Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ နှင်းဖုံးနေတဲ့ လမ်းမပေါ် ကားအစီး ၁၀၀ ကျော် ဆင့်တိုက်

အမေရိကန်နိုင်ငံ၊ မစ်ချီဂန် ပြည်နယ်ထဲမှာ နှင်းတွေ ထူထူထပ်ထပ် ကျရောက်နေရာကနေ ကားအစီး ၁၀၀ လောက်ဆင့်ပြီး ယာဉ်တိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ မစ်ချီဂန် ပြည်နယ်ထဲမှာ နှင်းတွေ ထူထူထပ်ထပ် ကျရောက်နေရာကနေ ကားအစီး ၁၀၀ လောက်ဆင့်ပြီး ယာဉ်တိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရသူတွေတော့ မပါဝင်ဘူးလို့ ယုံကြည်ရကြောင်း ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးတော့ နှင်းဖုံးနေတဲ့ လမ်းပေါ်မှာ အကြီးစား ယာဉ်တိုက်မှုအပြီး ဖြစ်ပေါ်လာတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို ရှင်းလင်းဖို့ အပူတပြင်း ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

I-196 လမ်းမကြီးပေါ်မှာ အကြီးစား ကွန်တိန်နာ ကားကြီးတွေနဲ့ တခြားယာဉ်တွေ ဆင့်ကဲတိုက်မိရာက နောက်ထပ်ယာဉ်တွေ ဆင့်ပြီးတိုက်မိခဲ့ကြတာ ဖြစ်ပါတယ်။ နှင်းတွေ အရမ်းကျပြီး မြင်ကွင်းဝေဝါးနေခြင်းကလည်း နောက်က ကပ်ပါလာတဲ့ ကားတွေဟာ ယာဉ်တိုက်မှုကို ကြိုမမြင်ရဘဲ အနီးကပ်မှ ဘရိတ်အုပ်လို့ မမီတော့ဘဲ ဖြစ်ကုန်ကြတာပါ။

ကားတော်တော်များများဟာ လမ်းဘေးကိုလည်း ချော်ထွက်ကုန်ကြပါတယ်။ တချို့ကားတွေကလည်း အချိန်မီ ဘရိတ်အုပ်နိုင်ခဲ့တဲ့နောက် နောက်ကနေ ဝင်တိုက်တာ ခံရနိုင်လို့ လမ်းဘေးကို ကမန်းကတမ်း ထိုးချထားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နှင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြင်ကွင်းမရှင်းတဲ့အတွက် ကားတွေကို ခပ်ဖြည်းဖြည်း မောင်းနေကြလို့လည်း အသေအပျောက် မရှိခဲ့တာ ဖြစ်နိုင်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မှတ်ချက်ပေးထားပါတယ်။

မစ်ချီဂန်ရဲ့ တချို့နေရာတွေမှာ အပူချိန်က အနုတ် ၂၂ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေပြီး ရာသီဥတုက အရမ်းကြမ်းတမ်းနေတာကြောင့် ယာဉ်တွေကို အတတ်နိုင်ဆုံး ဖြည်းဖြည်း မောင်းကြဖို့ အာဏာပိုင်တွေက ဆော်ဩထားပါတယ်။

အမေရိကန် အမျိုးသား ရာသီဥတုဌာနက မစ်ချီဂန်မှာ နှင်းတွေကျဆင်းမှုဟာ ၄ လက်မ ထုလောက်ထိ ရောက်ရှိခဲ့ပြီး အရမ်းအေးစက်တဲ့ လေတွေလည်း အပြင်းအထန် တိုက်ခတ်နေခဲ့ကြောင်း ဆိုပါတယ်။ ယာဉ်တိုက်မှု ဖြစ်ပွားတဲ့ နေရာကို ရှင်းလင်းရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေစဉ် အတောအတွင်း နောက်ထပ်ကားတွေ အသွားအလာ မလုပ်ကြဖို့လည်း ရဲတွေက သတိပေး ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

Facebook