Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား စစ်သားတွေ ရုရှားကို ရောက်နေတယ်ဆိုတဲ့ သတင်းတွေကို ပူတင် တိုက်ရိုက် အဖြေမပေး

မြောက်ကိုရီးယား တပ်တွေ ရုရှားကို ရောက်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တိုက်ရိုက် အဖြေပေးဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယား တပ်တွေ ရုရှားကို ရောက်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တိုက်ရိုက် အဖြေပေးဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာ BRICS ညီလာခံနဲ့ ဆက်စပ်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပူတင်ဟာ နိုင်ငံတကာ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို လက်ခံ ဖြေကြားသွားခဲ့ပါတယ်။

သတင်းထောက်တွေက ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်ကနေ ကူညီတိုက်ခိုက်ပေးဖို့ မြောက်ကိုရီးယား စစ်သားတွေ ရုရှားကို ရောက်ရှိပြီး စစ်သင်တန်း တက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပူတင်ကို မေးမြန်းတဲ့အခါ ရုရှားသမ္မတက တိုက်ရိုက် ငြင်းဆိုတာ၊ ဝန်ခံတာ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီအစား ပူတင်က ဒီကိစ္စတွေဟာ မြောက်ကိုရီးယားနဲ့ ရုရှားကြား ချုပ်ဆိုထားတဲ့ ကာကွယ်ရေး မူဝါဒဆိုင်ရာ သဘောတူ စာချုပ်တွေနဲ့သာ သက်ဆိုင်တယ်လို့ ဖြေကြားသွားပါတယ်။

ပူတင်က အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ပြဿနာတွေကို ပိုဆိုးလာအောင် မီးမွှေးနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ သူက တကယ်လို့ စစ်ပွဲမှာ အနောက်နိုင်ငံတွေဟာ ရုရှားကို မဟာဗျူဟာအရ အနိုင်ယူ ဖိနှိပ်နိုင်ခဲ့မယ်လို့ ယူဆရင်တော့ စိတ်ကူးယဉ် ဆန်လွန်းရာ ရောက်နေလိမ့်မယ်လို့လည်း သတိပေးသွားပါတယ်။

ရုရှားနိုင်ငံ ပိုင်နက်ထဲ မြောက်ကိုရီးယားစစ်သည် ၃၀၀၀ လောက် ရောက်ရှိပြီး စစ်သင်တန်း တက်နေတဲ့ အထောက်အထားတွေ ရရှိထားကြောင်း၊ သူတို့ဟာ ယူကရိန်း စစ်မြေပြင်ကို ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေ အရမ်းများကြောင်း အမေရိကန် အစိုးရက အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေးကတော့ ရုရှား အရှေ့ဖျားမှာ မြောက်ကိုရီးယား တပ်တွေကို စစ်သင်တန်း ပေးနေရုံသာ မကဘဲ တချို့ မြောက်ကိုရီးယား တပ်သားတွေဟာ ရုရှား အနောက်ဖျားမှာရှိတဲ့ ကာ့စ်ခ်ဒေသမှာတောင် စတင်ဖြန့်ကျက်နေပြီလို့ ပြောပါတယ်။ ကာ့စ်ခ်ဟာ ရုရှားကို တန်ပြန်ထိုးနှက်ဖို့ ယူကရိန်းက ဩဂုတ်လဆန်းကစပြီး ရုရှားပိုင်နက်ထဲ ထိုးဖောက်ဝင်ရောက်ဖို့ ရွေးချယ်ခဲ့တဲ့ ရုရှားနယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့် ကာ့စ်ခ်မှာ မြောက်ကိုရီးယား စစ်သားတွေကို ဖြန့်ကျက်မယ်ဆိုရင် ယူကရိန်း တပ်တွေနဲ့ ထိပ်တိုက်တိုးလာနိုင်တဲ့ သဘောပါပဲ။

ယူကရိန်း စစ်ထောက်လှမ်းရေးကတော့ အခုအခါ ရုရှားမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၂၀၀၀ ဝန်းကျင်လောက် ရောက်ရှိနေပြီဖြစ်ပြီး အဲဒီထဲမှာ အရာရှိ ၅၀၀ ဝန်းကျင်နဲ့ ဗိုလ်ချုပ် အဆင့် ၃ ဦး ပါဝင်ကြောင်း၊ အဲဒီ တပ်ဖွဲ့ဝင်တွေဟာ ရုရှား စစ်အခြေစိုက် စခန်း ၅ ခုဆီ ခွဲဝေရောက်ရှိပြီး စစ်သင်တန်း တက်နေကြတယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။