Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၀၁ ထပ်မိုးမျှော်တိုက်ကို လက်ဗလာနဲ့အလွတ်တက်ပြခဲ့တဲ့ လူ့စွန့်စား

အမေရိကန် လူစွန့်စား တောင်တက်သမား တစ်ဦးဟာ အကာအကွယ်ကိရိယာတွေနဲ့ ကြိုးတွေ လုံးဝ မသုံးဘဲ ထိုင်ဝမ်ရဲ့ နာမည်ကျော် ထိုင်ပေ ၁၀၁ မျှော်စင်ကြီးကို အလွတ် တွယ်တက်ခဲ့ပါတယ်။

ဓာတ်ပုံ - Netflix

ဇန်နဝါရီ – ၂၆ ၊၂၀၂၆

အမေရိကန် လူစွန့်စား တောင်တက်သမား တစ်ဦးဟာ အကာအကွယ်ကိရိယာတွေနဲ့ ကြိုးတွေ လုံးဝ မသုံးဘဲ ထိုင်ဝမ်ရဲ့ နာမည်ကျော် ထိုင်ပေ ၁၀၁ မျှော်စင်ကြီးကို အလွတ် တွယ်တက်ခဲ့ပါတယ်။

ဓာတ်ပုံ – Netflix

ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက အဲလက်စ် ဟွန်နိုးလ်ဟာ Netflixရဲ့ Skyscraper Live အစီအစဉ်အတွက် ကမ္ဘာပေါ်မှာ အမြင့်ဆုံး စာရင်းဝင် အဆောက်အအုံ တစ်ခုကို စွန့်စွန့်စားစား တွယ်တက်ပြခဲ့တာ ဖြစ်ပါတယ်။

သူဟာ လက်ရဲ့ ကုတ်အားမြဲစေဖို့ မြေမှုန့်အိတ်ကလေးကလွဲရင် တခြား တောင်တက်ပစ္စည်းတွေ၊ ကြိုးတွေ လုံးဝမပါဘဲ ထိုင်ပေ ၁၀၁ ကို တွယ်တက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မူလက အဲဒီအစီအစဉ်ကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ စီစဉ်ထားခဲ့ပေမယ့် ရာသီဥတု စိုစွတ်နေမှုကြောင့် တစ်ရက်ရွှေ့ဆိုင်းခဲ့ရတာပါ။

ကမ္ဘာပေါ်မှာ ၁၁ ခုမြောက် အမြင့်ဆုံး မိုးမျှော်တိုက်ကြီးဖြစ်ပြီး ၁,၆၆၇ ပေမြင့်တဲ့ ထိုင်ပေ ၁၀၁ ရဲ့ ထိပ်ဆုံးထိ ရောက်ဖို့အတွက် ဟွန်နိုးလ်ဟာ ၁ နာရီ ၃၁ မိနစ်နဲ့ ၄၃ စက္ကန့်သာ အချိန်ယူခဲ့ရပါတယ်။

အသက် ၄၀ အရွယ် ဟာနိုးလ်ဟာ ကယ်လီဖိုးနီးယားမှာရှိတဲ့ မတ်စောက်လှပြီး ပေ ၃,၀၀၀ လောက်မြင့်တဲ့ အယ်လ်ကပ္ပတိန် တောင်ထွတ်ကြီးကို ကြိုးနဲ့ လုံခြုံရေး ကိရိယာတွေ မပါဘဲ တွယ်တက်ခဲ့ရာက လူသိများလာခဲ့သူ ဖြစ်ပါတယ်။

ထိုင်ဝမ် ဒုတိယ သမ္မတ ရှို့ဘီကင့်က လူမှုကွန်ရက်မီဒီယာ Xကနေ ဟွန်ရိုးလ်ကို ဂုဏ်ပြုစကား ဆိုခဲ့ပြီး သူ့အနေနဲ့ အဲဒီ စွန့်စားခန်းကို ရဲရဲမကြည့်ရဲခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ထိုင်ပေ ၁၀၁ ပေါ် ဟာနိုးလ်တွယ်တက်မယ့် အစီအစဉ်ကို တစ်ရက် ရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး Netflixရဲ့ အမှုဆောင် ဂျက်ဖ်ဂက်စ်ပင်က နည်းနည်းလေးတောင် အမှားအယွင်း အဖြစ်မခံချင်တာကြောင့် မစွန့်စားဖို့ ဆုံးဖြတ်ခဲ့တာလို့ ရှင်းပြသွားပါတယ်။

လက်တွေ့လောကထဲက Spidermanလို့ တင်စားခံရတဲ့ ပြင်သစ် လူစွန့်စား အလိန်းရောဘတ်ဟာလည်း အရင်တုန်းက ထိုင်ပေ ၁၀၁ ကို တွယ်တက်ဖူးပါတယ်။

အဲဒီတုန်းက ထိုင်ပေ ၁၀၁ ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံး အဆောက်အအုံအဖြစ် ရှိနေခဲ့တာပါ။ ရောဘတ်ဟာ ကြိုးတွေကို သုံးခဲ့ပြီး ဆိုင်းကြိုးတစ်ခုကိုလည်း ယူဆောင်သွားခဲ့ပါတယ်။ အဲဒီတုန်းက အဆောက်အအုံ ထိပ်ထိရောက်ဖို့ ရောဘတ်က ၄ နာရီလောက် အချိန်ယူခဲ့ရပါတယ်။

ဟာနိုးလ်ကိုတော့ အဆောက်အအုံရဲ့ ထိပ်မှာ ဇနီးဖြစ်သူက စောင့်ကြိုနေခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့ လေတိုက်ခတ်မှုနဲ့ အပူရှိန်ကြောင့် သူ့ခင်ပွန်းရဲ့ ခရီးစဉ်အတွက် စိုးရိမ်မိခဲ့ကြောင်း ဟာနိုးလ်ရဲ့ ဇနီးက ပြောပါတယ်။

ဟာနိုးလ်ရဲ့ အယ်လ်ကက်ပီတန် တောင်တက်ခရီးစဉ် မှတ်တမ်းကို Free Solo ဆိုတဲ့ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်အဖြစ် အော်စကာဆု ရခဲ့ပါတယ်။

ကိုးကား – AP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။