Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ဓာတုပစ္စည်းစက်ရုံ ပေါက်ကွဲမှုကြောင့် ၅ ဦးသေ

တရုတ်နိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Reuters

တရုတ်နိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၂၇ ရက်နေ့က ပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ၁၉ ဦးလည်း ရှိခဲ့ပြီး နောက်ထပ် ၆ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဝီဖန်မြို့မှာရှိတဲ့ ရှန်ဒေါင်ယူဒို ဓာတုပစ္စည်းစက်ရုံမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် စက်ရုံ အစိတ်အပိုင်းတွေ ပြိုကျခဲ့ပြီး နေရာတချို့မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။ လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ အနက်ရောင်နဲ့ လိမ္မော်ရောင် မီးခိုးလုံးတွေဟာ စက်ရုံနေရာကနေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။

အခြေအနေကို ထိန်းသိမ်းဖို့ အရေးပေါ် ဝန်ထမ်း ၂၀၀ ကျော်ကို စေလွှတ်ခဲ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ စက်ရုံမှာ ဘာကြောင့် ဖြစ်ပွားခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဝီဖန်မြို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗျူရိုက ပေါက်ကွဲမှုအပြီး ပတ်ဝန်းကျင်မှာ ဘယ်လို ဘေးထွက်ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့သလဲ ဆိုတာကို စုံစမ်းဖို့ ပညာရှင် အဖွဲ့တစ်ခုကို စေလွှတ်ထားပေမယ့် ရလဒ်တွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။ ဒေသခံတွေ အနေနဲ့ စက်ရုံနားကို မချဉ်းကပ်ဖို့၊ လောလောဆယ် နှာခေါင်းစည်းတွေ တပ်ထားကြဖို့ ဗျူရိုက တိုက်တွန်းထားပါတယ်။

အဲဒီစက်ရုံဟာ စိုက်ပျိုးရေး လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှုစတဲ့ ကဏ္ဍတွေမှာ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်ရှားမှာ ဓာတုပစ္စည်းစက်ရုံတစ်ခု ပေါက်ကွဲခဲ့ဖူးသလို ၂၀၂၃ ခုနှစ်တုန်းက နိုင်ငံ အရှေ့တောင်ပိုင်း ကျန်းစီးမှာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကတော့ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ တိယန်ကျင်းမှာ ဓာတုဗေဒ ပစ္စည်းတွေ သိုလှောင်ထားရာ ဂိုဒေါင်တချို့မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၇၀ ကျော် သေဆုံးခဲ့သလို ၇၀၀ လောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အပြီး တရုတ် အစိုးရဟာ ဓာတုဗေဒ ပစ္စည်းတွေ သိုလှောင်သိမ်းဆည်းမှုနဲ့ ပတ်သက်လို့ မူဝါဒ စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်လာခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

Facebook