Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတင် သင်္ဘောကြီးကို နှစ်မြှုပ်လိုက်ပြီလို့ အမေရိကန်ပြော

အီရန်ရဲ့ ဒရုန်းတင် သင်္ဘောကို စစ်ပွဲ ပထမဆုံးနေ့မှာတင် ဖျက်ဆီး နှစ်မြှုပ်ပစ်ခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Iranian state media

မတ် – ၃ ၊၂၀၂၆

အီရန်ရဲ့ ဒရုန်းတင် သင်္ဘောကို စစ်ပွဲ ပထမဆုံးနေ့မှာတင် ဖျက်ဆီး နှစ်မြှုပ်ပစ်ခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန (CENTCOM)က ကြေညာခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့မှာ CENTCOMက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ချက်အရ အစ္စရေး ပူးပေါင်းဆင်နွှဲတဲ့ Epic Fury စစ်ဆင်ရေး ပထမဆုံး နေ့မှာတင် အီရန်ရေတပ်ရဲ့ အကြီးဆုံး စစ်ရေယာဉ်ဖြစ်တဲ့ ဒရုန်းတင် သင်္ဘော Shahid Bagheriကို အမေရိကန်က နှစ်မြှုပ်ပစ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အီရန် မီဒီယာတွေက အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီးကို ပစ်ခတ် နှစ်မြှုပ်ပစ်နိုင်ခဲ့ပြီဆိုတဲ့ သတင်းတွေကို ဖော်ပြနေတဲ့နောက် CENTCOMက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အီရန်အစိုးရဟာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေပြီး အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီးကို နှစ်မြှုပ်ပစ်လိုက်နိုင်ပါတယ်လို့ လိမ်ညာပြောဆိုနေကြောင်း၊ တကယ့်အမှန်တရားက အီရန်ရဲ့ တစ်ခုတည်းသော ဒရုန်းတင် သင်္ဘောဖြစ်တဲ့ Shahid Bagheriကသာ Epic Fury စစ်ဆင်ရေးရဲ့ ပထမဆုံး နာရီပိုင်းအတွင်း ဖျက်ဆီး နှစ်မြှုပ်တာ ခံလိုက်ရတာဖြစ်ကြောင်း CENTCOMက ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်မှာ စစ်ဆင်ရေးတွေ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစလို့ ၂၄ နာရီအတွင်း အီရန်ရေတပ် သင်္ဘော ၉ စီးကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အစောပိုင်းမှာ ပြောကြားထားခဲ့ပါတယ်။

Shahid Bagheriဟာ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ပိုင်ဆိုင်ပြီး စစ်သင်္ဘော မဟုတ်တဲ့ သာမန်ရေယာဉ် တစ်စီးကို ဒရုန်းစစ်ဆင်ရေးတွေ ကိုင်တွယ်နိုင်မယ့် ပလက်ဖောင်းအဖြစ် ပြီးခဲ့တဲ့နှစ်တုန်းက ပြောင်းလဲ တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီရေယာဉ်ဟာ ပေ ၈၀၀ နီးပါးရှည်ပြီး တန်ချိန် ၄၀၀၀၀ ကျော် အလေးချိန်ရှိပါတယ်။

အဲဒီသင်္ဘောဟာ လေယာဉ်တင် သင်္ဘောတွေလိုမျိုး တိုက်လေယာဉ်တွေကို ကိုင်တွယ်နိုင်စွမ်း မရှိပါဘူး။ အဲဒီအစား ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေ အခြေစိုက်ပြီး စစ်ဆင်ရေး လုပ်ဆောင်နိုင်အောင် တည်ဆောက်ထားပါတယ်။

Shahid Bagheriကို ဘယ်နေရာမှာ ဘယ်လို နည်းလမ်းတွေနဲ့ တိုက်ခိုက် ဖျက်ဆီးခဲ့သလဲ ဆိုတာကိုတော့ CENTCOMက အသေးစိတ် မထုတ်ပြန်သေးပါဘူး။ IRGCဟာ စစ်ပွဲ စတင်မလာခင် ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အီရန်တောင်ပိုင်း ဟောမုဇ် ရေလက်ကြားမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုမှာ အဲဒီ သင်္ဘောကြီးကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။

ကိုးကား: Naval News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စျေးတွေတက်လာတာကြောင့် အမေရိကန်လုပ် အဆင့်မြင့် တိုက်လေယာဉ်တွေကို မူလ လျာထားတာထက် အရေအတွက် လျှော့ပြီး ဝယ်ယူသွားမယ်လို့ ဆွစ်ဇာလန်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် စစ်သင်္ဘောတစ်စီးကို အမေရိကန်ကတိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့နောက် အခြားအီရန် ရေတပ်သင်္ဘောတစ်စီးကို သီရိလင်္ကာက ကယ်ဆယ်ထားခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ပစ်မှတ် ရှာဖွေ ထောက်လှမ်းမှုတွေအတွက် အီရန်ကို ရုရှားက အကူအညီ ပေးနေကြောင်း သတင်းတွေအပေါ် မစိုးရိမ်ဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲ ကာလအတွင်း အမေရိကန်ရဲ့ ပထမဆုံး ဗုံးကြဲလေယာဉ်ကြီး တစ်စီးဟာ ဗြိတိန်ကို ရောက်ရှိလာခဲ့ပါတယ်။