Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ ဆွေးနွေးဖို့ အမြဲ လမ်းဖွင့်ထားကြောင်း ဂျပန်ဝန်ကြီးချုပ်ပြော

တရုတ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အမြဲတမ်း လမ်းဖွင့်ထားကြောင်း ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိက ပြောပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အမြဲတမ်း လမ်းဖွင့်ထားကြောင်း ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိက ပြောပါတယ်။

နှစ်နိုင်ငံကြား လတ်တလောမှာ သံတမန်ရေး တင်းမာမှုတွေ ရှိနေပေမယ့် ဂျပန်ကတော့ တရုတ်ကို အရေးပါတဲ့ အိမ်နီးချင်းအဖြစ် သတ်မှတ်ထားပြီး ကောင်းမွန်တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုးကို လိုလားတယ်လို့ သူက ဆိုပါတယ်။

နိုဝင်ဘာ လဆန်းတုန်းက ထိုင်ဝမ်အရေးကို အကြောင်းပြုပြီး တကအိချိ ပြောဆိုခဲ့တဲ့ မှတ်ချက် စကားတစ်ခွန်းကြောင့် တရုတ်-ဂျပန် ဆက်ဆံရေးဟာ နှစ်ပေါင်း အတော်များများအတွင်း အဆိုးဆုံး အဆင့်ကို ရောက်ရှိနေခဲ့ပါတယ်။ တရုတ်ကသာ ထိုင်ဝမ်ကို ကျူးကျော်စစ်ပြုရင် ဂျပန်ကလည်း ထိုင်ဝမ်ကိုကူဖို့ တပ်တွေ စေလွှတ်ပေးမယ်ဆိုတဲ့ တကအိချိရဲ့ စကားအပေါ် တရုတ်က အကြီးအကျယ် ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၇ ရက် သတင်းစာ ရှင်းလင်းပွဲမှာတော့ တကအိချိက တရုတ်ဟာ ဂျပန်အတွက် အရေးကြီးတဲ့ အိမ်နီးချင်းဖြစ်ပြီး နှစ်နိုင်ငံကြား အပြုသဘောဆောင်တဲ့၊ တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားဖို့ လိုအပ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ တရုတ်နဲ့ စေ့စပ် ဆွေးနွေးမှုတွေအတွက် ဂျပန်ဟာ အမြဲတမ်း လမ်းဖွင့်ထားကြောင်း၊ ဂျပန်ဖက်ကတော့ တံခါးတွေကို ပိတ်ထားမှာ မဟုတ်ကြောင်း သူက ဆက်ပြောခဲ့ပါတယ်။

တရုတ်ဟာ တကအိချိရဲ့ စကားကို မကျေနပ်ရာက သံတမန်ရေးအပြင် တခြားနည်းလမ်းတွေနဲ့ပါ ဖိအားပေး တုံ့ပြန်တာတွေ ရှိနေပါတယ်။ ဂျပန် အစိုးရရဲ့ အချက်အလက်တွေအရ တရုတ်ကနေ ဂျပန်ဆီ လာရောက်လည်ပတ်သူ ဦးရေဟာလည်း သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

အိုဆာကာ ကမ္ဘာလှည့် ခရီးသွားဗျူရို ပြောရေးဆိုခွင့်ရ အရာရှိ တာကာယူကီ ကီတာနာကာကတော့ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်လာတဲ့ တစ်နေ့မှာတော့ တရုတ်ခရီးသွားတွေ အများအပြား ပြန်ဝင်ရောက်လာဖို့ မျှော်လင့်ထားပြီး အဲဒီအတွက် ပြင်ဆင်ထားရမယ်လို့ ပြောပါတယ်။

ဂျပန်ကို လာရောက်လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေထဲမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး အခုနှစ် ပထမ ၉ လပတ်အတွင်း အရေအတွက် ၇.၅ သန်းနီးပါးလောက်ထိ ရှိခဲ့ပါတယ်။

လောလောဆယ်တော့ တရုတ်နဲ့ ဂျပန်တို့ကြားမှာ စစ်ရေးအရလည်း အထိုက်အလျောက် တင်းမာတာတွေ ရှိနေပြီး မကြာသေးခင်က ဂျပန် တိုက်လေယာဉ်တွေကို တရုတ် တိုက်လေယာဉ်တွေက ပစ်မှတ်ရှာ ရေဒါနဲ့ အချိန်အတော်ကြာ ချိန်ထားခဲ့တာကြောင့် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ် သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန် ဝန်ကြီးချုပ်ကို ခေါင်းဖြတ်သင့်တယ် ဆိုတာမျိုး အဓိပ္ပါယ် သက်ရောက်တဲ့ တရုတ် သံအရာရှိရဲ့ မှတ်ချက်ကြောင့် နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ မြင့်တက်လာနေပါတယ်။

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်နိုင်ငံရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အတိတ်တွေအတွက် နောင်တရမိတယ်လို့ စစ်ပြီးဆုံးမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရှုပ်အထွေးတွေ ကြုံတွေ့ခဲ့ပြီး လူထု ထောက်ခံမှု ကျဆင်းခဲ့တဲ့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါရဲ့ နေရာမှာ အစားထိုးမယ့် ပုဂ္ဂိုလ်ကို ဂျပန် အာဏာရ နိုင်ငံရေး ပါတီက မဲပေး ရွေးချယ်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်သစ် တစ်ဦးကို အောက်တိုဘာ ၁ ရက်နေ့ကျရင် တရားဝင် ရွေးချယ် တင်မြှောက်မယ်လို့ ဂျပန် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။