Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကျွန်းကို ပျံသန်းပြေးဆွဲတဲ့ လေယာဉ်ခရီးစဉ်တွေ ဆိုင်းငံ့ထားရ

မီးတောင်ပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှား နိုင်ငံရဲ့ ကမ္ဘာကျော် အပန်းဖြေကျွန်း ဘာလီဆီ ပျံသန်းပြေးဆွဲတဲ့ လေယာဉ် ခရီးစဉ် အများအပြား ဆိုင်းငံ့ထားရကြောင်း သိရပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် အင်ဒိုနီးရှား နိုင်ငံရဲ့ ကမ္ဘာကျော် အပန်းဖြေကျွန်း ဘာလီဆီ ပျံသန်းပြေးဆွဲတဲ့ လေယာဉ် ခရီးစဉ် အများအပြား ဆိုင်းငံ့ထားရကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ဩစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူတို့ကနေ ဘာလီကျွန်းဆီ ပျံသန်းပြေးဆွဲတဲ့ ခရီးစဉ် အားလုံး အသွားရော၊ အပြန်ပါ ရပ်ဆိုင်းထားဖို့ အဲဒီနိုင်ငံ အသီးသီးရဲ့ လေကြောင်းလိုင်းတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

အကြောင်းကတော့ ဘာလီကျွန်းနားက မီးတောင်တစ်ခု ပေါက်ကွဲပြီး ကောင်းကင်အထက် ကီလိုမီတာ အများအပြားထိ မြင့်မားတဲ့ ချော်ပြာတွေကို မှုတ်ထုတ်နေတာကြောင့် ဖြစ်ပါတယ်။ ဩစတြေးလျရဲ့ Jetstar၊ Qantasနဲ့ Virgin Australia လေကြောင်းလိုင်းတွေဟာ အခုသီတင်းပတ်မှာ လျူဝိုတိုဘီ လာကီလာကီ မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီကို အသွားအပြန် ပြေးဆွဲမှု ခရီးစဉ်အားလုံး ရပ်နားထားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Jetstarက ဘာလီကို အသွားအပြန် ခရီးစဉ် အားလုံးကို အနည်းဆုံး နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းထိ ရပ်နားထားပြီး အခြေအနေ စောင့်ကြည့်မယ်လို့ ဆိုပါတယ်။ တခြား ဩစတြေးလျ လေကြောင်းလိုင်းတွေနဲ့ အာရှနိုင်ငံ တချို့ရဲ့ ခရီးသည်တင် လေကြောင်းလိုင်းတွေကလည်း လုံခြုံရေး ကဏ္ဍကို အလေးထားပြီး ခရီးစဉ်တွေ ဆိုင်းငံ့ထားဖို့ အသီးသီး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

လျူဝိုတိုဘီ လာကီလာကီ မီးတောင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၁၇၀၃ မီတာမြင့်ပြီး ထိပ်ဝနှစ်ခုနဲ့ မီးတောင် ပေါက်ကွဲမှုတွေကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရခဲ့သလို ၁၁၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်း အင်ဒိုနီးရှား အရေးပေါ် ကယ်ဆယ်ရေး ဌာနက ထုတ်ပြန်ထားပါတယ်။

မီးတောင်ပေါက်ကွဲမှုတွေဟာ အနီးတဝိုက် လေပိုင်နက်ထဲ လေယာဉ်ပျံသန်းမှုတွေကို ကြီးကြီးမားမား အနှောင့်အယှက် ဖြစ်စေပြီး ချော်ပြာတွေ လေယာဉ်အင်ဂျင်ထဲ ဝင်ရောက်ခြင်းက အန္တရာယ် ကြီးလွန်းသလို လေယာဉ်ရဲ့ လေကာမှန်တွေကို မှုန်ဝါးပြီး မြင်ကွင်း မရှင်းမလင်း ဖြစ်စေတဲ့ ပြဿနာမျိုးလည်း ရှိနေကြောင်း သိရပါတယ်။

ကိုးကား: EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။