Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ကို တိုက်ဖို့ ဒုံးကျည်တွေ တည်ဆောက်နေကြောင်း ထရမ့်စွပ်စွဲချက်ကို အီရန်ငြင်းဆို

အမေရိကန်ကို တိုက်ခိုက်နိုင်မယ့် ဒုံးကျည်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစား တီထွင်နေတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲချက်ကို အီရန်က ပယ်ချသွားခဲ့ပါတယ်။

အမေရိကန်ကို တိုက်ခိုက်နိုင်မယ့် ဒုံးကျည်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစား တီထွင်နေတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲချက်ကို အီရန်က ပယ်ချသွားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲမှာ ထရမ့်က အီရန်နဲ့ အမေရိကန်ကြား လက်ရှိ တင်းမာနေမှု အခြေအနေတွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ထရမ့်က အီရန်မှာ အမေရိကန်အတွက် ရင်လေးစရာ နျူကလီးယား ရည်မှန်းချက်တွေ ရှိနေတယ်လို့ မှတ်ချက်ပေးခဲ့သလို အီရန်ဟာ ဥရောပမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေထိ လက်လှမ်းမီအောင် တိုက်ခိုက်နိုင်မယ့် ဒုံးကျည်တွေကို ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း၊ သိပ်မကြာခင်မှာ အမေရိကန် ပိုင်နက်ထိ ရောက်ရှိမယ့် ဒုံးကျည်မျိုးတွေပါ ထုတ်လုပ်လာနိုင်ခြေ ရှိနေကြောင်း ပြောဆိုသွားပါတယ်။

အီရန် နျူကလီးယား ကန့်သတ်ရေးကိစ္စကို အကြောင်းပြုပြီး နှစ်နိုင်ငံကြား စစ်ရေးအရ တင်းမာနေသလို အီရန်ပိုင်နက်နားမှာ အမေရိကန်တပ်တွေ အလုံးအရင်း ဖြန့်ကျက်ထားတဲ့ ကာလမှာ ထရမ့်က အခုလို စွပ်စွဲဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အီရန်ဟာ နျူကလီးယား စီမံကိန်းကို အရှိန်အဟုန် အပြည့်နဲ့ ပြန်စဖို့ ဆန္ဒပြင်းပြနေပြီး နိုင်ငံရဲ့ ဆိုးယုတ်တဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားနေကြောင်းလည်း ထရမ့်က ပြောသွားပါတယ်။

Public Service Announcement

Public Service Announcement

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အက်စ်မိုင်း ဘက်ကာအီကတော့ ထရမ့်ရဲ့ နာမည်ကို တိုက်ရိုက် မပြောပေမယ့် ထရမ့်ရဲ့ စကားတွေကို အတိအလင်း ငြင်းဆိုသွားခဲ့ပါတယ်။

အီရန် နျူကလီးယား စီမံကိန်း၊ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည် ကိစ္စတွေ၊ ဇန်နဝါရီလတုန်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ သေဆုံးမှု ကိန်းဂဏန်းတွေအကြောင်း တစ်ဖက်က ပြောဆိုနေသမျှ အားလုံးဟာ အကြီးစား မုသားတွေသာ ဖြစ်တယ်လို့ သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အီရန်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဇန်နဝါရီလထဲမှာ အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့တာကြောင့် လူပေါင်း ၃၂၀၀၀ လောက် သေဆုံးခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့ပါတယ်။ အီရန်က အဲဒီဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုတွေ ရှိခဲ့တယ် ဆိုတာကို ဝန်ခံထားပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အမေရိကန် စွပ်စွဲသလောက် မများခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။

အမေရိကန် အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှု သတင်းဌာန (HRANA)က အီရန် ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၇၀၀၀ လောက်ကို အတည်ပြု စုံစမ်းသိရှိထားကြောင်း ပြောကြားထားပြီး အီရန်ရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၃၀၀၀ ကျော်လို့ပဲ ဖော်ပြထားခဲ့ပါတယ်။

အမေရိကန်၊ အစ္စရေးနဲ့ အနောက်မဟာမိတ် နိုင်ငံတွေက အီရန်ဟာ နျူကလီးယားဗုံးတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြောင်း ယုံကြည်နေပေမယ့် အီရန်ကတော့ နျူကလီးယားကို စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့ပဲ ရည်ရွယ်ထားကြောင်း အကြိမ်ကြိမ် ဖြေရှင်းထားပါတယ်။

အီရန်ကိစ္စနဲ့ ပတ်သက်ရင် သံတမန်ရေး နည်းလမ်းကပဲ ဖြေရှင်းဖို့ အမြဲတမ်း ဦးစားပေး စဉ်းစားကြောင်း၊ ဒါပေမဲ့ ကျိန်းသေ ပြောနိုင်တာ တစ်ခုက နံပါတ်တစ်အဆင့် အကြမ်းဖက်အားပေး နိုင်ငံတစ်ခုမှာ နျူကလီးယား လက်နက် ပိုင်ဆိုင်လာမှာကိုတော့ သူ့အနေနဲ့ လုံးဝ ခွင့်မပြုနိုင်ကြောင်းလည်း ထရမ့်က ပြောပါတယ်။

အီရန်ကတော့ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ထိပါးနိုင်တဲ့ ကိစ္စတိုင်းကို ကျူးကျော် စစ်ပြုမှုအဖြစ် ယူဆပြီး လက်တုံ့ပြန်မယ်လို့လည်း သတိပေးထားပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။