Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ရေး ဆွေးနွေးဖို့ သဘောတူထားပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား ဆက်လက် တိုက်ခိုက်နေ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ ချိန်းဆိုထားပေမယ့် ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယား နယ်မြေထဲမှာ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကမ္ဘောဒီးယားက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - AFP

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ ချိန်းဆိုထားပေမယ့် ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယား နယ်မြေထဲမှာ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကမ္ဘောဒီးယားက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းတုန်းက ထိုင်းစစ်တပ်ဟာ လက်နက်ကြီးတွေ၊ သံချပ်ကာယာဉ်တွေမှာ တပ်ဆင်ထားတဲ့ စက်သေနတ်တွေကို အသုံးပြုပြီး နယ်စပ်တလျှောက်မှာရှိတဲ့ ကမ္ဘောဒီးယား စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က နှစ်နိုင်ငံ နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေ ပြန်လည် စတင်လာချိန် ကတည်းက ထိုင်းရဲ့ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘောဒီးယား အရပ်သား သေဆုံးမှု အရေအတွက်ဟာ ၂၁ ဦးထိ ရှိလာပြီလို့လည်း ဆိုပါတယ်။ ကမ္ဘောဒီးယား အစိုးရဟာ စစ်သားတွေ ထိခိုက် ဒဏ်ရာရမှု ကိန်းဂဏန်းတွေကိုတော့ မထုတ်ပြန်ပါဘူး။

ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားဖက်ခြမ်း နယ်စပ်တလျှောက်က လူနေဧရိယာတွေကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲထားပါတယ်။ ထိုင်းစစ်တပ်ကတော့ စစ်ဆင်ရေး အားလုံးဟာ ပရော်ဖက်ရှင်နယ် စည်းမျဉ်း ကျင့်ဝတ်တွေနဲ့ ညီညွတ်ပြီး စစ်ရေးပစ်မှတ်တွေကိုသာ ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၂ ရက်နေ့တုန်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ စည်းဝေးခဲ့ပြီး အဖွဲ့ဝင် နှစ်နိုင်ငံကြားက စစ်ရေး ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ဖို့ ညှိနှိုင်းခဲ့ကြပါတယ်။

အဲဒီနောက် နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေဟာ အပစ်အခတ် ရပ်စဲရေးအတွက် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေးကိစ္စ စတင် ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အာဆီယံကလည်း နှစ်ဖက်ကြား တင်းမာမှုတွေကို လျှော့ချဖို့၊ အခြေအနေ အားလုံးကို အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုက်ပွဲတွေက ဆက်ပြီး ဖြစ်ပွားနေတာပါ။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် တင်းမာမှုတွေကို အကြောင်းပြုပြီး ဇူလိုင်လကုန်က ၅ ရက်ကြာ စစ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် အပစ်အခတ် ရပ်စဲခဲ့ပေမယ့် အခြေအနေတွေက ပြန်လည် ဆူပွက်လာပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ တိုက်ခိုက်မှုတွေ တကျော့ပြန် စတင်လာတာ ဖြစ်ပါတယ်။

ကိုးကား: Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ အထူးကျော်ကြားတဲ့ မိုင်းရှာဖွေရေး ကြွက်ငယ်လေး တစ်ကောင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကမ္ဘောဒီးယားက ပုံတူရုပ်တု တစ်ခုကို ထုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။