Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာဆေးရုံတစ်ခုကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာ ဟားမားစ်ခေါင်းဆောင်တစ်ဦး သေဆုံး

ဂါဇာကမ်းမြှောင်ဒေသက ဆေးရုံတစ်ခုကို အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း သိပါတယ်။

Reuters

ဂါဇာကမ်းမြှောင်ဒေသက ဆေးရုံတစ်ခုကို အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်ပိုင်းတစ်ဦး သေဆုံးခဲ့ကြောင်း သိပါတယ်။

ဟားမားစ် အရာရှိ တစ်ဦးက ခန်ယူနစ် မြို့မှာရှိတဲ့ အကြီးဆုံး ကျန်းမာရေး စောင့်ရှောက်မှု စင်တာဖြစ်တဲ့ ခန်ယူနစ် ဆေးရုံကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ဟားမားစ် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အစ္စမေးလ် ဘာဟွမ်နဲ့ သူ့ရဲ့ လက်ထောက်တို့ သေဆုံးခဲ့တယ်လို့ BBC သတင်းဌာနဆီ မတ်လ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

ဘာဟွမ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး ဆေးရုံတက်နေခဲ့ပြီး မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာတော့ နောက်ထပ် လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးသွားခဲ့တာလို့ သိရပါတယ်။ သူဟာ ဟားမားစ်ရဲ့ ဘဏ္ဍာရေးဌာန အကြီးအကဲလည်း ဖြစ်ပါတယ်။

ဟားမားစ်လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သီးခြားထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးစစ်တပ် (IDF)က ဆေးရုံဝင်းကို ဗုံးကြဲခဲ့ကြောင်း အတည်ပြုခဲ့ပြီး အဲဒီ စစ်ဆင်ရေးမှာ ဟားမားစ် ထိပ်တန်း အဖွဲ့ဝင် တစ်ဦးကို ပစ်မှတ်ထားခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ စစ်ဆင်ရေးကို အကောင်အထည် မဖော်ခင်မှာ အရမ်း ခိုင်မာအားကောင်းတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ကြိုတင် စုဆောင်းပြီးမှ ပစ်မှတ်ကို အတည်ပြုခဲ့တာ ဖြစ်တယ်လို့လည်း IDFက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုဒဏ် ခံရတဲ့ ဆေးရုံ အစိတ်အပိုင်းဟာ ကြီးကြီးမားမား ပျက်စီးသွားခဲ့တယ်လို့လည်း ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဘာဟွမ်သေဆုံးတဲ့ နေ့မှာပဲ နောက်ထပ် ဟားမားစ် ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆာလာဟ်အယ်လ် ဘာဒါဝီလ်ဟာလည်း ခန်ယူနစ်မှာပဲ IDFက လုပ်ဆောင်တဲ့ တခြားလေကြောင်းတိုက်ခိုက်မှု တစ်ခုကြောင့် သေဆုံးခဲ့ပါတယ်။

မတ်လ ၂၃ ရက်နေ့ မနက်ပိုင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခန်ယူနစ်နဲ့ ရာဖားဟ်မြို့တွေမှာ လူ ၃၀ လောက် သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ အဲဒီနေ့ ညပိုင်းမှာ အစ္စရေးက နောက်ထပ် လေကြောင်း တိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့ပြီး အဲဒီဖြစ်စဉ်တွေအတွင်း အသေအပျောက်ကိုတော့ မသိရသေးပါဘူး။

အစ္စရေးနဲ့ ဟားမားစ်တို့ဟာ ၁၅ လကြာ စစ်ပွဲကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ အပစ်အခတ် ရပ်စဲခဲ့ပေမယ့် မတ်လ ၁၈ ရက် မနက်အစောပိုင်းကစပြီး IDFဟာ ဂါဇာမှာ စစ်ဆင်ရေးတွေ ပြန်စခဲ့ပါတယ်။ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်တာနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြပြီး မြေပြင် အခြေအနေ အရတော့ တစ်ပတ်မပြည့်ခင်အတွင်း ဂါဇာမှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ ရှိနေတဲ့ ဟားမားစ် ခေါင်းဆောင်ပိုင်းတွေနဲ့ အရာရှိတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာရှိတဲ့ ဆေးရုံတစ်ခုကို အစ္စရေးက နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး လူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် တရားမျှတမှု ရှာဖွေဖို့ လိုအပ်ကြောင်း ကုသလမဂ္ဂက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်သမ္မတ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဆေးရုံတစ်ခုကို ဗုံးကြဲခဲ့ကြောင်း အစ္စရေး စစ်တပ်က အတည်ပြုခဲ့ပြီး ဆေးရုံရဲ့ အောက်မှာ လျှို့ဝှက် တည်ဆောက်ထားတဲ့ ဟားမားစ် စစ်ရေးကွပ်ကဲမှု ဌာန တစ်ခုကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။