Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာ ဆေးရုံကို နှစ်ကြိမ် တိုက်ခိုက်ခဲ့တဲ့ အစ္စရေး လုပ်ရပ်အတွက် တရားမျှတမှု လိုအပ်တယ်လို့ ကုလသမဂ္ဂပြော

ဂါဇာ ကမ်းမြှောင်ဒေသမှာရှိတဲ့ ဆေးရုံတစ်ခုကို အစ္စရေးက နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး လူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် တရားမျှတမှု ရှာဖွေဖို့ လိုအပ်ကြောင်း ကုသလမဂ္ဂက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဂါဇာ ကမ်းမြှောင်ဒေသမှာရှိတဲ့ ဆေးရုံတစ်ခုကို အစ္စရေးက နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး လူ ၂၀ ထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် တရားမျှတမှု ရှာဖွေဖို့ လိုအပ်ကြောင်း ကုသလမဂ္ဂက ပြောကြားခဲ့ပါတယ်။

ဩဂုတ် ၂၅ ရက်နေ့က တိုက်ခိုက်မှုမှာ ဂျာနယ်လစ် ၅ ဦးနဲ့ ကျန်းမာရေး ဝန်ထမ်း ၄ ဦး အပါအဝင် စုစုပေါင်း လူ ၂၀ လောက် အသက်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အစ္စရေးအပေါ် နိုင်ငံတကာ ဝေဖန် ရှုတ်ချမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

အစ္စရေး စစ်တပ်ကတော့ ကနဦး စုံစမ်းမှုတွေအရ အဲဒီတိုက်ခိုက်မှုဟာ ဟားမားစ် ပြောက်ကျားအဖွဲ့တွေ တပ်ဆင်ထားခဲ့တဲ့ လျှို့ဝှက် ကင်မရာတွေကို အဓိက ပစ်မှတ်ထားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ အစ္စရေး စစ်တပ်က ဆိုပါတယ်။

ခန်ယူနစ် မြို့မှာရှိတဲ့ နက်ဆာဆေးရုံကို ကနဦး တိုက်ခိုက်မှုကြောင့် ဆေးရုံရဲ့ လှေကားနားမှာ တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်နေတဲ့ Reuters သတင်းဌာန ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ AP၊ Reuters၊ Al Jazeera၊ Middle East Eye သတင်းဌာန ဂျာနယ်လစ်တွေပါ သေဆုံးကုန်တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ သာမင် အယ်လ်ခီတန်က ဒီလုပ်ရပ်ဟာ တုန်လှုပ်စရာကောင်းပြီး ဘယ်လိုနည်းနဲ့မှ လက်ခံပေးလို့ မရကြောင်း ဝေဖန်သွားပါတယ်။ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားခဲ့တဲ့ လုပ်ရပ်အတွက် မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာကြောင်း၊ ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူရင်း တရားမျှတမှုကို ရှာဖွေပေးဖို့ လိုအပ်ကြောင်းလည်း သူက ဆိုပါတယ်။

အစ္စရေးဟာ အရင်ကလည်း ဂါဇာမှာ အငြင်းပွားစရာ သေဆုံးမှုတွေနဲ့ ပတ်သက်ရင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း၊ ဒါပေမဲ့ ထိရောက်ပြီး လက်သင့်ခံနိုင်တဲ့ ရလဒ်တွေ၊ တရားမျှတတဲ့ ဖြေရှင်းချက်တွေ လိုအပ်ကြောင်း၊ အခုထိတော့ အဲဒီလို အခြေအနေတွေ မမြင်ရသေးကြောင်းလည်း အယ်လ်ခီတန်က ဝေဖန်သွားခဲ့ပါတယ်။

အစ္စရေး စစ်တပ်ကတော့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ခဲ့ဘဲ အဲဒီဆေးရုံကနေ ရိုက်ကူးနေတဲ့ ကင်မရာဟာ အစ္စရေးတပ်တွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတာကြောင့် ဖျက်ဆီးပစ်ဖို့ တုံ့ပြန် တိုက်ခိုက်ခဲ့တာသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ နောက်ပြီး အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အကြမ်းဖက်သမား ၆ ဦး ပါဝင်ခဲ့တယ်လို့လည်း အဲဒီ ဖြေရှင်းချက်ထဲမှာ ထည့်သွင်း စွပ်စွဲထားပါတယ်။

ဒါပေမဲ့ ပထမအကြိမ် တိုက်ခိုက်မှုအပြီး မိနစ်ပိုင်း အကြာမှာတင် ဆေးရုံကို ဘာကြောင့် နောက်တစ်ခါ ထပ်ပြီး တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုတော့ အစ္စရေး စစ်တပ်က ရှင်းပြထားခြင်း မရှိခဲ့ပါဘူး။ ဂါဇာစစ်ပွဲ တလျှောက်မှာ အစ္စရေးဟာ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီး ဟားမားစ်တွေက အဲဒီ ဆေးရုံတွေကို အခြေစိုက် စခန်းတွေအဖြစ် အသုံးချနေတာကြောင့်လို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။