Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွေးနွေးမှုတွေ ပြန်စချင်ရင် နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်မလာအောင် အမေရိကန်က ရှောင်ကြဉ်ရမယ်လို့ အီရန်ပြော

အီရန်နဲ့ သံတမန်ရေး ဆွေးနွေးမှုတွေ တကယ်တမ်း ပြန်စတင်ချင်တယ်ဆိုရင် အီရန်ကို တိုက်ခိုက်တဲ့ ဘယ်လို ကိစ္စမျိုးမဆို ဖြစ်မလာအောင် အမေရိကန်က ချုပ်ထိန်းရလိမ့်မယ်လို့ အီရန်ဖက်က သတိပေးခဲ့ပါတယ်။

အီရန်နဲ့ သံတမန်ရေး ဆွေးနွေးမှုတွေ တကယ်တမ်း ပြန်စတင်ချင်တယ်ဆိုရင် အီရန်ကို တိုက်ခိုက်တဲ့ ဘယ်လို ကိစ္စမျိုးမဆို ဖြစ်မလာအောင် အမေရိကန်က ချုပ်ထိန်းရလိမ့်မယ်လို့ အီရန်ဖက်က သတိပေးခဲ့ပါတယ်။

အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မာဂျစ်ဒ် တက်ခ် ရာဗန်ချီက သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ ကြားခံ ညှိနှိုင်းပေးနေတဲ့ နိုင်ငံတွေကနေတဆင့် အီရန် နျူကလီးယားအရေး ဆွေးနွေးမှုတွေ ပြန်စချင်တယ်လို့ စကားကမ်းလှမ်းထားခဲ့ကြောင်း ပြောပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့ ကမ်းလှမ်းချက်မှာ အမေရိကန်ရဲ့ ရှင်းလင်းတဲ့ ရပ်တည်မှုကို မမြင်ရသေးဘဲ အရမ်းအရေးကြီးတဲ့ မေးခွန်း တစ်ခုအဖြစ် အဲဒီလို ဆွေးနွေးနေတုန်း အီရန်အပေါ် တိုက်ခိုက်မှုတွေ ရှိလာဦးမလား ဆိုတာကိုလည်း သိဖို့လိုကြောင်း ရာဗန်ချီက ဆိုပါတယ်။

အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်လုနီးပါး အဆင့်ထိ ရောက်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ စစ်ရေးနဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ် ၉ ရက်အကြာမှာ အမေရိကန်ကပါ အီရန်ရဲ့ ယူရေနီယမ် သန့်စင်ဌာန ၃ ခုကို ဝင်ရောက် ဗုံးကြဲခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုနဲ့အတူ အီရန်ရော၊ အစ္စရေးပါ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရာဗန်ချီက အီရန်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးချဖို့အတွက် ယူရေနီယမ် ဆက်လက် သန့်စင်မှုတွေကို လုပ်ဆောင်နိုင်စွမ်း ရှိနေဆဲလို့လည်း BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အီရန်ဟာ နျူကလီးယားဗုံး ထုတ်လုပ်နိုင်ဖို့ လျှို့ဝှက် ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း သူက ပယ်ချသွားခဲ့ပါတယ်။

အီရန်က သုတေသန ကဏ္ဍအတွက်ပဲ ရည်ရွယ်ထားပေမယ့် နျူကလီးယားနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ ဝယ်ယူခွင့်ကို ပယ်ချ ခံနေရတာကြောင့် ကိုယ့်အားကိုယ်ကိုး ကြိုးစားနေတယ်လို့လည်း ရာဗန်ချီက ဆိုပါတယ်။

အမေရိကန်ရဲ့ ဗုံးကြဲမှုက အီရန်ရဲ့ နျူကလီးယား မစ်ရှင်တွေကို ဘယ်လောက် ကြီးကြီးမားမား ထိခိုက်စေခဲ့သလဲ ဆိုတဲ့အပေါ် အငြင်းပွားမှုတွေ ရှိနေပြီး ရာဗန်ချီကတော့ သူဟာ ဒီအကြောင်းကို အသေးစိတ် ဆန်းစစ် အဖြေထုတ်ပေးမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့် အစုအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)က အမေရိကန်ရဲ့ ဗုံးကြဲမှုဟာ အီရန်အတွက် အထိနာစေခဲ့ပေမယ့် ယူရေနီယမ် သန့်စင်မှုဆိုင်ရာ အဆောက်အအုံတွေကို ရာနှုန်းပြည့် ပျက်စီးမှု မရှိစေခဲ့ဘူးလို့ ယုံကြည်ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ IAEAရဲ့ အကြီးအကဲ ရာဖေးလ် ဂရော့စီက အီရန်ဟာ ပြင်ဆင်မွမ်းမံမှုတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်ဆိုရင် ယူရေနီယမ် သန့်စင်မှုတွေကို လပိုင်းအတွင်း ပြန်စနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရာဗန်ချီကတော့ ဂရော့ဆီရဲ့ မှတ်ချက်အပေါ် တိတိကျကျ မှတ်ချက်ပေးဖို့ ငြင်းဆိုပြီး IAEA အကြီးအကဲ ပြောဆိုနေတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ သူဘာမှ သိမထားသေးကြောင်းသာ တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။