Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာက လူနေအိမ်နဲ့ အရပ်ဖက် အဆောက်အအုံ ထောင်ပေါင်းများစွာကို အစ္စရေး ဖောက်ခွဲ ဖြိုချခဲ့

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးဟာ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံ ထောင်ပေါင်းများစွာကို ဖောက်ခွဲပြီး ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။

AP

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးဟာ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံ ထောင်ပေါင်းများစွာကို ဖောက်ခွဲပြီး ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။

BBC သတင်းဌာနက တူညီတဲ့ နေရာတွေရဲ့ လအလိုက် ဂြိုဟ်တု ဓာတ်ပုံ မှတ်တမ်းတွေကို နှိုင်းယှဉ် စစ်ဆေးပြီးတဲ့နောက် အစ္စရေး စစ်တပ်က အိမ်တွေကို အမြောက်အမြား ဖျက်ဆီးပစ်ခဲ့တယ် ဆိုတာကို ဓာတ်ပုံ အထောက်အထားတွေနဲ့ ပြသထားခဲ့ပါတယ်။

အဲဒီလို ဖျက်ဆီးတာဟာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မဟုတ်ဘဲ ထိန်းချုပ် ဖောက်ခွဲမှု နည်းလမ်းတွေကို အသုံးပြုပြီး သေသေချာချာ တွက်ချက် ဖျက်ဆီးတာမျိုးပါ။ BBCရဲ့ အဆိုအရ ဂါဇာရဲ့ တချို့သော အစိတ်အပိုင်းတွေမှာ မြို့ငယ်တွေ၊ ရွာတွေ၊ ရပ်ကွက်တွေဟာ မြို့လုံးကျွတ်၊ ရွာလုံးကျွတ်၊ ရပ်ကွက်လုံးကျွတ်တွေ ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဟားမားစ် ပြောက်ကျားအဖွဲ့နဲ့ ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားတဲ့ မတ်လကစလို့ အစ္စရေးဟာ အဲဒီလိုမျိုး ဖောက်ခွဲ ရှင်းလင်းမှုတွေကို အရှိန်မြှင့်လာနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး စစ်ဦးစီးတွေက စစ်ဆင်ရေး ထိန်းချုပ်ဧရိယာတွေလို့ ကြေညာထားတဲ့ ဧရိယာတွေထဲမှာ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ဖြိုချ ဖျက်ဆီးမှုတွေကို လုပ်ဆောင်နေတာလို့လည်း BBCက ဆိုပါတယ်။ အဲဒီ ဧရိယာတွေဟာ တစ်ချိန်က လူတွေ ထောင်သောင်းချီ နေထိုင်ခဲ့တဲ့ နေရာတွေပါ။

ဖြိုချတာကို ခံခဲ့ရတဲ့ထဲမှာ မိသားစု နေအိမ်တွေ၊ တိုက်အမြင့်တွေ၊ တိုက်ခန်းတွဲတွေ၊ စာသင်ကျောင်းတွေ၊ မင်္ဂလာခန်းမတွေ၊ ကျောင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ အမျိုးမျိုး ပါဝင်နေပါတယ်။ နှိုင်းယှဉ် ပြသထားတဲ့ ဂြိုဟ်တု ဓာတ်ပုံတွေမှာတော့ အရင်က လူနေရပ်ကွက်တွေဟာ ဖုံအလိမ်းလိမ်းနဲ့ အပျက်အစီးပုံတွေ ဖြစ်နေတာကို ထင်ထင်ရှားရှား တွေ့နေခဲ့ရပါတယ်။

ဥပဒေရေးရာ ကျွမ်းကျင်သူ တော်တော်များများက အစ္စရေးရဲ့ အခုလုပ်ရပ်ဟာ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူညီမှုတွေအရ စစ်ရာဇဝတ်မှု မြောက်တယ်လို့ BBCကို မှတ်ချက်ပေးခဲ့ကြပါတယ်။ အဲဒီ သဘောတူညီမှုမှာ လက်နက်ကိုင် တပ်တွေဟာ နယ်မြေ ချုပ်ကိုင် ကြီးစိုးထားမှုကို အခွင့်အရေးယူပြီး အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးခြင်းကနေ အတိအလင်း တားမြစ်ထားတာကြောင့်ပါ။

အစ္စရေး စစ်တပ်ကတော့ BBC သတင်းရဲ့ စွပ်စွဲဖော်ပြချက်ကို တိုက်ရိုက် မငြင်းဆိုပေမယ့် အစ္စရေး တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ဟားမားစ် ပြောက်ကျားတွေဟာ လူနေဧရိယာတွေထဲမှာ လက်နက်တွေနဲ့ တခြား စစ်ရေးဆိုင်ရာ ပိုင်ဆိုင်မှုတွေကို သိုမှီးထားတာ၊ ဖုံးကွယ်ထားတာတွေ ရှိခဲ့ကြောင်း၊ အစ္စရေးဟာ စစ်ရေးလိုအပ်ချက်မျိုး ကြုံလာတဲ့ အခါမှသာ တကယ်လိုအပ်တဲ့ နေရာတွေကို ဖြိုချခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေးကို လိုလားတဲ့ တချို့သော သုတေသီ တချို့ကတော့ အစ္စရေးစစ်တပ် ဖြိုချခဲ့တဲ့ အဆောက်အအုံ အတော်များများဟာ အရင်ကတည်းက စစ်ဒဏ်ကြောင့် အတော်လေး ထိခိုက်ပျက်စီးနေပြီးသား ဖြစ်တယ် ဆိုတာမျိုးလည်း ကာကွယ် ပြောဆိုထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

Facebook