Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အစ္စရေးကို ကျူးကျော်ခဲ့တဲ့ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုမှာ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း အေဂျင်စီ ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်လို့ဆို

အစ္စရေး ဝန်ကြီးချုပ်ရုံး အကြံပေး အရာရှိ တဦးကလည်း အောက်တိုဘာ ၇ ရက်၊ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုမှာ UNRWA လခစား ဝန်ထမ်းတွေ ပူးပေါင်း ပါဝင်ခဲ့ကြောင်း BBCကို သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေးကို ကျူးကျော်ခဲ့တဲ့ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုမှာ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း အေဂျင်စီ ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်လို့ဆို
အစ္စရေးကို ကျူးကျော်ခဲ့တဲ့ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုမှာ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း အေဂျင်စီ ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်လို့ဆို

အစ္စရေးနိုင်ငံကို ဟားမားစ် ပြောက်ကျားတွေက စတင်ကျူးကျော် တိုက်ခိုက်ခဲ့ရာမှာ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ (UNRWA)ရဲ့ ဝန်ထမ်းတွေ ပါဝင်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အဲဒီ စွပ်စွဲမှု ထွက်ပေါ်လာပြီးတဲ့နောက် အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် အစိုးရက UNRWAအတွက် ရန်ပုံငွေ ထောက်ပံ့နေမှုတွေကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။ အေဂျင်စီကလည်း အစ္စရေး ပေးပို့တဲ့ သတင်း အချက်အလက်တွေကို အခြေခံပြီး ဝန်ထမ်း တချို့ကို ရာထူးက ထုတ်ပယ်ခဲ့သလို နောက်ဆက်တွဲ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီ ဂူတာရက်စ်က အခုသတင်းကြောင့် အရမ်း တုန်လှုပ်မိကြောင်း ပြောကြားခဲ့ပြီး ကိစ္စတွေ အမြန်ဆုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ဂါဇာကမ်းမြှောင် အခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဟာ အစ္စရေး နယ်စပ်ထဲ ကျူးကျော် ဝင်ရောက်ပြီး အရပ်သား အများစု အပါအဝင် အစ္စရေး ၁၃၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။ အဲဒီ အငိုက်ဖမ်း တိုက်ခိုက်မှုဟာ အစ္စရေး နိုင်ငံသမိုင်းမှာ အထိအနာဆုံး ထိုးနှက်ချက် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးက ဟားမားစ်တွေကို လက်တုံ့ပြန်ပြီး ဂါဇာမှာ ပြင်းထန်လှတဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာကြောင့် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း ၂၆၀၀၀ ကျော် သေဆုံးခဲ့သလို စစ်ပွဲကလည်း လက်ရှိ အချိန်ထ အတောမသတ်နိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

UNRWAရဲ့ အကြီးအကဲဖြစ်သူ ဖိလစ် လက်ဇာရီနီက အောက်တိုဘာ ၇ ရက်နေ့၊ အစ္စရေးနိုင်ငံကို ကျူးကျော်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုမှာ သူ့လက်အောက်ခံ ဝန်ထမ်းတချို့ ပါဝင် ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အစ္စရေးဆီက ပေးပို့တဲ့ အထောက်အထား အချက်အလက်တွေကို ရရှိခဲ့တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဝန်ခံ ပြောကြားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ UNRWAဟာ ဝန်ထမ်းတချို့ကို စုံစမ်းစစ်ဆေးနေသလို အလုပ်သဘော ဆက်ဆံမှုတွေကိုလည်း ဖြတ်တောက်သွားမယ်လို့ လက်ဇာရီနီက ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ရုံး အကြံပေး အရာရှိ တဦးကလည်း အောက်တိုဘာ ၇ ရက်၊ ဟားမားစ်တွေရဲ့ တိုက်ခိုက်မှုမှာ UNRWA လခစား ဝန်ထမ်းတွေ ပူးပေါင်း ပါဝင်ခဲ့ကြောင်း BBCကို သီးခြား မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေး ပေးပို့တဲ့ အထောက်အထားတွေအရ UNRWA လက်အောက်ခံ ကျောင်းတွေမှာ အလုပ်လုပ်နေတဲ့ ကျောင်းဆရာ တချို့ဟာ ဟားမားစ်တွေရဲ့ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုအတွက် အောင်ပွဲခံနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ အဖြစ်ကနေ ပြန်လွတ်လာတဲ့ အမျိုးသမီး တစ်ဦးကလည်း သူ့ကို UNRWA ဝန်ထမ်းတစ်ဦးရဲ့ နေအိမ်ထဲမှာ ချုပ်နှောင်ထားခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ဂူတာရက်စ်က အခုဖြစ်စဉ်ကို လျင်လျင်မြန်မြန်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဖြေရှင်းစေဖို့ လက်ဇာရီနီကို တောင်းဆိုထားကြောင်း ပြောပါတယ်။ အမေရိကန်က လတ်တလောမှာ UNRWAကို ထောက်ပံ့မှု ရပ်ဆိုင်းထားတဲ့အပြင် ဖြစ်စဉ် တစ်ခုလုံးအတွက် စိုးရိမ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေအပေါ် မူတည်ပြီး နောက်ထပ် ဘယ်လို စီမံဆောင်ရွက်မလဲ ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။