Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်က ပို့ပေးမယ့် ဆေးရုံသင်္ဘောကို ဂရင်းလန် အစိုးရ လက်မခံ

ဆေးရုံသင်္ဘောတစ်စီး ပို့ပေးမယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောခဲ့ပေမယ့် ဂရင်းလန် အစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

ဆေးရုံသင်္ဘောတစ်စီး ပို့ပေးမယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောခဲ့ပေမယ့် ဂရင်းလန် အစိုးရက လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

ဂရင်းလန် ဆိုတာဟာ ဒိန်းမတ်ပိုင်နက် ကျွန်းကြီးတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ရပ်တည်နေပါတယ်။ အာတိတ်စက်ဝိုင်းနဲ့ ဆက်စပ် တည်ရှိနေပြီး မဟာဗျူဟာအရ အချက်အခြာကျတဲ့ အဲဒီကျွန်းကို အမေရိကန် ပိုင်နက်ထဲ သိမ်းသွင်းယူလိုကြောင်း ထရမ့်က အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပြီး ဒိန်းမတ်နဲ့ ဂရင်းလန် အစိုးရတွေကတော့ အဲဒီကိစ္စကို လက်မခံကြောင်း အတိအလင်း တုံ့ပြန်ပြီး ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ ထရမ့်က ဂရင်းလန်ကျွန်းကို အမေရိကန်ရဲ့ ဆေးရုံသင်္ဘောတစ်စီး စေလွှတ်ပေးဖို့ လူဝီစီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ဂရင်းလန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျက်ဖ် လန်ဒရီနဲ့ ဆွေးနွေးနေကြောင်း လူမှုကွန်ရက် မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthပေါ်မှာ ထရမ့်က ဂရင်းလန်မှာ နာမကျန်း ဖြစ်နေလျက်နဲ့ သင့်တော်တဲ့ ဂရုစိုက် စောင့်ရှောက်မှု မရတဲ့ လူနာတွေ အများကြီး ရှိနေကြောင်း၊ ဆေးရုံသင်္ဘောက ဂရင်းလန်ဆီ စတင် ဦးတည်နေပြီဖြစ်ကြောင်းလည်း ရေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ ဂရင်းလန် ဝန်ကြီးချုပ် ဂျန်စ် ဖရက်ဒရစ်ခ် နီးလ်ဆင်က ထရမ့်ရဲ့ စေတနာအတွက် ကျေးဇူးတင်ပေမယ့် မလိုအပ်ဘူးလို့ ငြင်းဆိုစကား ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒီကို အမေရိကန် ဆေးရုံသင်္ဘော ပို့ပေးချင်တဲ့ သမ္မတ ထရမ့်ရဲ့ သဘောထားကို နားလည်ကြောင်း၊ ဒါပေမဲ့ ဂရင်းလန်မှာ ပြည်သူတွေကို အခမဲ့ စောင့်ရှောက် ကုသပေးနေပြီး ထိရောက်တဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခု ရှိနှင့်နေကြောင်း၊ ဒီစနစ်ကသာ ဂရင်းလန်က လိုလားတဲ့ ရွေးချယ်မှုဖြစ်ကြောင်း Facebookမှာ နီးလ်ဆင်က ရေးသားထားခဲ့ပါတယ်။

သူက ဂရင်းလန်ဟာ အမေရိကန် အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့ ဆက်ပြီး လမ်းဖွင့်ထားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဂရင်းလန်နဲ့ ပတ်သက်တဲ့ အစီအစဉ် တစ်ခုခုကို လူမှုကွန်ရက်ပေါ် မတင်ခင် ဂရင်းလန်ဆီ အရင် အသိပေးတာမျိုးတော့ ဖြစ်သင့်တယ်လို့လည်း နီးလ်ဆင်က မှတ်ချက်ပြုထားခဲ့ပါတယ်။

ဂရင်းလန်ဆီ ဆေးရုံသင်္ဘော စေလွှတ်ပေးမယ်ဆိုတဲ့ ထရမ့်ရဲ့ လူမှုကွန်ရက် ပို့စ်ဟာ ဂရင်းလန် ကမ်းလွန် ရေပြင်မှာ အမေရိကန် ရေငုပ်သင်္ဘော တစ်စီးရဲ့ ရေတပ်သားတစ်ဦးကို ကျန်းမာရေး အခြေအနေအရ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့တဲ့ ကိစ္စအပြီးမှာ ပေါ်ပေါက်လာတာပါ။ အဲဒီ ရေငုပ်သင်္ဘော အမှုထမ်းကို ရွှေ့ပြောင်းပေးမှုနဲ့ ဆေးရုံသင်္ဘော စေလွှတ်မယ့် ကိစ္စကြား ဆက်စပ်မှု ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

ကိုးကား: Guardian
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။