Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားတပ်တွေ ရုရှားမှာ စတင်ဖြန့်ကျက်နေပြီလို့ NATO အတည်ပြု

လက်ရှိ အခြေအနေအရတော့ မြောက်ကိုရီးယား တပ်တွေဟာ ယူကရိန်း ပိုင်နက်ထဲထိ ဝင်ရောက်လာတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

မြောက်ကိုရီးယားတပ်တွေ ရုရှားမှာ စတင်ဖြန့်ကျက်နေပြီလို့ NATO အတည်ပြု
မြောက်ကိုရီးယားတပ်တွေ ရုရှားမှာ စတင်ဖြန့်ကျက်နေပြီလို့ NATO အတည်ပြု

မြောက်ကိုရီးယား တပ်တွေဟာ ရုရှားပိုင်နက်ထဲမှာ စစ်ဆင်ရေးအဆင့် စတင် ဖြန့်ကျက်နေပြီ ဖြစ်တယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပထမဆုံးအကြိမ် အတည်ပြု ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားတပ်တွေဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းမှာ စစ်သင်တန်း တက်ခဲ့တဲ့နောက် အခုဆိုရင် ရုရှားနိုင်ငံ အနောက်ဖက်စွန်း၊ ယူကရိန်းနဲ့ နယ်စပ်မှာ ရှိနေတဲ့ ကာ့စ်ခ်ဒေသမှာ စတင် ဖြန့်ကျက်ထားပြီလို့ NATO အကြီးအကဲ မတ်ခ်ရူတေးက ဆိုပါတယ်။

ကာ့စ်ခ်ဟာ ယူကရိန်း စစ်တပ်က ရုရှား ကျူးကျော်မှုကို တန်ပြန်ဖို့ ရုရှားပိုင်နက်ထဲ ထိုးဖောက် တိုက်ခိုက်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ရူတေးဟာ တောင်ကိုရီးယား လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို သီတင်းပတ်တချို့ကြာ စုဆောင်းထားတဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို ကိုးကားပြီး ကာ့စ်ခ်မှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်နေတဲ့ ကိစ္စကို အောက်တိုဘာ ၂၈ ရက်နေ့မှာ အတည်ပြုခဲ့တာပါ။

ဒီကိစ္စဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ပိုမို အရှိန်မြင့်တက်လာစေနိုင်သလို စစ်ဘောင်ကိုလည်း ပိုကျယ်သွားစေနိုင်တယ်လို့ ရူတေးက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အခြေအနေအရတော့ မြောက်ကိုရီးယား တပ်တွေဟာ ယူကရိန်း ပိုင်နက်ထဲထိ ဝင်ရောက်လာတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မြောက်ကိုရီးယားတပ်တွေ ရုရှားကို စတင်ရောက်ရှိနေပြီဆိုတဲ့ သတင်းတွေကို မှတ်ချက်ပေးဖို့ ငြင်းဆိုသွားခဲ့ပါတယ်။ ဒီကိစ္စဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားရဲ့ ဆုံးဖြတ်ပိုင်ခွင့်လို့ ပူတင်က ဆိုပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ယူကရိန်း စစ်ပွဲကာလမှာ သိသိသာသာ ဆက်ဆံရေး နွေးထွေးလာပြီး ရုရှားအတွက် မြောက်ကိုရီးယားက ဒုံးကျည်တွေ ထောက်ပံ့ ရောင်းချပေးခဲ့ပါတယ်။ အခုအခါမှာတော့ မြောက်ကိုရီးယား စစ်သည်တွေကိုပါ စေလွှတ်ပေးတဲ့ အခြေအနေထိ အဆင့်တက်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား စစ်သည် အရေအတွက် ဘယ်လောက်ထိ ရုရှားကို ရောက်နေပြီလဲဆိုတာ တိတိကျကျ မသိရသေးပေမယ့် တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကတော့ လဆန်းပိုင်းမှာတင် အင်အား ၁၅၀၀ လောက် ရုရှားကို စရောက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားအရှေ့ပိုင်းမှာ စစ်သင်တန်း တက်နေတဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် အရေအတွက် ၁၀၀၀၀ လောက်ထိ များပြားနိုင်တယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။