Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲ တရားဝင်စတင်

အမေရိကန် ရွေးကောက်ပွဲအဖွင့် ပထမဆုံး မဲပေးသူ ၆ ယောက်မှာ ကာမာလာဟားရစ်နဲ့ ဒေါ်နယ်လ်ထရမ့်တို့ကို ၃ ယောက်စီက အညီအမျှ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန် ရွေးကောက်ပွဲ တရားဝင်စတင်
အမေရိကန် ရွေးကောက်ပွဲ တရားဝင်စတင်

တစ်ကမ္ဘာလုံး စိတ်ဝင်တစား စောင့်ဆိုင်းနေခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲဟာ အခုအခါ စတင်နေပြီ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းတုန်းက နယူးဟမ့်ရှိုင်းယားပြည်နယ်၊ ဒစ္စဇီးလ်နော့တ်ချ်မြို့ရဲ့ မဲရုံကို စတင်ဖွင့်လှစ်ပြီး ဒေသခံတွေ မဲပေးခြင်းက ၂၀၂၄ ရွေးကောက်ပွဲကို တရားဝင် စတင်ဖွင့်လှစ်လိုက်ခြင်း အဖြစ်လည်း မှတ်မ်း ဝင်ခဲ့ပါတယ်။

အမေရိကန် အရှေ့မြောက်ပိုင်း ဒေသမှာရှိတဲ့ မြို့ငယ်လေးရဲ့ မဲရုံထဲမှာ မဲစာရင်း မှတ်ပုံတင်ထားသူ ၆ ဦးက သန်းခေါင်အကျော်မှာ စတင် မဲပေးခဲ့ကြပါတယ်။ အဲဒီ အလေ့အထဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကတည်းက ဒစ္စဇီးနော့တ်မှာ အစဉ်အလာ တစ်ခုအဖြစ် ကျင့်သုံးလာတာလို့ ဆိုပါတယ်။

ပြီးတော့ အဲဒီ အမေရိကန် ရွေးကောက်ပွဲအဖွင့် ပထမဆုံး မဲပေးသူ ၆ ယောက်မှာ ကာမာလာဟားရစ်နဲ့ ဒေါ်နယ်လ်ထရမ့်တို့ကို ၃ ယောက်စီက အညီအမျှ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ ဟားရစ်တို့ထဲက ဘယ်သူဟာ အမေရိကန် သမ္မတသစ် ဖြစ်လာမလဲ ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲကြီး မစတင်ခင် ကတည်းက နိုင်ငံအနှံ့ မဲရုံတွေ တဝိုက်မှာ လုံခြုံရေး အစီအမံတွေ တင်းကျပ်ထားပါတယ်။

အမေရိကန် အနှံ့က တခြားပြည်နယ်တွေက မဲရုံတွေကတော့ နိုဝင်ဘာ ၅ ရက် မနက်အစောပိုင်းမှ စတင်ဖွင့်လှစ်ပြီး ညနေပိုင်းထိ ဆက်လက် ဖွင့်ထားဦးမှာ ဖြစ်ပါတယ်။ အခုနှစ် ရွေးကောက်ပွဲမှာတော့ စုစုပေါင်း အမေရိကန်ပြည်သူ ၈၂ သန်းဟာ ကြိုတင်မဲပေးထားခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ရွေးကောက်ပွဲကြို လူထုအမြင် စစ်တမ်းတွေ အရတော့ သမ္မတလောင်း နှစ်ဦးအပေါ် လူထုထောက်ခံမှုဟာ ကွာဟချက် အရမ်းကျဉ်းမြောင်းနေခဲ့ပြီး ဘယ်သူအနိုင်ရမလဲ ဆိုတာကို ကြိုခန့်မှန်းဖို့ မလွယ်တဲ့ ပြိုင်ပွဲအသွင် ဆောင်နေခဲ့ပါတယ်။

အခုရွေးကောက်ပွဲဟာ အမေရိကန် သမ္မတသစ်ကို အဆုံးအဖြတ် ပေးဖို့ တစ်ခုတည်းတင် မဟုတ်ဘဲ တချို့ပြည်နယ်တွေမှာ လွှတ်တော်အမတ် နေရာတွေအတွက်ပါ တစ်ပါတည်း မဲပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ် တချို့ကလည်း ကိုယ်ဝန်ဆောင်မှု လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေ သတ်မှတ်ချက်တွေအတွက် မဲပေးဆုံးဖြတ်မှု ခံယူစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။