Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိုဘားမားကို လူမျိုးရေးခွဲခြားမှု ရောနှော ပါဝင်နေတဲ့ ဗီဒီယိုကို ထရမ့် ပြန်ဖယ်ရှား

သမ္မတဟောင်း ဘာရတ်အိုဘားမားအပေါ် လူမျိုးရေး ခွဲခြားထားတဲ့ သဘောမျိုး ရောနှောပါနေတဲ့ ဗီဒီယို တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြန်ဖယ်ရှားသွားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

သမ္မတဟောင်း ဘာရတ်အိုဘားမားအပေါ် လူမျိုးရေး ခွဲခြားထားတဲ့ သဘောမျိုး ရောနှောပါနေတဲ့ ဗီဒီယို တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြန်ဖယ်ရှားသွားခဲ့ပါတယ်။

ထရမ့်ကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်း Truthပေါ် တင်ထားတဲ့ ၆၂ စက္ကန့်ကြာ ဗီဒီယိုရဲ့ နောက်ဆုံးအပိုင်းမှာ အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ချယ်လ် အိုဘားမားတို့ကို မျောက်တွေလို့ ရည်ညွှန်းထားတဲ့ သဘောမျိုး ပါရှိလာခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုရဲ့ အဓိက ရည်ရွယ်ချက်ဟာ ထရမ့်အရေးနိမ့်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက မဲလိမ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ပြန်လည် အစဖော် ဝါဒဖြန့်ဖို့ဖြစ်ပြီး The Lion Sleeps Tonight ကို နောက်ခံသီချင်းအဖြစ် အသုံးပြုထားပါတယ်။

Turthမှာ တင်ထားခဲ့တဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး ထရမ့်က ပြန်ရှင်းပြခဲ့ရာမှာ သူကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ပြောသွားပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကို ကိုင်တွယ်တဲ့ ဝန်ထမ်းတွေထဲက တစ်ဦးကသာ အဲဒီဗီဒီယိုကို တင်ခဲ့တာ ဖြစ်ကြောင်း၊ ပြီးတော့ သူကလည်း ဗီဒီယိုရဲ့ အစပိုင်းကိုသာ ကြည့်ခဲ့ပြီး အိုဘားမားကို လှောင်ပြောင်စော်ကားထားတဲ့ အပိုင်းထိ ဆက်မကြည့်ဖြစ်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သူ့ရဲ့ ပါတီတူ လုပ်ဖော်ကိုင်ဖက် အထက်လွှတ်တော် အမတ်ဖြစ်တဲ့ တင်မ်စကော့ကတောင် ဒါဟာ အိမ်ဖြူတော် သမိုင်းမှာ သူမြင်ဖူးသမျှ အဆိုးဆုံး လူမျိုးရေးခွဲမှု တစ်ခုအဖြစ် ဝေဖန်ခဲ့သလို ပြန်ပြီး ဖြုတ်ချပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ တခြား ရီပတ်ဘလစ်ကန် အမတ်တွေကပါ ဗီဒီယိုကို ဖယ်ရှားဖို့ တောင်းဆိုခဲ့တဲ့နောက် အွန်လိုင်းကနေ ဖြုတ်ချသွားတာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ အိမ်ဖြူတော်က အဲဒီ ဗီဒီယိုကို အင်တာနက်ပေါ်က နောက်ပြောင်မှု memeတွေနဲ့ ခိုင်းနှိုင်းပြီး အလွန်အကျွံ အကဲမဆတ်သင့်ကြောင်း ကာကွယ်ပြောကြားခဲ့ပေမယ့် ဝေဖန်သံတွေ ကျယ်လောင်လာတဲ့ အခါမှာတော့ ဖယ်ရှားသွားခဲ့ပါတယ်။

ဗီဒီယိုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ အင်အားကြီး ပါတီနှစ်ခုလုံးက ဝေဖန်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ အိမ်ဖြူတော်က အဲဒီ ဗီဒီယိုဟာ ဝန်ထမ်းတစ်ဦးက မှားပြီး တင်မိခဲ့တာလို့ ဖြေရှင်းခဲ့ပါတယ်။

ဗီဒီယိုရဲ့ နောက်ဆုံးအပိုင်းမှာ ပါနေတဲ့ ဖြတ်ပိုင်းဟာ ကွန်ဆာဗေးတစ်ဝါဒီ meme ဖန်တီးသူ တစ်ဦးရဲ့ လက်ရာကို ကူးယူထားတာပါ။ ပြီးတော့ ဒီမိုကရက်တစ် ပါတီဝင်တွေဖြစ်တဲ့ ဂျိုးဘိုင်ဒန်၊ ဟီလာရီ ကလင်တန်၊ အလက်ဇန္ဒား အော်ကာရှို ကော့တက်ဇ်တို့ကိုလည်း တိရစ္ဆာန် ပုံတွေနဲ့ ယှဉ်တွဲပြထားပြီး အိုဘားမား ဇနီးမောင်နှံကိုတော့ မျောက်တွေအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ထရမ့်က ဒီဗီဒီယိုရဲ့ မူရင်းဆိုလိုရင်းဟာ မဲမသမာမှုတွေကို ထောက်ပြဖို့ သီးသန့်သာဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့ပေမယ့် အင်တာနက်ပေါ်ကနေ ဖယ်ရှားလိုက်တာကတော့ ဖြစ်သင့်တယ်လို့ ပြောပါတယ်။

အိုဘားမားကတော့ ဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ၂၀၀၉ ကနေ ၂၀၁၇ ထိ အမေရိကန် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ အိုဘားမားဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး လူမည်း သမ္မတ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ထရမ့်ဟာ အရင်တုန်းက အိုဘားမားဟာ အမေရိကန်မှာ မွေးဖွားခဲ့သူ မဟုတ်ဘူးလို့ စွပ်စွဲခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ သူ့စကားက အမှန်မဟုတ်ခဲ့ကြောင်း ပြန်လည် ဝန်ခံခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်း ရေလမ်းကြောင်းတွေရဲ့ လုံခြုံရေး အာမခံချက်ကို အမေရိကန်က ဖြည့်ဆည်းပေးနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အခုအချိန်မှ ညှိနှိုင်းချင်ရင်လည်း အီရန်အတွက် သိပ်နောက်ကျသွားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

နိုင်ငံတကာ

အမြဲတမ်း စစ်တိုက်နေရမယ် ဆိုရင်တောင် လုံလောက်တဲ့ လက်နက် ခဲယမ်း အင်အားမျိုး အမေရိကန်က စုဆောင်းထားပြီး ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်တပ်ကိုဖျက်ဆီးပြီးအစိုးရကိုဖြုတ်ချမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကအီရန်ကိုအမေရိကန်ကတိုက်ခိုက်ပြီဖြစ်ကြောင်းအသိပေးပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။