Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာ လက်နက်ရုံကို အစ္စရေး ဖျက်ဆီး၊ ဟစ်ဇ်ဘိုလာတွေက ဒုံးကျည် ရာနဲ့ချီ ပစ်ခတ်ပြီး တုံ့ပြန်

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ဒုံးကျည် ရာဂဏန်းလောက် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

အစ္စရေးနိုင်ငံ မြောက်ပိုင်းကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ဒုံးကျည် ရာဂဏန်းလောက် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။

ဩဂုတ် ၂၀ ရက်နေ့တုန်းက ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည် ၁၁၅ စင်းအပြင် ဒရုန်းတချို့နဲ့ပါ တနေကုန် ပစ်ခတ်နေခဲ့တယ်လို့ အစ္စရေး စစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက ဒုံးကျည်တချို့ကိုတော့ လေထဲမှာတင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ပွဲ စတင်လာချိန် ကတည်းက အစ္စရေး မြောက်ပိုင်းနဲ့ ထိစပ်နေရာ လက်ဘနွန် နယ်စပ်မှာ ဟစ်ဇ်ဘိုလာတွေနဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လမှာ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်း တစ်ဦးကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုနဲ့ လုပ်ကြံခဲ့တဲ့နောက် နှစ်ဖက် တင်းမာမှုက အမြင့်ဆုံးအဆင့် ရောက်လာပါတယ်။

အစ္စရေး အစိုးရက သူတို့ရဲ့ စစ်ရေး အာရုံစိုက်မှုကို ဂါဇာကနေ မြောက်ပိုင်းနယ်စပ်ဆီ ပြောင်းလဲဖို့ စဉ်းစားနေပြီလို့ ခြိမ်းခြောက် သတိပေးထားတဲ့ အခြေအနေမှာပဲ ဟစ်ဇ်ဘိုလာတွေက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်က လက်ဘနွန် အရှေ့ပိုင်း ဘက်ကာ တောင်ကြားမှာရှိတဲ့ ဟစ်ဇ်ဘိုလာ လက်နက်ရုံ တစ်ခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက် ဖျက်ဆီးခဲ့ပြီးတဲ့နောက် ဟစ်ဇ်ဘိုလာတွေဖက်ကလည်း အခုလို တုံ့ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အခုတိုက်ခိုက်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ အစ္စရေးဟာ ဂါဇာစစ်ပွဲ စတင်ချိန် ကတည်းက လက်ဘနွန်နဲ့ နယ်စပ်မှာ နေထိုင်တဲ့ ဒေသခံတွေကို ကြိုတင် ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။ ဩဂုတ် ၂၀ ရက်နေ့ကတော့ နယ်စပ်တဝိုက် မြို့ရွာတွေမှာ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ ဆူညံနေခဲ့တယ်လီု့ ဆိုပါတယ်။

အီရန် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာတွေဟာ ဂါဇာအခြေစိုက် ဟားမားစ်တွေလိုပဲ အစ္စရေးနဲ့ ကမ္ဘာ့ရန်အဖြစ် ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့လက ဘေရွတ်မြို့တော်မှာ ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ဦးစီး ဖျူယက်ဒ် ဆူခါဟာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး အဲဒီကတည်းက ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးကို အတိုင်းအတာ ပမာဏ ကြီးကြီးမားမားနဲ့ လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

ဂါဇာစစ်ပွဲ ကာလတလျှောက် ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်နဲ့ ဆီးရီးယားတို့မှာ နေရာယူပြီး အစ္စရေး တပ်တွေနဲ့ အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် အစ္စရေးဖက်က အရပ်သား ၂၆ ဦးနဲ့ IDF တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ပြီး ဟစ်ဇ်ဘိုလာဖက်က ၄၀၀ ကျော် အကျအဆုံး ရှိခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters, Times of Israel⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီတွေ) အများအပြား ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လက်ဘနွန် နိုင်ငံအနှံ့မှာ pager ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာက လူ ၉ ဦး သေဆုံးပြီး ၃၀၀၀ လောက် ဒဏ်ရာရခဲ့တဲ့နောက် ဒီတိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၆ ဦး သေဆုံးသွားတယ် ဆိုတာကို အတည်ပြု ကြေညာခဲ့တဲ့နောက် စစ်ပွဲနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုကို မကျေမနပ် ဆန္ဒပြမှုတွေ အစ္စရေးမှာ ပေါ်ပေါက်လာပါတယ်။