Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်တပ်ကိုဖျက်ဆီးပြီး အီရန် အစိုးရ ကိုဖြုတ်ချမယ်လို့ ထရမ့် ပြော

အီရန်စစ်တပ်ကိုဖျက်ဆီးပြီးအစိုးရကိုဖြုတ်ချမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကအီရန်ကိုအမေရိကန်ကတိုက်ခိုက်ပြီဖြစ်ကြောင်းအသိပေးပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဖေဖော်ဝါရီ – ၂၈ ၊၂၀၂၆

အီရန်စစ်တပ်ကိုဖျက်ဆီးပြီးအစိုးရကိုဖြုတ်ချမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကအီရန်ကိုအမေရိကန်ကတိုက်ခိုက်ပြီဖြစ်ကြောင်းအသိပေးပြောကြားတဲ့ ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

အီရန်မှာအမေရိကန်က အကြီးစားစစ်ဆင်ရေးတစ်ရပ်ကိုဆင်နွှဲနေတယ်လို့ လည်း ထရမ့်က သူရဲ့ လူမှုကွန်ရက် Truth မှာတင်ထားတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောထားပါတယ်။

ဓာတ်ပုံ – Reuters

မိန့်ခွန်းထဲမှာတော့ အီရန်အစိုးရ ရဲ့ စစ်အင်အားကိုဖျက်ဆီးပစ်ပြီး အာဏာပိုင်တွေကို ဖြုတ်ချမယ်ဆိုတာကို အသိပေးပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ရဲ့ဒုံးကျည်ထုတ်လုပ်ရေးစခန်းတွေ နဲ့ အီရန်ရေတပ်ကိုလည်း ဖျက်ဆီးပစ်မှာဖြစ်ပြီး အမေရိကန်ရဲ့စစ်ရေးအရတိုက်ခိုက်မှုအပြီးမှာအီရန်ပြည်သူတွေအနေနဲ့ အစိုးရကို ဖြုတ်ချ ဖို့ ထရမ့်က တိုက်တွန်းသွားပါတယ်။

အီရန်အစိုးရကိုဖြုတ်ချဖို့အတွက်” ကျွန်တော်တို့စစ်ဆင်မှုပြီးရင် ၊ခင်ဗျားတို့ အစိုးရကို ကိုယ်တိုင်ဖြုတ်ချပါ၊ ဒါက ခင်ဗျားတို့ ရယူနိုင်မယ့် အခွင့်အရေးဖြစ်လိမ့်မယ်”လို့ ထရမ့်က အီရန်ပြည်သူတွေကိုရည်ညွှန်းပြီးပြောပါတယ်။

တဆက်တည်းမှာပဲ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အပါအဝင် အီရန် လက်နက်ကိုင်တပ်ဖွဲ့ လက်နက်ချဖို့ကိုလည်း ထရမ့်က တိုက်တွန်းပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်မှာ အီရန်ကို အစ္စရေးက စတင်တိုက်ခိုက်ခဲ့ပြီးနောက်အမေရိကန်ကပါစစ်ပွဲထဲပါဝင်လာတာပါ။

အီရန်ကလည်း အရှေ့အလယ်ပိုင်းဒေသတွင်း ယူအေအီး ၊ ဘာရိန်း ၊ကာတာ ၊ ဆော်ဒီအာရေးဘီးယားနိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေဆီဒုံးကျည်တွေနဲ့ တန်ပြန် တိုက်ခိုက်ပါတယ်။

ကိုးကား – CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

Trending

Facebook