Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ တရုတ်လေယာဉ်တွေ ချဉ်းကပ်မှုကြောင့် တောင်ကိုရီးယား တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရ

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက လေပိုင်နက် ချဉ်းကပ်ပျံသန်းမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့် စေခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက လေပိုင်နက် ချဉ်းကပ်ပျံသန်းမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့် စေခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့က တရုတ်နဲ့ ရုရှားတို့ရဲ့ စုစုပေါင်း စစ်လေယာဉ် ၁၁ စီးဟာ တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်မှာရှိတဲ့ လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ် ဧရိယာ (KADIZ)ထဲ ဖြတ်ပျံခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အရှေ့ဖက်နဲ့ တောင်ဖက် ကမ်းလွန် ပင်လယ်ပြင်တွေမှာ ရုရှားလေယာဉ် ၆ စီးနဲ့ တရုတ်လေယာဉ် ၅ စီးတို့ ဖြတ်ပြီး ပျံသန်းခဲ့ကြတာလို့ တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှုဌာန (JCS)ရဲ့ ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

လေကြောင်း ကာကွယ်ရေးဇုန် ဆိုတာဟာ နိုင်ငံတစ်ခုရဲ့ လေပိုင်နက်ထက် ပိုမိုကြီးမား ကျယ်ပြန့်အောင် သတ်မှတ်ထားပြီး ရည်ရွယ်ချက် မသိရဘဲ ချဉ်းကပ်လာတဲ့ လေယာဉ်တွေ လေပိုင်နက်ထဲ ရောက်မလာခင် ကြားဖြတ်စစ်ဆေးဖို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက နှစ်နိုင်ငံ ပူးပေါင်းပြီး စစ်လေယာဉ်တွေ ပျံသန်းခဲ့တာဟာ နဝမ အကြိမ်မြောက် ပူးပေါင်းကင်းလှည့်မှုလို့ ကြေညာခဲ့ပြီး ဂျပန်ပင်လယ်ပြင် အထက်မှာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်ပင်လယ်ကို တောင်ကိုရီးယားမှာ အရှေ့ပင်လယ်လို့ ခေါ်ဝေါ်ပါတယ်။

တောင်ကိုရီးယားကတော့ တရုတ်နဲ့ ရုရှား လေယာဉ်တွေဟာ တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ် ဧရိယာထဲ ကြိုတင် အကြောင်းမကြားဘဲ ဝင်ရောက်လာပြီး အချိန်အတော်ကြာ ပျံသန်းခဲ့တဲ့ လုပ်ရပ်အတွက် စိတ်ပျက်တယ်လို့ ဝေဖန်ထားခဲ့ပါတယ်။ နောက်ပြီး အဲဒီလေယာဉ်တွေကို စောင့်ကြည့်ဖို့ တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေခဲ့တယ် ဆိုတာကိုလည်း အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်နီးပါးတုန်းက ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ခဲ့တဲ့နောက်ပိုင်း တရုတ်-ရုရှား စစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက တဖြည်းဖြည်းချင်း မြင့်တက်လာနေပါတယ်။

ရုရှားဟာ တစ်ဖက်မှာလည်း တရုတ်မဟာမိတ် မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်းမှုတွေကို သိသိသာသာ အရှိန်မြှင့်ခဲ့ပြီး အခုအခါ စစ်ပွဲမှာ ရုရှားကို ကူညီတိုက်ခိုက်ဖို့ မြောက်ကိုရီးယားက စစ်သည် ထောင်သောင်းချီ တပ်ကူပေးပို့ စေလွှတ်ထားတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲ ပြောကြားထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

Facebook