Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨နယ်သာလန်က လေဆိပ်တစ်ခုမှာ လေယာဉ် အင်ဂျင်ထဲ စုပ်ယူခံရပြီး လူတစ်ဦးသေဆုံး

နယ်သာလန် မီဒီယာတွေကတော့ သေဆုံးသူဟာ လေယာဉ် မထွက်ခွာမီ လိုအပ်တာတွေ ပြင်ဆင်ပေးရတဲ့ လေဆိပ်ဝန်ထမ်း တစ်ယောက်ယောက် ဖြစ်နိုင်တယ်လို့ ခန့်မှန်း ဖော်ပြနေကြပါတယ်။

⁨နယ်သာလန်က လေဆိပ်တစ်ခုမှာ လေယာဉ် အင်ဂျင်ထဲ စုပ်ယူခံရပြီး လူတစ်ဦးသေဆုံး
⁨နယ်သာလန်က လေဆိပ်တစ်ခုမှာ လေယာဉ် အင်ဂျင်ထဲ စုပ်ယူခံရပြီး လူတစ်ဦးသေဆုံး

နယ်သာလန်နိုင်ငံက လေဆိပ်တစ်ခုမှာ လူတစ်ဦး လေယာဉ် ဂျက်အင်ဂျင်ထဲ ဆွဲစုပ်ခံရပြီး သေဆုံးသွားတာကို ခရီးသည်တချို့ ကိုယ်တွေ့ မြင်လိုက်ကြရပါတယ်။

မေလ ၂၉ ရက်နေ့က တော်ဝင်ဒတ်ချ် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် KL1341 လေယာဉ်ဟာ အမ်စတာဒမ် မြို့တော်မှာရှိတဲ့ ရှီဖိုလ် လေဆိပ်မှာ ရှိနေပြီး ဒိန်းမတ်နိုင်ငံ၊ ဘီလ်အွန်မြို့ဆီ ဦးတည် ပျံသန်းဖို့ ပြင်ဆင်နေချိန်မှာ ဆိုးရွားတဲ့ လူသေမှု ဖြစ်ခဲ့တာပါ။

ဖြစ်ရပ်ဆိုးကို မျက်ဝါးထင်ထင် မြင်လိုက်တဲ့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေကို ဂရုတစိုက် နှစ်သိမ့် ကူညီပေးနေသလို ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

နယ်သာလန်ရဲ့ တပ်ထိန်း ရဲတပ်ဖွဲ့ကလည်း သီးခြား စုံစမ်းမှုတွေ အစပြုနေပြီလို့ အတည်ပြုခဲ့ပါတယ်။ လူသေမှုအပြီး လေယာဉ်ပေါ်မှာ ရှိနေတဲ့ ခရီးသည်တွေနဲ့ အမှုထမ်းတွေ အားလုံးကို ရွှေ့ပြောင်းခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ဘယ်သူဘယ်ဝါ ဆိုတာကို မသိရသေးသလို အခုကိစ္စဟာ မတော်တဆလား၊ သေကြောင်းကြံစည်မှုလား ဆိုတာကိုလည်း ပြောဖို့ စောလွန်းနေသေးတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နယ်သာလန် မီဒီယာတွေကတော့ သေဆုံးသူဟာ လေယာဉ် မထွက်ခွာမီ လိုအပ်တာတွေ ပြင်ဆင်ပေးရတဲ့ လေဆိပ်ဝန်ထမ်း တစ်ယောက်ယောက် ဖြစ်နိုင်တယ်လို့ ခန့်မှန်း ဖော်ပြနေကြပါတယ်။

ရှီဖိုလ်ဟာ ဥရောပရဲ့ လေယာဉ်နဲ့ ခရီးသည် အဝင်အထွက် အများဆုံး လေဆိပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မကြာသေးခင်က Rapအဆိုတော် နစ်ကီမာနက်ဂျ်က ရှီဖိုလ်လေဆိပ်မှာ အဖမ်းခံခဲ့ရလို့ နိုင်ငံတကာ သတင်းခေါင်းကြီးပိုင်းတွေပေါ် ရောက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ လကတင် ရှီဖိုလ်မှာ ခရီးသည် အဝင်အထွက် ၅ သန်းခွဲလောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်တုန်းကလည်း အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့မှာ Delta လေကြောင်းလိုင်းရဲ့ လေယာဉ် တစ်စီး အင်ဂျင်ထဲ စုပ်ယူခံရလို့ အသက် ၂၇ နှစ်အရွယ် လေဆိပ်အမှုထမ်းတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: CNA⁩

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။