Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လေဆိပ်တစ်ခုမှာ ကိုယ်ပိုင်လေယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားပြီး အနည်းဆုံး တစ်ဦးသေဆုံး

အမေရိကန်ရဲ့ လေယာဉ် အတက်အဆင်း ရှုပ်ထွေးရာ လေဆိပ်တစ်ခုမှာ ကိုယ်ပိုင် ဂျက်လေယာဉ်နှစ်စီး တိုက်မိပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ရဲ့ လေယာဉ် အတက်အဆင်း ရှုပ်ထွေးရာ လေဆိပ်တစ်ခုမှာ ကိုယ်ပိုင် ဂျက်လေယာဉ်နှစ်စီး တိုက်မိပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်း ဖြစ်စဉ်ကြောင့် အရီဇိုးနားမှာရှိတဲ့ စကော့စ်ဒေးလ် လေဆိပ်ရဲ့ အခင်းဖြစ်ပွားရာ ပြေးလမ်းကို ယာယီ ပိတ်ထားလိုက်ရပါတယ်။

အလတ်စား ကိုယ်ပိုင် ဂျက်လေယာဉ် တစ်စီးဟာ ကိုယ်ပိုင် ဧရိယာတစ်ခုမှာ ရပ်ထားတဲ့ တခြားရွယ်တူ လေယာဉ်ကို ဝင်တိုက်ပြီး လမ်းချော်ထွက်သွားခဲ့တာလို့ လေဆိပ်ရဲ့ စီမံခန့်ခွဲမှု အရာရှိ ကယ်လီ ကူစတာက ပြောပါတယ်။

ဖြစ်စဉ်အတွင်း တစ်ဦးသေဆုံးပြီး တခြား ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း၊ အဲဒီထဲက နှစ်ဦးကို စိတ်တည်ငြိမ်အောင် ကူညီ ကုသပေးခဲ့ရပြီး နောက်တစ်ယောက်ကတော့ ဆေးရုံမှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း စကော့ဒေးလ် မီးသတ်ဌာနရဲ့ ဗိုလ်ကြီး ဒေ့ဗ်ဖိုလီရိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်မတော်တဆမှု ဖြစ်ပွားပြီး နာရီပိုင်း အကြာထိ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူ တစ်ဦးကို ကယ်ထုတ်ဖို့ ကြိုးစားနေဆဲလို့လည်း ဖိုလီရိုက ဆိုပါတယ်။

အနီးမှာရှိတဲ့ ဖီးနစ်မြို့မှာ ဂေါက်ရိုက်ပြိုင်ပွဲတစ်ခု ကျင်းပနေတာကြောင့် အဲဒီ လေဆိပ်မှာ ကိုယ်ပိုင်လေယာဉ်တွေ အဆင်းအတက် ထူထူထပ်ထပ် ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း အဓိက လေကြောင်း မတော်တဆမှုကြီး ၃ ခုနဲ့လည်း ကြုံခဲ့ပြီးပါပြီ။ ဇန်နဝါရီ ၂၉ ရက်နေ့တုန်းက ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်တပ် ရဟတ်ယာဉ် တိုက်မိလို့ လူ ၆၇ ဦး သေဆုံးခဲ့သလို ဇန်နဝါရီ ၃၁ ရက်နေ့တုန်းက ဖီလာဒဲလ်ဖီးယားမှာ လူနာတင် လေယာဉ် ပျက်ကျရာက လေယာဉ်ပေါ် ပါလာသူ ၇ ဦးနဲ့ မြေပြင်ပေါ်က ၁ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက အလာစကာ အနောက်ပိုင်းမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျပြန်တာကြောင့် လိုက်ပါသွားသူ ၁၀ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိမှုအတွင်း သေဆုံးခဲ့သူ အားလုံးရဲ့ ရုပ်အလောင်းတွေကို မြစ်ထဲကနေ ဆယ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။