Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သွင်းကုန် အခွန်တိုးကောက်မယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်က ရှယ်ယာစျေးကွက်ကို ဂယက်ရိုက်ခတ်

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုလိုက်ခြင်းနဲ့အတူ နိုင်ငံတကာ စတော့ရှယ်ယာ စျေးကွက်ထဲမှာ ကြီးမားတဲ့ လှုပ်ခါသက်ရောက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုလိုက်ခြင်းနဲ့အတူ နိုင်ငံတကာ စတော့ရှယ်ယာ စျေးကွက်ထဲမှာ ကြီးမားတဲ့ လှုပ်ခါသက်ရောက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ထရမ့်ဟာ မြောက်အမေရိကတိုက်ရဲ့ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုတို့ဆီက သွင်းကုန်အမျိုးအစား တချို့ကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး တရုတ်ဆီက သွင်းကုန်တချို့ကို အခွန် ၂၀ ရာခိုင်နှုန်း တိုးကောက်မှုကို မတ်လ ၄ ရက်နေ့မှာ စတင်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနဲ့ တရုတ်တို့က ထရမ့်ရဲ့ လုပ်ရပ်ကို တိုက်ရိုက် တုံ့ပြန်မှုအဖြစ် အမေရိကန် သွင်းကုန် အမျိုးအစား တချို့အပေါ် အခွန်တိုးကောက်ဖို့ စီစဉ်ထားကြောင်း အသီးသီး တုံ့ပြန်ခဲ့ပါတယ်။

ဝေဖန်မှုတွေ၊ စိုးရိမ်တကြီး သတိပေးမှုတွေ ရှိနေတဲ့တိုင် အငြင်းပွားစရာ အခြေအနေအဖြစ် အခွန်တွေ တိုးကောက်ဖို့ ထရမ့်က ရှေ့တိုး ဆုံးဖြတ်ခဲ့တဲ့နောက် အထင်ကရ စတော့ရှယ်ယာ ညွှန်ကိန်း ၃ ခုမှာ အမေရိကန် ရှယ်ယာတွေ ကျဆင်းမှု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါတင် မကသေးဘဲ ဗြိတိန်ရဲ့ ရှယ်ယာစျေးကွက် တင်ထားတဲ့ ကုမ္ပဏီကြီး အခု ၁၀၀ ကို စာရင်းပြုစုထားတဲ့ FTSE ရှယ်ယာ ညွှန်ကိန်းတွေမှာလည်း မတ်လ ၄ ရက် မနက်ပိုင်း စျေးကွက်ဖွင့်ချိန်မှာ အနုတ်လက္ခဏာတွေနဲ့ စတင်လာခဲ့ပါတယ်။ အာရှ ရှယ်ယာစျေးကွက်မှာလည်း တန်ဖိုးကျဆင်းမှုတွေ ဖြစ်ပေါ်လာပါတယ်။

Public Service Announcement

Public Service Announcement

စျေးကွက်လေ့လာ စောင့်ကြည့်သူတွေကတော့ ထရမ့်ရဲ့ အခွန်တိုးကောက်မယ့် အစီအစဉ် နောက်ဆက်တွဲ ဂယက်အဖြစ် အမေရိကန် မိသားစုရဲ့ အိမ်သုံးစရိတ်တွေ မြင့်တက်သွားစေနိုင်ပြီး ကမ္ဘာပေါ်က တခြားသော အစိတ်အပိုင်းတွေမှာလည်း ဆင့်ကဲ သက်ရောက်မှုတွေ ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။

ထရမ့်က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့ဟာ အမေရိကန်ကို မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေမှုကို ထိထိရောက်ရောက် တားဆီးပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီနိုင်ငံတွေကို အခွန်စည်းကြပ်မှုတွေ မြှင့်တင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူကတော့ ကနေဒါ နယ်စပ်ကို ဖြတ်ပြီး အမေရိကန်ဆီ ဝင်ရောက်သွားတဲ့ ဖန်တနဲလ် မူးယစ်ဆေးဟာ အမေရိကန် စျေးကွက်ထဲမှာ ရှိနေတဲ့ ပမာဏရဲ့ ၁ ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ထရမ့်က အခွန်တိုးကောက်သလို သူ့နိုင်ငံကလည်း ဒေါ်လာ ၁၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန် သွင်းကုန် အမျိုးအစား တချို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး လက်တုံ့ပြန်မယ်လို့ ထရူဒူက ဆိုပါတယ်။

အခုကိစ္စ တစ်ခုလုံးက လုံးဝ မျှတမှု မရှိကြောင်း၊ တစ်ဖက်သတ်ဆန်ပြီး မတရားတဲ့ ဆုံးဖြတ်ချက်တွေကို ကနေဒါက ဒီအတိုင်း လက်သင့်ခံနေစရာ အကြောင်းမရှိကြောင်း ထရူဒူက မတ်လ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အလားတူ တရုတ်ကလည်း မတ်လ ၄ ရက်နေ့မှာ အမေရိကန်ရဲ့ အခွန်တိုးမြှင့်မယ့် ဆုံးဖြတ်ချက်ကို တုံ့ပြန်သွားမယ်ဆိုတာ အတည်ပြုခဲ့ပါတယ်။ တရုတ်ဟာ အမေရိကန်ဆီက တင်သွင်းတဲ့ စားသောက်ကုန် အများစုကို အမျိုးအစားအလိုက် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြား မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

ဝေဖန်မှုတွေ မြင့်တက်နေတဲ့တိုင် ထရမ့်ကတော့ အခွန်တိုးကောက်မယ့် သူ့ရဲ့ အစီအစဉ်ဟာ အမေရိကန်ရဲ့ ကုန်ထုတ်စွမ်းရည်ကို တိုးတက်စေပြီး အလုပ်အကိုင် နေရာတွေကို အကာအကွယ် ပေးနိုင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခွန်ဝင်ငွေ တိုးလာပြီး နိုင်ငံ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ဖြစ်စေမယ်လို့ ကြွေးကြော်ထားပါတယ်။

တစ်ဖက်မှာတော့ အပြိုင်အဆိုင် အခွန်တိုးမြှင့် သတ်မှတ်မှုတွေဟာ သုံးစွဲသူတွေနဲ့ ဆက်စပ် စီးပွားရေး လုပ်ငန်းတွေကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဝယ်ယူသုံးစွဲတဲ့ သက်ဆိုင်ရာ ပြည်သူတွေဟာ ကုန်စည်တွေ အခွန်ပေးဆောင်ရမှု တိုးသွားလို့ စျေးတင်ရောင်းချတဲ့ဒဏ်ကို ခံကြရမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...