Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ တောဆင်ရိုင်းအုပ်ကို ရထားဝင်တိုက်ပြီး ဆင် ၇ ကောင်သေ

အိန္ဒိယ နိုင်ငံမှာ တောဆင်ရိုင်းအုပ်ကို ရထားက ဝင်တိုက်မိခဲ့တာကြောင့် ဆင် ၇ ကောင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

အိန္ဒိယ နိုင်ငံမှာ တောဆင်ရိုင်းအုပ်ကို ရထားက ဝင်တိုက်မိခဲ့တာကြောင့် ဆင် ၇ ကောင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ရထားလမ်းဖြတ် တစ်နေရာကို ဆင်အုပ်က ဖြတ်ကူးနေတဲ့အချိန် အရှိန်နဲ့ ခုတ်မောင်းလာတဲ့ ခရီးသည်တင် ရထားက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းက အာသံပြည်နယ်၊ ဟိုဂျိုင်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့ အာရှဆင်တွေထဲမှာ ဆင်သားပေါက် တချို့လည်း ပါဝင်ခဲ့ပါတယ်။

ရထားမောင်းသူဟာ ကောင်ရေ ဒါဇင်တချို့ပါတဲ့ ဆင်အုပ်ကို မြင်မြင်ချင်း အရေးပေါ် ဘရိတ်ဆွဲခဲ့ပေမယ့်လည်း ကံမကောင်းစွာပဲ တချို့ တိရစ္ဆာန်တွေကိုတော့ ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ အရှေ့မြောက် နယ်စပ် မီးရထားလိုင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆင်အုပ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ရထားတွဲ ၅ ခု လမ်းချော်သွားခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ပါဘူး။ ရထားဟာ အိန္ဒိယရဲ့ မြို့တော် ဒေလီဆီကို ဦးတည် ခုတ်မောင်းနေခဲ့တာ ဖြစ်ပါတယ်။

ရထားမတော်တဆမှုအပြီး အဲဒီဒေသမှာ ရထားပြေးဆွဲမှု တော်တော်များများကို ပယ်ဖျက်တာ၊ လမ်းကြောင်းပြောင်းစေတာတွေ လုပ်ခဲ့ရပါတယ်။

သေဆုံးခဲ့တဲ့ တောဆင်ရိုင်းတွေကို တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက သေမှုသေခင်း စစ်ချက်ယူပြီး အဲဒီနေ့မှာပဲ မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

အာသံပြည်နယ်ဟာ အိန္ဒိယမှာ ဆင်ကောင်ရေ အများဆုံး ရှိနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ အာသံမှာ မှတ်တမ်းတင် စာရင်းသွင်းလို့ ရထားတဲ့ ဆင်ကောင်ရေပေါင်း ၆၀၀၀ နီးပါး ရှိနေပါတယ်။

အရင်ကလည်း အိန္ဒိယမှာ ရထားတွေနဲ့ တောဆင်ရိုင်းအုပ်တွေ တိုက်မိတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၂၀ ဖြစ်စဉ်ကတော့ ပုံမှန်ဆိုရင် တောဆင်ရိုင်းတွေ ကျက်စားသွားလာလေ့ရှိတဲ့ နယ်မြေ မဟုတ်ဘူးလို့ ရထားလိုင်းက မှတ်ချက်ပေးခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။