Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတစ်ခု မဟုတ်ပေမယ့် ကမ္ဘာ့စီးပွားရေး အင်အား အတောင့်ဆုံး စတုတ္ထနေရာ ရောက်လာတဲ့ ကယ်လီဖိုးနီးယား

နိုင်ငံတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ စတုတ္ထ စီးပွားရေးအင်အား အတောင့်တင်းဆုံး ဖြစ်မယ့် အခြေအနေကို ကယ်လီဖိုးနီးယား ပြည်နယ်က ရောက်ရှိလာပါတယ်။

Getty Images

နိုင်ငံတစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ စတုတ္ထ စီးပွားရေးအင်အား အတောင့်တင်းဆုံး ဖြစ်မယ့် အခြေအနေကို ကယ်လီဖိုးနီးယား ပြည်နယ်က ရောက်ရှိလာပါတယ်။

အမေရိကန်ရဲ့ ပြည်နယ် ၅၀ ထဲမှာ တစ်ခုဖြစ်တဲ့ ကယ်လီဖိုးနီးရဲ့ ပြည်တွင်းထုတ်ကုန် တန်ဖိုး (GDP)ဟာ ကမ္ဘာပေါ်မှာ လက်ရှိ GDP အများဆုံးဖြစ်တဲ့ ဂျပန်ထက် ပိုများလာကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နဲ့ အမေရိကန် စီးပွားရေး လေ့လာစောင့်ကြည့်မှု ဗျူရိုတို့က ပြောပါတယ်။

ကယ်လီဖိုးနီးယားရဲ့ နှစ်အလိုက် စီးပွားရေး တိုးတက်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေအရ ပြည်နယ်ရဲ့ GDPဟာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၄.၁၀ ထရီလီယံထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနှစ်မှာ ဂျပန်တစ်နိုင်ငံလုံးရဲ့ GDPက ဒေါ်လာ ၄.၀၁ ထရီလီယံသာ ရှိခဲ့ပါတယ်။

ဒါကြောင့် ကယ်လီဖိုးနီးယားသာ ပြည်နယ် အဆင့်မဟုတ်ဘဲ နိုင်ငံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား စတုတ္ထ အကြီးမားဆုံး နိုင်ငံအနေနဲ့ ဂျပန်ကို ကျော်တက်နိုင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ ကမ္ဘာ့စီးပွားရေးအင်အား အတောင့်တင်းဆုံး ၃ နိုင်ငံအဖြစ် အမေရိကန်၊ တရုတ်နဲ့ ဂျာမနီတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။

ကယ်လီဖိုးနီးယားဟာ ကမ္ဘာကြီးရဲ့ အရှိန်အဟုန်ကို အမီလိုက်နေရုံသာ မကဘဲ အဲဒီထက်မြန်မြန် ပြေးနေတယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်က ကြွေးကြော်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့် ကျင့်သုံးနေတဲ့ နိုင်ငံတကာ ကုန်သွယ်ရေး သွင်းကုန်အခွန် မြှင့်တင် စည်းကြပ်မှု မူဝါဒတွေက ကယ်လီဖိုးနီးယားရဲ့ စီးပွားရေး တိုးတက်မှုတွေကို ထိခိုက် သက်ရောက်လာနိုင်တဲ့အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကယ်လီဖိုးနီးယားဟာ အမေရိကန်ရဲ့ ပြည်နယ် အားလုံးမှာ စက်မှုထုတ်ကုန်နဲ့ စိုက်ပျိုးရေးထုတ်ကုန် ဝေစု အများဆုံးကို ရယူထားပြီး ကမ္ဘာ့အကြီးကျယ်ဆုံး နည်းပညာ ရပ်ဝန်းဖြစ်တဲ့ ဆီလီကွန်တောင်ကြား၊ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဖျော်ဖြေရေး ရပ်ဝန်းဖြစ်တဲ့ ဟောလိဝုဒ်တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ အကြီးဆုံး ပင်လယ်ဆိပ်ကမ်း နှစ်ခုကလည်း ကယ်လီဖိုးနီးယားမှာ ရှိနေပါတယ်။

နယူဆွမ်ဟာ ဒီမိုကရက်တစ် ပါတီရဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ယှဉ်ပြိုင်ဖွယ် ရှိနေသူပါ။ သူ့ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရဟာ အခွန်စည်းကြပ်မှု မူဝါဒ အသစ်တွေနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ ဖက်ဒရယ် အစိုးရကို တရားစွဲပြီး တိုက်ရိုက် ဖီဆန် ဆန့်ကျင်ထားပါတယ်။

နယူဆွမ်က ထရမ့်ရဲ့ စိတ်ထင်တိုင်း သတ်မှတ်နေတဲ့ အခွန်စည်းကြပ်မှုတွေက ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ စီးပွားရေးကို ထိခိုက်လာစေမှာ စိုးရိမ်ကြောင်း ပြောပါတယ်။ ကယ်လီဖိုးနီးယားဟာ တိုးတက်မှုတွေအတွက် အောင်ပွဲခံနေပေမယ့် တစ်ဖက်မှာလည်း လက်ရှိ ဖက်ဒရယ် အစိုးရရဲ့ အဆင်ခြင်မဲ့ ကုန်သွယ်ခွန် မူဝါဒတွေက အကြီးအကျယ် ခြိမ်းခြောက်နေတာကိုလည်း သတိမူထားကြောင်း သူက ဆိုပါတယ်။

ကမ္ဘာ့ GDP အမြင့်ဆုံး နိုင်ငံတွေ စာရင်းမှာ ၂၀၂၄ ခုနှစ်အတွက် အမေရိကန်က ဒေါ်လာ ၂၉.၁၈ ထရီလီယံ၊ တရုတ်က ဒေါ်လာ ၁၈.၇၄ ထရီလီယံ၊ ဂျာမနီက ဒေါ်လာ ၄.၆၅ ထရီလီယံနဲ့ အသီးသီး ရပ်တည်နေကြပြီး ဂျပန်ကတော့ အလုပ်လုပ်နိုင်သူ အချိုးအစား ကျဆင်းပြီး သက်ကြီးရွယ်အိုတွေ တိုးလာတာ အပါအဝင် ပြဿနာတချို့နဲ့ ရုန်းကန်နေရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

သတင်း

ကမ္ဘာ​ကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ယခုကာလသည် နိုင်ငံတနိုင်ငံနှင့် တနိုင်ငံသည် လက်နက်ဖြင့်မတိုက်ဘဲ ငွေကြေး၊ ကုန်သွယ်ရေးနှင့် သယံဇာတများကို လက်နက်သဖွယ်အသုံးချပြီး အင်အားပြိုင်နေကြသည့် ခေတ်သစ်စီးပွားရေးစစ်ပွဲ၏အပြင်းထန်ဆုံးအချိန်တခုဖြစ်နေပါသည်။

Facebook