Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲ အစောပိုင်းရလဒ်တွေမှာ ထရမ့်ဦးဆောင်နေ

လက်ရှိ ရေတွက်ပြီးသမျှ မဲအားလုံးရဲ့ အနေအထားအရ ထရမ့်ရရှိတဲ့ မဲအရေအတွက်ကလည်း ဟားရစ်ထက် သာလွန်နေတယ်လို့ ဆိုပါတယ်။

အမေရိကန် ရွေးကောက်ပွဲ အစောပိုင်းရလဒ်တွေမှာ ထရမ့်ဦးဆောင်နေ
အမေရိကန် ရွေးကောက်ပွဲ အစောပိုင်းရလဒ်တွေမှာ ထရမ့်ဦးဆောင်နေ

People’s Spring

အမေရိကန် ရွေးကောက်ပွဲရဲ့ မဲရေတွက်မှု ပြီးစီးသလောက် ဖြစ်နေတဲ့ ပြည်နယ်တွေ အနေအထားအရ အစောပိုင်းမှာ ဒေါ်နယ်လ်ထရမ့်က အသာစီး ရနေပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပ ပြီးစီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲအပြီး တချို့ပြည်နယ်တွေမှာ ဘယ်သမ္မတလောင်း အနိုင်ရသလဲဆိုတာ အတိအကျ ခန့်မှန်းလို့ ရနေပြီဖြစ်ပြီး တချို့ပြည်နယ်တွေမှာတော့ မဲရေတွက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ အနေအထားအရတော့ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း ထရမ့်ဟာ ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ပြိုင်ဘက်၊ လက်ရှိ ဒုတိယ သမ္မတအပေါ် အသာစီး ရနေတယ်လို့ AP သတင်းဌာနက အချိန်နဲ့ တပြေးညီ စောင့်ကြည့်တဲ့ မဲရလဒ် အနေအထားအရ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အသာစီးရမှုကြောင့် သေချာပေါက် ထရမ့်က ရွေးကောက်ပွဲ အနိုင်ရမယ်လို့ အတိအကျတော့ မပြောနိုင်သေးပါဘူး။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းထိ အခြေအနေအရ ပြည်နယ်တွေအလိုက် ခွဲတမ်းသတ်မှတ်ထားတဲ့ ကိုယ်စားလှယ်မဲ သတ်မှတ်ချက်တွေထဲမှာ ထရမ့်က ၁၇၇ နေရာ အနိုင်ရပြီး ဦးဆောင်နေချိန် ဟားရစ်က ၉၉ နေရာသာ ရရှိပါသေးတယ်။ အမေရိကန် ရွေးကောက်ပွဲရဲ့ စည်းမျဉ်းတွေအရ ပြည်နယ် တစ်ခုချင်းစီမှာ အနိုင်ရတဲ့ သမ္မတလောင်းဟာ အဲဒီပြည်နယ်အတွက် ခွဲတမ်း သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်နေရာ အားလုံးကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်နေရာ ၂၇၀ အထက် ရရှိတဲ့ ပုဂ္ဂိုလ်က သမ္မတနေရာကို ရရှိမှာပါ။

ထရမ့်ဟာ တက္ကဆက်စ်နဲ့ ဖလော်ရီဒါတို့လို ပြည်နယ်တွေမှာ အသာစီး အနေအထား ရခဲ့ခြင်းကြောင့် အဲဒီ ပြည်နယ် နှစ်ခုတည်းကတင် ကိုယ်စားလှယ်မဲပေါင်း ၇၀ လောက် ရရှိသွားတဲ့ သဘောဖြစ်ပါတယ်။ ဟားရစ်ကတော့ နယူးယောက်လို ပြည်နယ်တွေမှာ အသာရထားပြီး ပင်ဆယ်လ်ဗေးနီးယား၊ မစ်ချီဂန်တို့လို ပြည်နယ်တွေမှာလည်း ဦးဆောင်နေပေမယ့် ပြိုင်ဘက်ရဲ့ ဦးဆောင်မှုက စိုးရိမ်လောက်စရာ ဖြစ်လာနေပါတယ်။

လက်ရှိ ရေတွက်ပြီးသမျှ မဲအားလုံးရဲ့ အနေအထားအရ ထရမ့်ရရှိတဲ့ မဲအရေအတွက်ကလည်း ဟားရစ်ထက် သာလွန်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ မဲတွေ ရေတွက်နေဆဲ အခြေအနေမှာ သမ္မတလောင်း နှစ်ဦးစလုံးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ထရမ့်ဟာ အမေရိကန် သမ္မတအဖြစ် ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ တာဝန်ယူခဲ့ဖူးပြီး တကယ်လို့ အခုရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အိမ်ဖြူတော်ဆီ ဒုတိယအကြိမ် ပြန်လာနိုင်မယ့် သဘောပါ။ ဟားရစ် အနိုင်ရခဲ့မယ် ဆိုရင်တော့ အမေရိကန် သမိုင်းမှာ ပထမဆုံးသော အမျိုးသမီး သမ္မတ အနေနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။