Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ဖြတ်ဖို့ကြိုးစားတဲ့ သင်္ဘောတိုင်းကို ဖျက်ဆီးပစ်မယ်လို့ အီရန် ခြိမ်းခြောက်

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောတိုင်းကို ဖျက်ဆီးပစ်မယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောတိုင်းကို ဖျက်ဆီးပစ်မယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

အီရန်ရဲ့ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာ ရှိနေတဲ့ ဟောမုဇ် ရေလက်ကြားထဲ ဖြတ်သန်းလာသမျှ ဘယ်ရေယာဉ်ကိုမဆို ဖျက်ဆီးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း မတ်လ ၂ ရက်နေ့က ပြောကြားသွားပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကို ခံခဲ့ရတဲ့နောက် အီရန်ဟာ ဒေသတွင်း ရေလမ်းပို့ဆောင်ရေးမှာ အသက်သွေးကြော တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်လိုက်ကြောင်း ကြေညာပါတယ်။ ပြီးတော့ ဟောမုဇ်ကို ဖြတ်သန်းခုတ်မောင်းတဲ့ ရေနံတင် သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိလာပါတယ်။

ဟောမုဇ်ဟာ ကမ္ဘာ့ရေနံ သယ်ယူပို့ဆောင်မှု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံစာလောက် နေ့စဉ်ဖြတ်သန်းနေတဲ့ ရေလမ်းကြောင်းဖြစ်ပြီး အခုတော့ အန္တရာယ်ဇုန်အဖြစ် ပြောင်းသွားပါပြီ။ ရေလက်ကြား အပိတ်ခံရမှုကြောင့် ကမ္ဘာအနှံ့မှာ ရေနံနဲ့ လောင်စာဆီ စျေးတွေလည်း မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်က ဟောမုဇ် ရေလက်ကြား ပိတ်တယ်ဆိုတာ ကြေညာထားပြီး ဖြစ်ကြောင်း၊ အဲဒါတောင်မှ ရေလက်ကြားကို ဖြတ်ဖို့ ကြိုးစားတယ်ဆိုရင် ဘယ်သင်္ဘောကိုမဆို အီရန်က ပစ်ခတ်မှာ ဖြစ်ကြောင်း၊ IRGCရဲ့ စစ်သူရဲတွေနဲ့ အီရန်ရဲ့ ရေတပ်ဟာ ရေလက်ကြားထဲ ဝင်လာသမျှ သင်္ဘောတိုင်းကို မီးဟုန်းဟုန်း တောက်လောင်သွားစေမှာဖြစ်ကြောင်း IRGC စစ်ဦးစီးချုပ်ရဲ့ အကြီးတန်း အကြံပေး အရာရှိ အီဘရာဟင် ဂျာဘာရီက ပြောကြားသွားပါတယ်။

ဟောမုဇ် ရေလက်ကြားဟာ ဆော်ဒီအာရေးဘီးယား၊ အီရန်၊ အီရတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)တို့လို ကမ္ဘာပေါ်မှာ ရေနံထုတ်လုပ်မှု အများဆုံး စာရင်းဝင် နိုင်ငံတွေအတွက် အသက်သွေးကြော ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ကျဉ်းမြောင်းသွယ်လျတဲ့ အဲဒီရေလက်ကြားက အိုမန်ပင်လယ်ကွေ့ကို အာရေဗျ ပင်လယ်နဲ့ ဆက်စပ်ပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် သိပ်မကြာခင်မှာပဲ အီရန်ကလည်း ရေလက်ကြားကို ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဟောမုဇ်ကို ပိတ်ဆို့နေတဲ့ အီရန် ရေတပ်ကို ဖျက်ဆီးပစ်ဖို့ တိုက်ခိုက်နေကြောင်း မတ်လ ၁ ရက်နေ့မှာ ပြောကြားခဲ့သလို အီရန် စစ်သင်္ဘော ၉ စီးထက် မနည်းကို နှစ်မြှုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ် နိုင်ငံတွေရဲ့ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Trending

Facebook