Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်မှာ ရစ်ချ်တာစကေး ၆.၀ ငလျင်လှုပ်ခတ်ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်

ထိုင်ဝမ်နိုင်ငံမှာ ရစ်ချ်တာစကေး ၆.၀ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့သလို လူနှစ်ဒါဇင်ကျော်လောက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ ရစ်ချ်တာစကေး ၆.၀ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့သလို လူနှစ်ဒါဇင်ကျော်လောက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ မနက်အစောပိုင်းက ထိုင်ဝမ်တောင်ပိုင်းမှာ သရက်သီးတွေ အဓိက စိုက်ပျိုးထုတ်လုပ်ရာ ယူကျင်းခရိုင်ရဲ့ မြောက်ဖက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာလို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

မြေတိမ်ငလျင် အမျိုးအစား ဖြစ်တဲ့အတွက်လည်း မြေမျက်နှာပြင်ပေါ်မှာ သက်ရောက်မှုတွေ ပိုမိုသိသာခဲ့ပြီး အိမ်တော်တော်များများမှာ မှန်တွေကွဲတာ၊ မျက်နှာကျက်တွေ ပြိုကျတာတွေ ကြုံတွေ့ခဲ့သလို လူ ၂၇ ဦးလောက် အသေးစား ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပြီး AFPက အတည်ပြုထားတဲ့ ဗီဒီယို တစ်ခုမှာတော့ ကလေးတစ်ဦး အပါအဝင် မိသားစုဝင် သုံးဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက ပြိုကျနေတဲ့ အိမ်တစ်လုံး အောက်ကနေ ကူညီပြီး ကယ်ထုတ်ပေးနေတာကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဆောက်အအုံ တစ်ခုထဲမှာတော့ ဓာတ်လှေကားထဲ ပိတ်မိနေသူ နှစ်ဦးကို ကယ်ဆယ်ရေးတွေက သွားပြီး ခေါ်ထုတ်ပေးရတယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုချက်နဲ့ နီးစပ်တဲ့ ဧရိယာတွေမှာ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေ အကြီးစား ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ဘူးလို့ နန်ရှီခရိုင် မီးသတ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်ဝမ်မှာ ကွန်ပျူတာနဲ့ မိုဘိုင်းချစ်ပ်တွေ ထုတ်လုပ်တဲ့ TSMC ကုမ္ပဏီက နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်း စက်ရုံတွေထဲက အလုပ်သမား တချို့ကို ယာယီ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြောပါတယ်။

ကျွန်းနိုင်ငံ တစ်ခုဖြစ်တဲ့ ထိုင်ဝမ်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်ရာ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်ပြီး ရေအောက် ပြတ်ရွေ့ကျောက်ချပ်ကြီး နှစ်ခုရဲ့ အစွန်နားမှာ တည်ရှိနေတာကြောင့် ငလျင်လှုပ်ခတ်မှုတွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။

ထိုင်ဝမ်မှာ နောက်ဆုံး ကြုံတွေ့ထားတဲ့ အထင်ကရ ငလျင်ကြီးကတော့ ၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက လှုပ်ခတ်ခဲ့တာဖြစ်ပြီး ရစ်ချ်တာစကေး ၇.၄ အဆင့် ပြင်းအား ရှိခဲ့သလို လူ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ ၂၅ နှစ်အတွင်း အားအပြင်းဆုံး ငလျင်ကြောင့် ထိုင်ဝမ်မှာ မြေပြိုမှုတွေ ဖြစ်ပွားပြီး အဆောက်အအုံ တော်တော်များများ ပျက်စီးခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။