Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းက ဓာတုပစ္စည်း စက်ရုံတစ်ခု အကြီးအကျယ်မီးလောင်

ထိုင်းနိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ မီးလောင်ရာက အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ မီးလောင်ရာက အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မတ် – ၆ ၊၂၀၂၆

ထိုင်းနိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ မီးလောင်ရာက အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့ ညနေပိုင်းက ချာချွန်ဆောင်မှာရှိတဲ့ ခိုရိုင်လမ်းဆုံနားမှာ သုတ်ဆေးတွေထဲရောတဲ့ thinner အရည်ထုတ်လုပ်ရာစက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ မီးလောင်တဲ့ နေရာကနေ ပမာဏ ကြီးမားလှပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။

စက်ရုံဝင်းထဲမှာ အဆောက်အအုံ သုံးခုရှိတဲ့အနက် နှစ်ခုက လုံးဝ မီးကျွမ်းပြာကျသွားကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ ပြီးတော့ မီးလောင်တဲ့ နေရာကနေ ဆူညံတဲ့ ပေါက်ကွဲသံတွေကိုလည်း ပြတ်တောင်း ပြတ်တောင်း ကြားနေခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေရာမှာ လမ်းတွေက ကျဉ်းမြောင်းသလို ပေါက်ကွဲမှုတွေလည်း ဆက်တိုက် ဖြစ်နေတာကြောင့် မီးသတ်ကားတွေ ချဉ်းကပ်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

မီးသတ်ဝန်ထမ်းတွေကမီးကိုထိန်းချုပ်ဖို့ ကြိုးစားနေချိန် အတော အတွင်း အာဏာပိုင်တွေက မီးလောင်တဲ့နေရာ တဝိုက်ကို အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။

မီးလောင်မှုကြောင့် လူအသေအပျောက် ရှိသလား၊ ဒါမှမဟုတ် မီးလောင်ချိန် အဆောက်အအုံထဲမှာ စက်ရုံ အလုပ်သမားတွေ ပိတ်မိနေခဲ့သလား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မီးစတင်လောင်ကျွမ်းတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေဆဲလို့ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

ထိုင်းက ဓာတုပစ္စည်း စက်ရုံတစ်ခု အကြီးအကျယ်မီးလောင် မတ် – ၆ ၊၂၀၂၆ ထိုင်းနိုင်ငံက ဓာတုပစ္စည်း စက်ရုံတစ်ခုမှာ မီးလောင်ရာက…

Posted by People's Spring on Friday 6 March 2026

ကိုးကား၊ ရုပ်သံ – Thai Enquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။