Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗီယက်နမ် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တွေ ပူတင် လက်မှတ်ရေးထိုး

ပူတင်ကို ဗီယက်နမ်က တခမ်းတနား ကြိုဆိုခဲ့ပြီး စစ်ရေးပြ အခမ်းအနားတွေနဲ့ပါ ဂုဏ်ပြုခဲ့ပါတယ်။ ဒီလိုကြိုဆိုမှုမျိုးကို မနှစ်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မှာလည်း ဗီယက်နမ်က စီစဉ်ပေးခဲ့ဖူးပါတယ်။

ဗီယက်နမ် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တွေ ပူတင် လက်မှတ်ရေးထိုး
ဗီယက်နမ် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တွေ ပူတင် လက်မှတ်ရေးထိုး

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ သူ့ရဲ့ အာရှ နှစ်နိုင်ငံ ခရီးစဉ် ဒုတိယပိုင်းအဖြစ် ဗီယက်နမ်ကို ရောက်ရှိခဲ့ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တွေကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ပူတင်ဟာ မြောက်ကိုရီးယားမှာ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်နဲ့ တွေ့ဆုံပြီး ကာကွယ်ရေး စာချုပ် လက်မှတ် ရေးထိုးခဲ့တဲ့နောက် ဇွန်လ ၂၀ ရက်နေ့က အရှေ့တောင်အာရှ ဒေသတွင်းမှာ ရှိနေတဲ့ ဗီယက်နမ်ဆီ ခရီးဆန့်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ခရီးစဉ်အတွင်း ပူတင်ဟာ ဗီယက်နမ် သမ္မတ တိုလင်မ်နဲ့အတူ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာ၊ ရေနံနဲ့ဓာတ်ငွေ့ တူးဖော်ရေး၊ ကျန်းမာရေး ကဏ္ဍတွေ တိုးမြှင့်ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူ စာချုပ်တွေကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

လေ့လာသူတွေက ယူကရိန်းကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ကြုံနေရတဲ့ ရုရှားဟာ အာရှဒေသတွင်းမှာ သံတမန်ရေးရာ မိတ်ဖက်အသစ်တွေ ရှာဖွေဖို့ ပိုမို အားထည့် လုပ်ဆောင်နေဟန် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

ဗီယက်နမ် သမ္မတက သူနဲ့ ပူတင်ဟာ မျက်မှောက်ကာလ နိုင်ငံတကာ အရေးအခင်းတွေက ကြုံနေကျ မဟုတ်တဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို ဖြစ်ပေါ်လာစေတာကြောင့် အနာဂတ်မှာ ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက်ပါ ရုရှား-ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်နိုင်ရေး နည်းလမ်းရှာကြဖို့ သဘောတူ ကတိပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

ပူတင်ကို ဗီယက်နမ်က တခမ်းတနား ကြိုဆိုခဲ့ပြီး စစ်ရေးပြ အခမ်းအနားတွေနဲ့ပါ ဂုဏ်ပြုခဲ့ပါတယ်။ ဒီလိုကြိုဆိုမှုမျိုးကို မနှစ်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မှာလည်း ဗီယက်နမ်က စီစဉ်ပေးခဲ့ဖူးပါတယ်။

ပူတင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့တော့ ဗီယက်နမ်ဆိုင်ရာ အမေရိကန် သံရုံးက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားကို အားပေးအားမြှောက် ဖြစ်စေမယ့် ပုံစံမျိုး ဘယ်နိုင်ငံကမှ မလုပ်ဆောင်သင့်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

ရုရှားနဲ့ ဗီယက်နမ်တို့ဟာ ၁၉၅၀ မှာ သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး နောက်ထပ် နှစ်ပေါင်း ၃၀ ကြာပြီးတဲ့ အချိန်မှာတော့ နှစ်နိုင်ငံ မိတ်ဖက်အဖြစ် ရပ်တည်မယ့် ချစ်ကြည်ရေး စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း

စစ်အုပ်စုကို ကူညီ​နေတဲ့ ကုမ္ပဏီနဲ့ ပုဂ္ဂိုလ်​တွေဟာ စစ်ရာဇဝတ်မှုအား​ပေးသူ​တွေဖြစ်တာ​ကြောင့်အ​ရေးယူ​ပေးဖို့တိုက်တွန်း

ဆောင်းပါး

ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ