Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေပိုင်နက်နား ချဉ်းကပ် ပျံသန်းမှုအတွက် တရုတ်နဲ့ ရုရှားကို တောင်ကိုရီးယား ကန့်ကွက်

လေပိုင်နက်နားကို တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ချဉ်းကပ် ပျံသန်းခဲ့တဲ့အပေါ် တောင်ကိုရီးယားက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

လေပိုင်နက်နားကို တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ချဉ်းကပ် ပျံသန်းခဲ့တဲ့အပေါ် တောင်ကိုရီးယားက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

တောင်ကိုရီးယားဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရုရှားနဲ့ တရုတ် စစ်သံမှူးတွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဝင် ကန့်ကွက်ကြောင်း ဆက်သွယ် အသိပေးခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ အဆိုအရ တရုတ်နဲ့ ရုရှားရဲ့ စစ်လေယာဉ်တွေဟာ ပူးပေါင်း ကင်းလှည့် ပျံသန်းရင်း တောင်ကိုရီးယား လေပိုင်နက် အပြင်ဖက်၊ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ထဲထိ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့တုန်းက ရုရှား စစ်လေယာဉ် ၇ စီးနဲ့ တရုတ် စစ်လေယာဉ် ၂ စီးတို့ဟာ တောင်ကိုရီးယား ကမ်းလွန် လေကြောင်း ကာကွယ်ရေးဇုန်ထဲ ရောက်ရှိခဲ့တာကြောင့် တောင်ကိုရီးယား တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။ လေကြောင်း ကာကွယ်ရေး ဇုန်ဆိုတာက နိုင်ငံတစ်ခုစီက လေပိုင်နက် အပြင်ဖက်မှာ သီးခြား သတ်မှတ်လေ့ရှိတဲ့ ဧရိယာဖြစ်ပြီး နိုင်ငံတကာကတော့ အသိအမှတ် မပြုပါဘူး။

တရုတ်နဲ့ တောင်ကိုရီးယား စစ်လေယာဉ်တွေက အဲဒီဇုန်ထဲကို ရောက်လာတဲ့နောက် အရေးပေါ် အခြေအနေ တစ်ခုခု ဖြစ်လာရင် ချက်ချင်း တုံ့ပြန်နိုင်အောင် တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ တောင်ကိုရီးယား လေပိုင်နက်ထဲကိုတော့ မဝင်ခဲ့ကြောင်း ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၉ ရက်နေ့မှာပဲ ဂျပန်ကလည်း တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေဟာ ဂျပန် လေပိုင်နက်နားထိ ကပ်ပြီး ကင်းလှည့် ပျံသန်းခဲ့တာကြောင့် တိုက်လေယာဉ်တွေ ပျံတက်ပြီး အခြေအနေကို စောင့်ကြည့်ခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။ တရုတ်နဲ့ ဂျပန်တို့ကြား သံတမန်ရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေက ဂျပန် လေပိုင်နက်နား ချဉ်းကပ် ပျံသန်းခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်ကတော့ အရှေ့တရုတ် ပင်လယ်ပြင်နဲ့ ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်း နိုင်ငံတကာ လေပိုင်နက်ထဲမှာ ရုရှားနဲ့ ပူးပေါင်းပြီး ကင်းလှည့်ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားတို့ဟာ တောင်ကိုရီးယားရဲ့ လေကြောင်း ကာကွယ်ရေးဇုန်ထဲက ဝင်ရောက် ပျံသန်းတာမျိုးကို ၂၀၁၉ နောက်ပိုင်း အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ ရုရှားကတော့ တောင်ကိုရီးယားရဲ့ လေကြောင်း ကာကွယ်ရေး ဇုန်ဆိုတာ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီဘဲ တစ်ဖက်သတ် သတ်မှတ်ထားတာ ဖြစ်တာကြောင့် အသိအမှတ် မပြုကြောင်း အတိအလင်း ပြောဆိုထားဖူးပါတယ်။

ကိုးကား: Korea Times

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်တဲ့ KF-21 Boramaeရဲ့ ပထမဆုံး တစ်စီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီး လေတပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook