး လက်ကျန် ခြေချုပ်ကာလ သတ်မှတ်ချက်ကနေ ပယ်ဖျက်ပေးခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှီနာဝတ်ထ်ဟာ ထောင်ဒဏ် ကျခံနေရာကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။