Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်မှာ စစ်ပွဲဆင်နွှဲနေချိန် ကိုရီးယား ကျွန်းဆွယ်မှာလည်း အမေရိကန်က စစ်ရေးလေ့ကျင့်

အီရန်စစ်ပွဲကို ဆင်နွှဲနေချိန်မှာပဲ ကိုရီးယား ကျွန်းဆွယ်မှာလည်း အမေရိကန်ဟာ အကြီးစား စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် ပါဝင်ခဲ့ပါတယ်။

အီရန်စစ်ပွဲကို ဆင်နွှဲနေချိန်မှာပဲ ကိုရီးယား ကျွန်းဆွယ်မှာလည်း အမေရိကန်ဟာ အကြီးစား စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် ပါဝင်ခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့တုန်းက မဟာမိတ် တောင်ကိုရီးယားနဲ့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုအတွက် တပ်ဖွဲ့ဝင်အင်အား ထောင်နဲ့ချီ အသုံးပြုခဲ့ကြောင်း အမေရိကန် စစ်တပ်က ကြေညာခဲ့ပါတယ်။ မတ်လ ၁၉ ရက်နေ့ထိ ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုမှာ ဗြိတိန်လို အမေရိကန် မဟာမိတ် နိုင်ငံပေါင်း ၁၂ ခုကလည်း တပ်ဖွဲ့ဝင်တချို့ စေလွှတ်ခဲ့ပါတယ်။

အမေရိကန်က စစ်ရေးလေ့ကျင့်မှုအတွက် အသုံးပြုခဲ့တဲ့ စစ်သည်အင်အားကို တိတိကျကျ မထုတ်ပြန်ပေမယ့် တောင်ကိုရီးယား စစ်တပ်ကတော့ ကိုရီးယားစစ်သည် ၁၈၀၀၀ လောက် ပါဝင်မယ်လို့ ကြေညာထားပါတယ်။

Freedom Shield စစ်ရေးလေ့ကျင့်မှုဟာ မတ်လ ၁၉ ရက်နေ့ထိ ကြာမြင့်မယ်လို့လည်း သိရပါတယ်။ အမေရိကန်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စစ်ပြုတိုက်ခိုက်နေတဲ့ အချိန်မှာပဲ ကိုရီးယား ကျွန်းဆွယ်မှာလည်း အင်အား အများအပြားကို အသုံးပြုပြီး စစ်ရေးလေ့ကျင့်စေတာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလေ့ကျင့်မှုဟာ တောင်ကိုရီးယားမှာ ဖြန့်ကျက်ထားတဲ့ စစ်လက်နက်တချို့ကို အီရန်စစ်ပွဲအတွက် အမေရိကန်က ရွှေ့ပြောင်း အသုံးပြုနေကြောင်း သတင်းတွေ ထွက်ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယား အခြေစိုက် အမေရိကန် စစ်တပ်ကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့် စစ်လက်နက်နဲ့ စစ်အင်အား ရွှေ့ပြောင်းမှုတွေ အကြောင်းကို မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ အမေရိကန်က တောင်ကိုရီးယားမှာ ဖြန့်ကျက်ထားတဲ့ Patriot ဒုံးခွင်းဒုံးတွေနဲ့ တခြား စစ်လက်နက်တွေကို အရှေ့အလယ်ပိုင်းဆီ ရွှေ့ပြောင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားဖက်ကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ရန်စတဲ့ လုပ်ရပ်မျိုးလို့ မြောက်ကိုရီးယားက စွပ်စွဲလေ့ရှိပြီး Freedom Shieldနဲ့ ပတ်သက်လို့လည်း ခက်ထန်တင်းမာတဲ့ တုံ့ပြန်မှုမျိုးကို ကိုရီးယားကျွန်းဆွယ် မြောက်ပိုင်းမှာ ရှိနေတဲ့ ကွန်မြူနစ်နိုင်ငံရဲ့ အစိုးရက ထုတ်ပြလာနိုင်ပါတယ်။

မဟာမိတ် နှစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်မှုလို့ မြောက်ကိုရီးယားက ယူဆပြီး အရင်က အဲဒီလို စစ်ရေးလေ့ကျင့်မှုတွေကို ဒုံးကျည်စမ်းသပ်မှုတွေနဲ့ ခြိမ်းခြောက် တုံ့ပြန်လေ့ ရှိပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားကတော့ ဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ကာကွယ်ရေး အတွက်ပဲ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

တောင်ကိုရီးယားမှာ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ လီဂျေမြောင် အာဏာရလာချိန် ကတည်းက မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပြန်လည်ကုစားဖို့ ကြိုးစားနေပေမယ့် မြောက်ကိုရီးယားကတော့ တောင်ပိုင်း အိမ်နီးချင်းနိုင်ငံအပေါ် ရန်သူအဖြစ် သတ်မှတ်ထားတဲ့ သဘောထားကို ပြင်ဆင်မှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။ ပြီးတော့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ကမ်းလှမ်းနေတဲ့ တောင်ကိုရီးယားရဲ့ အားထုတ်မှုတွေကိုလည်း မြောက်ကိုရီးယားဖက်က အတိအလင်း ပယ်ချထားပါတယ်။

ကိုးကား: AP

ဓာတ်ပုံ – Reuters, Getty Images

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook