Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟာဆီနာကို လူသတ်မှု အဓိက တရားခံအဖြစ် စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ လူသတ်မှုတွေအတွက် အဓိက စေခိုင်းသူအဖြစ် မျက်ကွယ်မှာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာဟာ လူသတ်မှုတွေအတွက် အဓိက စေခိုင်းသူအဖြစ် မျက်ကွယ်မှာ စုံစမ်းစစ်ဆေးမှုတွေ ခံနေရပြီ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြသူ အများစု အပါအဝင် လူ ၄၀၀ ကျော် သေဆုံးခဲ့တဲ့အပေါ် အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဟာဆီနာကို အဓိက အမိန့်ပေးသူအဖြစ် အစိုးရ အမှုစစ်တွေက စွပ်စွဲထားပါတယ်။

ဇူလိုင်လတုန်းက ဒါကာမြို့တော်မှာ ဖြစ်ပွားတဲ့ ဆန္ဒပြပွဲတွေကို အပြင်းအထန် ဖြိုခွင်းခဲ့တာတွေနဲ့ ပတ်သက်ပြီး ဟာဆီနာ လက်ထက်က အစိုးရ အဖွဲ့ဝင် ၆ ဦးလည်း စစ်ဆေးမေးမြန်း ခံနေရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းမှာ အုံကြွမှုတွေ အားကောင်းလာတဲ့နောက် ဟာဆီနာဟာ ဩဂုတ် ၅ ရက်နေ့မှာ ရာထူးကနေ ကတိုက်ကရိုက် နုတ်ထွက်ပြီး အိမ်နီးချင်း အိန္ဒိယ နိုင်ငံဆီ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါတယ်။

သူ့ကို လူသတ်မှု အဓိက တရားခံ တစ်ဦးအဖြစ် စုံစမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဟာဆီနာက နိုင်ငံကနေ ထွက်ပြေးလာတဲ့နောက်ပိုင်း ပထမဆုံး တရားဝင် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာတော့ သူနုတ်ထွက်ခဲ့ရတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့လည်း စုံစမ်းစစ်ဆေးဖို့၊ တကယ်တမ်း အပြစ်ရှိသူတွေကို တိတိကျကျ ဖော်ထုတ်ပြီး အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် လှုပ်ခတ်တဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရပြီး သွေးချောင်းစီး အခြေအနေတွေ ကြုံတွေ့ခဲ့ပါတယ်။ သေဆုံးသူ ၄၀၀ ကျော်လောက်ထဲက အများစုဟာ ရဲတွေ ပစ်သတ်တာကို ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

လူထုကိုယ်စား ဟာဆီနာကို စွဲချက်တင်ဖို့ အဆိုပြုခဲ့သူ ရှေ့နေ မာမွန်မီရာက ဒါကာမြို့ တရားရုံးဟာ ရဲတပ်ဖွဲ့ အနေနဲ့ လူသတ်မှု စွပ်စွဲချက်မှာ ပါဝင် အစစ်ဆေးခံဖို့ ညွှန်ကြားထားတယ်လို့လည်း ပြောကြားသွားပါတယ်။

လောလောဆယ် ဘင်္ဂလားဒေ့ရှ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မူဟာမက် ယူနွတ်စ် ဦးဆောင်တဲ့ ကြားကာလ အစိုးရက တာဝန်ယူ အုပ်ချုပ်နေပြီး နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် ကြိုးစား ထိန်းညှိနေပါတယ်။ ဒါပေမဲ့လည်း ဟာဆီနာ ခေတ်အလွန် ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူ ဘာသာဝင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ နောက်ဆက်တွဲ ပြဿနာမျိုးတွေ ခေါင်းထောင်လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ ဟိန္ဒူ လူ့အသိုက်အဝန်းဟာ ဟာဆီနာကို အမာခံ အားပေး ထောက်ခံသူတွေအဖြစ် သတ်မှတ်ခံရတာကြောင့် အခုလို အငြှိုးထား ရန်ပြုမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။

Facebook