Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမြန်ဆုံး အပစ်ရပ်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အာဆီယံဆိုင်ရာ တရုတ်ကိုယ်စားလှယ် တိုက်တွန်း

တရုတ်အစိုးရရဲ့ အရှေ့တောင်အာရှရေးရာ အထူးကိုယ်စားလှယ်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် အမြန်ဆုံး ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်အစိုးရရဲ့ အရှေ့တောင်အာရှရေးရာ အထူးကိုယ်စားလှယ်က ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် အမြန်ဆုံး ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာ နှစ်နိုင်ငံကြား ဦးစားပေး လုပ်သင့်တဲ့ ကိစ္စက တိုက်ပွဲတွေကို ချက်ချင်းရပ်ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တစ်ခုကို ညှိနှိုင်းဖို့ဖြစ်ကြောင်း၊ အဲဒီနောက်မှာတော့ နယ်စပ် အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့လိုကြောင်း တရုတ်ရဲ့ အာဆီယံရေးရာ ကိုယ်စားလှယ် တန်ရှိကျွိန်က ပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်နိုင်ငံ တိုက်ပွဲတွေ ပြန်လည် စတင်လာတာ ဒီဇင်ဘာ ၇ ရက်နေ့ ကတည်းက ဖြစ်ပါတယ်။ အဲဒီ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံဟာ ဇူလိုင်လကုန်ပိုင်းတုန်းက ၅ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ဖူးပေမယ့် မလေးရှား၊ အမေရိကန် အစိုးရတွေရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်မှာ အဲဒီ သဘောတူညီမှု ပျက်ပြယ်သွားပြီး တိုက်ပွဲတွေ ပြန်လည် စတင်လာတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် အာဆီယံ နိုင်ငံတွေရဲ့ အားထုတ် ကြိုးစားမှုတွေကို ထောက်ခံကြောင်းလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တန်ကတော့ မကြာသေးခင်ကတင် ထိုင်းရော၊ ကမ္ဘောဒီးယားကိုပါ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံစလုံးရဲ့ ဝန်ကြီးချုပ်တွေ၊ အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ တရုတ်က နှစ်နိုင်ငံကြားမှာ အပြန်အလှန် ပေါင်းကူး ညှိနှိုင်းပေးဖို့ ရည်ရွယ်ထားတဲ့ သံတမန်ရေး ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

တန်က တရုတ်ဟာ ထိုင်းရော၊ ကမ္ဘောဒီးယားရဲ့ အိမ်နီးချင်း မိတ်ဆွေကောင်း ပီသမှုကို ပြသဖို့အတွက် ကြားဝင် စေ့စပ်ပေးနိုင်ရေးကို လိုလားကြောင်းလည်း ပြောပါတယ်။ နောက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကူညီ ညှိနှိုင်းပေးထားတဲ့ ပထမအကြိမ် အပစ်ရပ် သဘောတူညီမှုကို ရည်ညွှန်းခြင်း မရှိဘဲ တရုတ်က ကိုယ်ပိုင် အစီအမံနဲ့ စေ့စပ်ဆွေးနွေးပေးလိုတဲ့ သဘောမျိုးလည်း တန်က ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒရုန်းတွေ စေလွှတ်ပြီး အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ ထိုင်းရဲ့ စွပ်စွဲချက်ကို ကမ္ဘောဒီးယားက ငြင်းဆန်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်နေသလို တစ်ချိန်တည်းမှာပဲ ထိုင်းကလည်း ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ ချိန်းဆိုထားပေမယ့် ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယား နယ်မြေထဲမှာ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကမ္ဘောဒီးယားက ထုတ်ပြန်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုမယ့် အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။