Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂရင်းလန်ရဲ့ အနာဂတ်အတွက် အဆုံးအဖြတ် ကာလတစ်ခုကို ရောက်နေပြီလို့ ဒိန်းမတ် ဝန်ကြီးချုပ် ဝန်ခံ

ဂရင်းလန်ကျွန်း အရေးဟာ တကယ့် အဆုံးအဖြတ် ကာလတစ်ခုကို ရောက်နေပြီလို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဝန်ခံ ပြောကြားသွားပါတယ်။

ဓာတ်ပုံ - AFP, Reuters

ဂရင်းလန်ကျွန်း အရေးဟာ တကယ့် အဆုံးအဖြတ် ကာလတစ်ခုကို ရောက်နေပြီလို့ ဒိန်းမတ် ဝန်ကြီးချုပ်က ဝန်ခံ ပြောကြားသွားပါတယ်။

ဓာတ်ပုံ – AFP, Reuters

ဒိန်းမတ်ပိုင်နက် နယ်မြေဖြစ်တဲ့ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းသွင်းလိုကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတိအလင်း ပြောကြားထားပါတယ်။ ဒိန်းမတ်ဟာ အမေရိကန်ရဲ့ မဟာမိတ် NATO အဖွဲ့ထဲမှာ ပါဝင်နေတဲ့တိုင် လိုအပ်လာရင် အာတိတ်ဒေသမှာ ရှိနေတဲ့ ဂရင်းလန်ကို ရဖို့အတွက် စစ်အင်အား သုံးတဲ့ နည်းမျိုးကိုပါ ရွေးချယ်နိုင်ကြောင်း ထရမ့်က ခြိမ်းခြောက်မှုဆန်ဆန် အရိပ်အမြွက် ပြောဆိုထားပါတယ်။

အဲဒီနောက်မှာတော့ ဂရင်းလန် အရေးနဲ့ ပတ်သက်ပြီး ဒိန်းမတ်ဟာ အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်ဒီစီမှာ အမေရိကန် အရာရှိတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် အစည်းအဝေးတွေ မတိုင်ခင်မှာ ဒိန်းမတ် ဝန်ကြီးချုပ် မတ်တေး ဖရက်ဒရစ်ဆန်က ဂရင်းလန်ကို အကြောင်းပြုပြီး အကျပ်အတည်းတစ်ခု ကြုံနေရကြောင်း ဝန်ခံခဲ့ပါတယ်။

လက်ရှိဟာ အဆုံးအဖြတ် ကာလမျိုး ဖြစ်နေကြောင်း၊ ဂရင်းလန်ရဲ့ အနာဂတ်အတွက် ချက်ချင်းတုံ့ပြန် စီမံရမယ့် အခြေအနေတွေ ကြုံနေကြောင်း ဝန်ကြီးချုပ်က တခြားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ မူဝါဒရေးရာ ဆွေးနွေးငြင်းခုံမှု အစီအစဉ် တစ်ခုမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ဖရက်ဒရစ်ဆန်က ဒိန်းမတ်ဟာ ဘယ်လို အခြေအနေမျိုးတွေမှာဖြစ်ဖြစ် နိုင်ငံရဲ့ တန်ဖိုးကို အာတိတ်ဒေသထဲမှာပါ ဖြန့်ကျက် ကာကွယ်သွားမှာ ဖြစ်ကြောင်း၊ ဒိန်းမတ် အနေနဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ၊ ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာကိုယ် စီမံပြဋ္ဌာန်းပိုင်ခွင့်တွေအပေါ် အပြည့်အဝ ယုံကြည်ကြောင်းလည်း Facebookမှာ ရေးသားထားခဲ့ပါတယ်။

လက်ရှိမှာတော့ ဂျာမနီနဲ့ ဆွီဒင်တို့လို ဥရောပ နိုင်ငံတွေဟာ ဂရင်းလန် ကိစ္စမှာ ဒိန်းမတ်အစိုးရဖက်က အပြည့်အဝ ထောက်ခံ ရပ်တည်ထားပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်ရဲ့ ဥရောပ မဟာမိတ်တွေဟာ ဂရင်းလန် အရေးမှာ ထရမ့်ကို အတိအလင်း ဆန့်ကျင်ထားခြင်းလည်း ဖြစ်ပါတယ်။

ဂျာမနီ အစိုးရက ဝါရှင်တန်မှာ ဇန်နဝါရီ ၁၂ ရက်ကျရင် ပြုလုပ်မယ့် ဆွေးနွေးပွဲတွေ မတိုင်ခင် နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်ကို ကြေညာခဲ့ရာမှာတော့ ဒိန်းမတ်၊ ဂရင်းလန်တို့နဲ့ တစ်သားတည်းအတူ အားပေး ထောက်ခံနေမယ်လို့ ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုနဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်း ဝါဒါဖူလ်တို့ဟာ ကမ္ဘာ့မြောက်ဖျားဒေသက မဟာဗျူဟာ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အိုက်စ်လန်နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

ဂရင်းလန်မှာ အမေရိကန် စစ်စခန်းတစ်ခုကို ဒိန်းမတ်က အခြေစိုက်ခွင့် ပြုထားပြီး စစ်သည် အရေအတွက် အကန့်အသတ်မရှိ ဖြန့်ချက်ဖို့ လက်ခံထားပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ အဲဒါဟာ အမေရိကန်က ဂရင်းလန်မှာ မြေငှားထားရတဲ့ သဘောသာဖြစ်ပြီး အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားတွေအတွက် လုံလောက်မှု မရှိကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

Trending

Facebook