Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကေတီပယ်ရီနဲ့ အမျိုးသမီးတွေချည်း လိုက်ပါသွားတဲ့ အာကာသ ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး

Popဂီတ ကြယ်ပွင့် ကေတီပယ်ရီ အပါအဝင် အမျိုးသမီးတွေချည်း လိုက်ပါသွားတဲ့ အာကာသ ခရီးစဉ်ဟာ ကမ္ဘာမြေဆီ ချောချောမောမော ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

Popဂီတ ကြယ်ပွင့် ကေတီပယ်ရီ အပါအဝင် အမျိုးသမီးတွေချည်း လိုက်ပါသွားတဲ့ အာကာသ ခရီးစဉ်ဟာ ကမ္ဘာမြေဆီ ချောချောမောမော ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး ဂျက်ဖ်ဘီဇော့စ်ရဲ့ Blue Origin ဒုံးပျံဟာ ပယ်ရီနဲ့ နောက်ထပ် အမျိုးသမီး ၅ ဦးကို တင်ဆောင်ပြီး အာကာသ ဟင်းလင်းပြင်ဆီ ပျံသန်းခဲ့တဲ့နောက် ဧပြီ ၁၄ ရက်နေ့တုန်းက ပြန်လည် ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။

Blue Origin ကုမ္ပဏီဟာ တက္ကဆက်စ်ကနေ အဲဒီဒုံးပျံ လွှတ်တင်တဲ့ ဗီဒီယိုနဲ့ တက္ကဆက်စ် အနောက်ပိုင်းမှာ ဒုံးပျံထိပ်ဖူးရဲ့ NS-31 အာကာသ ယာဉ်ငယ်က လေထီးနဲ့ ပြန်လည် ကျဆင်းလာပုံတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။

အဲဒီ ခရီးစဉ်မှာ ပယ်ရီအပြင် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးမှူး ဂေးလ်ကင်း၊ ဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ လော်ရန် ဆန်းချက်ဇ်၊ ဒုံးပျံ သိပ္ပံပညာရှင် အိုင်ရှာဘိုး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အမန်ဒါ ငုယန်းနဲ့ ရုပ်ရှင် ထုတ်လုပ်သူ ကီရန်နီ ဖလင်းတို့ လိုက်ပါခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

NS-31 ယာဉ်ငယ်ဟာ ၁၁ မိနစ်ကျော် ပျံသန်းခဲ့တဲ့နောက် ကမ္ဘာ့မျက်နှာပြင်ရဲ့ အထက် ကီလိုမီတာ ၁၀၀ လောက်ထိ ခရီးရောက်ရှိခဲ့ပါတယ်။

ပုဂ္ဂလိက အာကာသ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်မှာ နည်းပညာ လုပ်ငန်းစုကြီးတွေကြား ပြိုင်ဆိုင်မှု မြင့်တက်လာချိန်မှာ လူအများ စိတ်ဝင်စားစေမယ့် အခုခရီးစဉ်ကို Blue Originက စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC, Blue Origin

ဆက်စပ်သတင်းများ