Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ့်လေယာဉ်ကိုယ် ပစ်ချခဲ့တဲ့ အမေရိကန် စစ်သင်္ဘောဟာ ဒုတိယ တိုက်လေယာဉ်ကိုပါ ပစ်ချမိလုနီးပါး ဖြစ်ခဲ့တယ်လို့ဆို

အမေရိကန် ရေတပ်ဟာ တစ်နေ့တည်းနဲ့ တိုက်လေယာဉ် နှစ်စီးထိ အချင်းချင်း မှားယွင်း ပစ်ချမိလုနီးပါး အခြေအနေနဲ့ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ရေတပ်ဟာ တစ်နေ့တည်းနဲ့ တိုက်လေယာဉ် နှစ်စီးထိ အချင်းချင်း မှားယွင်း ပစ်ချမိလုနီးပါး အခြေအနေနဲ့ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက ပင်လယ်နီထဲမှာ အမေရိကန် ရေတပ်ရဲ့ F/A-18 တိုက်လေယာဉ် တစ်စီးဟာ အမေရိကန် ရေတပ် သင်္ဘောတစ်စီး ပစ်ခတ်လိုက်တဲ့ ဒုံးကျည် ထိမှန်ပျက်ကျခဲ့ပြီး လေယာဉ်မှူး နှစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အဲဒီတုန်းက USS Harry S. Truman လေယာဉ်တင် သင်္ဘောပေါ်မှာ အခြေစိုက်တဲ့ တိုက်လေယာဉ်ဟာ မိခင်ရေယာဉ်နား ချဉ်းကပ်လာချိန် လေယာဉ်တင် သင်္ဘောရဲ့ အခြံအရံ စစ်ရေယာဉ် တစ်စီးဖြစ်တဲ့ USS Gettysburgက မှားယွင်း ပစ်ချမိခဲ့တာလို့ ရေတပ်က အါတည်ပြု ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ Fox သတင်းဌာနကတော့ တိုက်လေယာဉ်တွေကို အချင်းချင်း မှားယွင်းပစ်မှတ်ထားမိခဲ့တဲ့ အမေရိကန် ရေတပ်ရဲ့ အလွဲအမှားဟာ အဲဒီကိစ္စ တစ်ခုတည်း မကဘူးလို့ ဖော်ထုတ်လာခဲ့ပါတယ်။ ပစ်ချခံရတဲ့ F/A-18ရဲ့ အနောက်ဖက် မိုင်အနည်းငယ် အကွာမှာ ရှိနေတဲ့ ဒုတိယ အမျိုးအစားတူ တိုက်လေယာဉ် တစ်စီးဟာလည်း ရေပြင်ကနေ ပျံတက်လာတဲ့ ဒုံးကျည်ကြောင့် အသည်းအသန် တိမ်းရှောင်ခဲ့ရတယ်လို့ Foxက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယ ဒုံးကျည်ကိုလည်း USS Gettysburgကပဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး လေယာဉ်တင် သင်္ဘောပေါ် ဆင်းသက်ခါနီး တိုက်လေယာဉ်ရဲ့ ပေ ၁၀၀ လောက် အကွာကနေ လွဲချော်သွားခဲ့တာလို့ ရေတပ်ရဲ့ နာမည်မဖော်ပြတဲ့ အရာရှိ တစ်ဦးက Foxဆီ မှတ်ချက်ပေးခဲ့ပါတယ်။

ပစ်ချခံရတဲ့ လေယာဉ်ကလည်း လေယာဉ်တင် သင်္ဘောဆီ ဆင်းသက်ဖို့ ချဉ်းကပ်လာတဲ့အချိန် ဒုံးကျည်ထိမှန် ခံခဲ့ရတာလို့ အဲဒီ အရာရှိက ဆိုပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ရေတပ်ရဲ့ တိုက်လေယာဉ်မှူးတွေကြားမှာ အတော်လေး ဒေါသထွက်စရာ ဖြစ်နေပြီး USS Gettysburgရဲ့ လေ့ကျင့်ရေး စွမ်းရည်ကို ဝေဖန် မေးခွန်းထုတ်နေကြတယ်လို့ Foxရဲ့ သတင်းရင်းမြစ် ရေတပ် အရာရှိက ဆက်ပြောပါတယ်။

အမေရိကန် ရေတပ်ကတော့ အခင်းဖြစ်တဲ့ အချိန်တုန်းက ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လက်နက်တိုက် တစ်ခုကို အမေရိကန် ရေတပ်က F/A-18တွေနဲ့ ဒုံးကျည်တွေ အသုံးပြု တိုက်ခိုက်ပြီး ဟိုသီတွေက တုံ့ပြန်ပစ်လွှတ်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနေခဲ့တယ်လို့ ပြောထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

ပြီးတော့ အချင်းချင်း မှားယွင်းပစ်ခတ်လို့ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ကရော အဲဒီ စစ်ဆင်ရေးမှာ ပါဝင်ခဲ့သလား ဆိုတာကိုလည်း မသိရသေးပါဘူး။

အမေရိကန် ရေတပ်ဟာ ပိုမို အဆင့်မြင့်တဲ့ F-35 မျိုးဆက်သစ် တိုက်လေယာဉ်တွေကို အစားထိုး ဖြည့်တင်းနေပေမယ့် Super Hornetလို့ နာမည်ပြောင် ပေးထားတဲ့ F/A-18တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Fox

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းဘုရင့် မိဖုရားဟာ လေတပ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို မောင်းနှင်တတ်ဖို့ မွမ်းမံ သင်တန်း တက်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

Facebook