Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ လိင်ပိုင်းဆိုင်ရာ မှုခင်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေ မွမ်းမံပြောင်းလဲ

လိင်ပိုင်းဆိုင်ရာ မှုခင်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ထိုင်းအစိုးရက ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ မကြာသေးခင်က တော်ဝင်ပြန်တမ်းမှာ ပုဒ်မ ၃၀ နဲ့ ပတ်သက်တဲ့ ပြင်ဆင် ပြောင်းလဲမှုတွေ အကြောင်းကို ထည့်သွင်း ကြေညာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းနဲ့ ပိုမိုသင့်တော်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်မျိုးတွေ ဖြစ်လာစေဖို့လို့ ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ မှုခင်းတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ထိုင်းအစိုးရက ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ မကြာသေးခင်က တော်ဝင်ပြန်တမ်းမှာ ပုဒ်မ ၃၀ နဲ့ ပတ်သက်တဲ့ ပြင်ဆင် ပြောင်းလဲမှုတွေ အကြောင်းကို ထည့်သွင်း ကြေညာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းနဲ့ ပိုမိုသင့်တော်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်မျိုးတွေ ဖြစ်လာစေဖို့လို့ ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

အဓိက အပြောင်းအလဲတွေကတော့ ပရော်ဖက်ရှင်နယ် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့် အလွဲသုံးစားပြုတာ၊ အွန်လိုင်းနဲ့ ဆက်စပ်ပြီး ကျူးလွန်တာတွေကိုပါ ဥပဒေသစ်က လွှမ်းခြုံလာတာ ဖြစ်ပါတယ်။

မုဒိမ်းမှုနဲ့ ပတ်သက်ပြီး အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကိုလည်း ပြင်ဆင်ခဲ့ပြီး နစ်နာသူရဲ့ ဆန္ဒမပါရင် ကျူးလွန်သူက လိင်အကြမ်းဖက်မှုမြောက်တဲ့ အတင်းအကျပ် ခိုင်းစေမှု အားလုံးဟာ မုဒိမ်းမှုထဲ အကျုံးဝင်လာမှာ ဖြစ်ပါတယ်။

နောက်ပြီး နစ်နာသူက အရှက်ရ၊ စိတ်အနှောင့်အယှက်ဖြစ်ရ၊ ဒါမှမဟုတ် ကြောက်ရွံ့ရပြီး လိင်ပိုင်းဆိုင်ရာ နိုင်ထက်စီးနင်း ပြုလိုတဲ့ သဘောထားမျိုး ပါဝင်ရင် ခန္ဓာကိုယ်ချင်း ထိတွေ့မှု မရှိတာတောင်မှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု မြောက်လာမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ နှုတ်နဲ့ဖြစ်စေ၊ ကိုယ်အမူအယာနဲ့ဖြစ်စေ စော်ကားတဲ့၊ အနှောင့်အယှက်ပေးတဲ့၊ နောက်ယောင်ခံလိုက်တဲ့ လုပ်ရပ်တွေလည်း အကျုံးဝင်လာမှာဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်ထိဖြစ်စေ၊ ဘတ် ၂၀၀၀၀ ထက် မပိုတဲ့ ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်မယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ ကျူးလွန်သူတွေဟာ သူတို့ရဲ့ မသမာမှုမှာ လုပ်ပိုင်ခွင့် ဩဇာနဲ့ အခွင့်အာဏာကို မလျော်မကန် အသုံးချထားတယ် ဆိုရင်၊ ဥပမာ လက်အောက်ငယ်သားတွေ၊ ဝန်ထမ်းတွေအပေါ် ကျူးလွန်တာမျိုး၊ ဆရာက တပည့်အပေါ် ကျူးလွန်တာမျိုးဆိုရင် ပြစ်ဒဏ်တွေက ပိုပြီး ပြင်းထန်သွားမှာပါ။ အဲဒီလို လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးမှုတွေ ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ဘတ် ၆၀၀၀၀ ထိဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။ အခုလို ဥပဒေတွေ ပြင်ဆင်လိုက်တဲ့ ရည်ရွယ်ချက်က လုပ်ငန်းခွင်တွေနဲ့ ပညာရေး အသိုက်အဝန်းမှာ မလျော်ဩဇာသုံးပြီး အမြတ်ထုတ်တာတွေကို တားဆီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ဥပဒေသစ်အရ နစ်နာသူကို အကာအကွယ် ပေးနိုင်ဖို့အတွက် ကွန်ပျူတာနဲ့ အွန်လိုင်းမှာ ရှိနေတဲ့ အချက်အလက်တွေကို ချက်ချင်း ဖယ်ရှားဖို့ တရားရုံးတွေမှာ လုပ်ပိုင်ခွင့် ရှိလာပါတယ်။ ဥပဒေ ပြင်ဆင်မှုမှာတော့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုမမြောက်တဲ့ သမားရိုးကျ နိုင်ထက်စီးနင်းမှုတွေ၊ ဥပမာအားဖြင့် လိင်စော်ကားမှုမျိုး မဟုတ်ဘဲ တစ်စုံတစ်ယောက်ကို အရှက်ရအောင်၊ စိတ်မလုံခြုံအောင် ဖိအားပေးတာတွေကိုလည်း ဘတ် ၁၀၀၀၀ ထိ ဒဏ်ရိုက်နိုင်တဲ့ သတ်မှတ်ချက်မျိုး ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူဟာ ထိုင်းနိုင်ငံမှာနေထိုင်သူဆိုရင်တော့ ဒီကာလမှာအ​နေအထိုင်အထူးသတိပြုဖို့လိုအပ်​နေပါပြီ။ ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံသား​တွေ နဲ့ မြန်မာတွေအကြား ပြသာနာဖြစ်​အောင်ဖန်တီးလှုံ့ဆော်သူ​တွေရှိ​နေလို့ဖြစ်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးဖို့ ချိန်းဆိုထားပေမယ့် ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယား နယ်မြေထဲမှာ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကမ္ဘောဒီးယားက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေအတွက် တရုတ်က အလိုရှိနေတဲ့ ဝရမ်းပြေး တစ်ဦးကို ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့မှာ ဖြစ်ပွားခဲ့ပြီး မိန်းကလေးငယ် တစ်ယောက် လက်ပြတ်သွားတဲ့ထိ ဆိုးရွားခဲ့တဲ့ ဓားခုတ်မှု ကျူးလွန်ခဲ့တဲ့ လူငယ် ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။