Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ ပဋိပက္ခမှာ အမေရိကန် ဝင်မပါဖို့ အီရန်သတိပေး

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပဋိပက္ခမှာ အမေရိကန် ဝင်မပါဖို့ အီရန်သတိပေး
အစ္စရေးနဲ့ ပဋိပက္ခမှာ အမေရိကန် ဝင်မပါဖို့ အီရန်သတိပေး

အစ္စရေးနဲ့ ပဋိပက္ခမှာ ဝင်မပါဖို့ အမေရိကန်ကို အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

ဧပြီ ၁၃ ရက် ညပိုင်းက အီရန်ကနေ အစ္စရေးနိုင်ငံ အနှံ့ကို ဒရုန်းနဲ့ ဒုံးကျည် အစင်း ၃၀၀ ဝန်းကျင်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အမေရိကန်က အစ္စရေးဖက်ကနေ ကူညီရင်း အီရန်ရဲ့ စစ်လက်နက်တွေကို ကြားဖြတ် ပစ်ချပေးခဲ့ပါတယ်။

အဲဒီနောက် ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

အီရန်က ဧပြီ ၁ ရက်နေ့တုန်းက ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့က အီရန် ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ အီရန် စစ်ဘက် အရာရှိတွေ သေဆုံးခဲ့တဲ့အတွက် အခုလို လက်တုံ့ပြန်တာလို့ အကြောင်းပြခဲ့ပါတယ်။ အစ္စရေးကတော့ ဒမတ်စကက်က ကိစ္စနဲ့ ပတ်သက်လို့ ဝန်ခံတာရော၊ ငြင်းဆန်တာရော မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ဒီပဋိပက္ခဟာ အီရန်နဲ့ ရန်သူ အစ္စရေး အစိုးရကြားက ပြဿနာသာဖြစ်ကြောင်း၊ အမေရိကန်ဟာ ခပ်ဝေးဝေးပဲ နေသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်မစ်ရှင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ကတော့ အရှေ့အလယ်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်တွေဟာ အစ္စရေးဆီ ဦးတည်လာနေတဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကူညီ ပစ်ချပေးခဲ့သလို အစ္စရေးအတွက် ခံစစ်ပိုင်းဆိုင်ရာ အကူအညီတွေလည်း ထပ်မံ ပံ့ပိုးပေးခဲ့တယ်လို့ ကြေညာပါတယ်။

တစ်ဖက်မှာတော့ အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ မစ်ရှင်က ကုလသမဂ္ဂ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်အမှတ် ၅၁ အရ အီရန်ဟာ ကိုယ့်နိုင်ငံကို တခြားနိုင်ငံ တစ်ခုက ထိပါးလာရင် တရားဝင် ခုခံ တုံ့ပြန်ခွင့်ရှိတယ်ဆိုတဲ့အတိုင်း တုံ့ပြန်ခဲ့တာလို့ ပြောပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုတွေအပြီး အစ္စရေးက ဘယ်လို ခြေလှမ်းပြင်လာမလဲ ဆိုတာကို မသိရသေးပါဘူး။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အစ္စရေး စစ်တပ်ဟာ အီရန်ရဲ့ တိုက်ရိုက် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင် မှန်းဆပြီး ပြင်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေး စစ်တပ်ရဲ့ အဆိုအရ အီရန် ပစ်လွှတ်ခဲ့တဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေထဲက ၉၉ ရာခိုင်နှုန်းကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: Sky⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...