Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က ကုလသမဂ္ဂ ဖြစ်လာနေပြီလို့ ထရမ့်ဆို

အမေရိကန်ဟာ တကယ့် ကုလသမဂ္ဂ (UN) စစ်စစ် ဖြစ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

ဓာတ်ပုံ - AFP

အမေရိကန်ဟာ တကယ့် ကုလသမဂ္ဂ (UN) စစ်စစ် ဖြစ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

အခုနှစ်ထဲမှာ သူ့အစိုးရဟာ အဋ္ဌမမြောက် နိုင်ငံတကာ ပဋိပက္ခတစ်ခု ဆုံးခန်းတိုင်သွားအောင် ကြားဝင် ညှိနှိုင်းပေးနိုင်ခဲ့တာကြောင့် UNရဲ့ တာဝန်တွေကို ပီပီပြင်ပြင် လုပ်ဆောင်ပြနေတဲ့ သဘောပဲလို့ ထရမ့်က သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

သူရည်ညွှန်းတဲ့ အဋ္ဌမမြောက် နိုင်ငံတကာ ပဋိပက္ခ ဆိုတာဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီမှု ရရှိသွားတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ စစ်ပွဲ ဖြစ်ပါတယ်။ အဲဒီ အပစ်ရပ် စေ့စပ်ညှိနှိုင်းမှုအတွက် တရုတ်နဲ့ မလေးရှား အစိုးရတွေရဲ့ ထဲထဲဝင်ဝင် အားထုတ်မှုတွေလည်း ပါဝင်ခဲ့ပေမယ့် ထရမ့်ကတော့ UNရဲ့ အလုပ်ကို အမေရိကန်က ဝင်လုပ်ပေးနေတယ်လို့ ကြွေးကြော်ခဲ့တာ ဖြစ်ပါတယ်။

သူက UNဟာ နိုင်ငံတကာ ပဋိပက္ခတွေနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် အကူအညီ ပေးတာမျိုး အရမ်းနည်းပါးခဲ့ကြောင်း၊ ရုရှားနဲ့ ယူကရိန်းကြားက လက်ရှိ စစ်ရေး ပဋိပက္ခမှာလည်း ဘာမှ ဝင်မလုပ်ပေးနိုင်ကြောင်း ဝေဖန်ခဲ့ပါသေးတယ်။ အမေရိကန်ဟာ ရုရှားနဲ့ ယူကရိန်းတို့ စစ်ပွဲရပ်ဆိုင်းနိုင်ရေး အဓိက ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က UN အနေနဲ့ စပြီး နိုးကြားသက်ဝင်သင့်ပြီ ဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးမှာ သေသေချာချာ ဝင်ပါသင့်တယ်လို့လည်း ရေးသားထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ အမေရိကန်မှာ သူအာဏာရလာချိန် ကတည်းက ထရမ့်ဟာ UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအတွက် ထောက်ပံ့တဲ့ ရန်ပုံငွေတွေကို သိသိသာသာ လျှော့ချနေခဲ့ပါတယ်။

ထရမ့်က အပစ်အခတ် ရပ်စဲဖို့ ရွေးချယ် ဆုံးဖြတ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကိုလည်း ချီးကျူးခဲ့ပါတယ်။ မြန်ဆန်ပြီး မျှတတဲ့ ညှိနှိုင်းဆုံးဖြတ်မှုတွေနဲ့ ဒီကိစ္စကို ခပ်မြန်မြန် အဆုံးသတ်နိုင်ခဲ့တဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ ပညာဉာဏ် ပြည့်စုံ ထက်မြက်မှုကို သူ့အနေနဲ့ ဂုဏ်ပြုပါတယ်လို့ ထရမ့်က ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်ကိစ္စ အငြင်းအခုံကြောင့် ဇူလိုင်လတုန်းက ၅ ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့ဖူးပြီး မလေးရှား၊ အမေရိကန်တို့ရဲ့ စေ့စပ်ပေးမှုကြောင့် အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ နောက်တစ်ကြိမ် တိုက်ပွဲတွေ ပြန်စလာပြီး သီတင်းသုံးပတ်လောက် အကြာမှာ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲဖို့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: WIO

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရေတပ် သင်္ဘောတွေကို ပြည်ပနိုင်ငံတွေမှာ တည်ဆောက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ခန့်အပ်ထားတဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။