Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေနံစျေးကိုထိန်းညှိဖို့ အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတချို့ဖြေလျှော့ဖွယ်ရှိကြောင်းထရမ့်ပြော

အီရန်စစ်ပွဲကြောင့် ရေနံစျေးတွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

မတ်-၁၀၊၂၀၂၆။People’s Spring

အီရန်စစ်ပွဲကြောင့် ရေနံစျေးတွေ မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ စီစဉ်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့မှာရေနံစျေးဟာတစ်စည်ကို ဒေါ်လာ ၁၂၀ နီးပါးထိ မြင့်တက်သွားပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ဒေါ်လာ ၉၀ အောက်ကို ပြန်ကျဆင်းခဲ့ပါတယ်။ အီရန် စစ်ပွဲကို အကြောင်းပြုပြီး နိုင်ငံတကာ ရေနံစျေးတွေ မြင့်တက်လာနေတဲ့နောက်ထရမ့်ကသူ့ရဲ့အစိုးရဟာအဲဒီပြဿနာ ပြေလည်စေဖို့ ဦးစားပေးတဲ့ အနေနဲ့ ရေနံကဏ္ဍမှာ အမေရိကန်ပိတ်ဆို့အရေးယူထားမှုတချို့ကို ဖြေလျှော့ပေးလာနိုင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်ဟာနိုင်ငံတချို့အပေါ် ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားကြောင်း၊ဒါပေမဲ့ အခြေအနေတွေ ပုံမှန် ပြန်ဖြစ်ချိန်ထိ အဲဒီပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ဖယ်ရှားပေးထားတာမျိုး ဖြစ်လာနိုင်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ နောင်တစ်ချိန်မှာ အဲဒီပိတ်ဆို့အရေးယူမှုကို အမေရိကန်က ပြန်မကျင့်သုံးတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း၊ ဒါကိုတော့ ဘယ်သူမှလည်း မသိနိုင်ကြောင်း သူက ပြောပါတယ်။ ထရမ့်က ဘယ်နိုင်ငံတွေအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးမလဲ ဆိုတာကိုတော့ အတိအကျ မှတ်ချက်မပေးခဲ့ပါဘူး။

ရေနံလုပ်ငန်းကဏ္ဍမှာတော့အမေရိကန်ဟာ လောလောဆယ်မှာ ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလား နိုင်ငံတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ သတ်မှတ်ထားပါတယ်။ အမေရိကန် အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့ကတော့ ထရမ့်ဟာ ရေနံစျေးတွေ ကျဆင်းစေဖို့အတွက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ဖြေလျှော့ပေးလာဖွယ် ရှိနေကြောင်း ပြောကြားထားကြပါတယ်။

ယူကရိန်း ကျူးကျော်စစ်ကို အကြောင်းပြုပြီး ရုရှားရဲ့ ရေနံနဲ့ စွမ်းအင်ထုတ်ကုန်တွေအပေါ် အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်ဟာပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း အိန္ဒိယ အစိုးရ အနေနဲ့ ရုရှားဆီက ရေနံကို ရက်ပေါင်း၃၀ကြာပြန်လည်ဝယ်ယူဖို့သီးသန့် ခွင့်ပြုပေးခဲ့ပါတယ်။

ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးမယ်ဆိုတဲ့ ထရမ့်ရဲ့ သဘောထား မှတ်ချက်အပြီး ရေနံစျေးက ဆက်တိုက် ကျရိပ်ပြန်ပြလာနေခဲ့ပါတယ်။

ထရမ့်က သူဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း ဖုန်းဆက်ပြီးဆွေးနွေးခဲ့ကြောင်း သတင်းထောက်တွေကို အတည်ပြု ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ၊ အီရန်စစ်ပွဲ ကိစ္စတွေကို ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အပေါင်းလက္ခဏာလည်း ဆန်ခဲ့ကြောင်း၊ ပူတင်ကိုယ်တိုင်ကလည်း လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါဝင်ကူညီပေးဖို့ ဆန္ဒရှိနေကြောင်း ထရမ့်က ဆိုပါတယ်။ ပူတင်ဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ် ဆင်နွှဲဖို့ အမိန့်ပေးခဲ့သူဖြစ်ပြီး အမေရိကန်နဲ့ အီရန်တို့ကြားက လက်ရှိစစ်ပွဲမှာ အီရန်ဖက်ကထောက်ခံရပ်တည်နေသူဖြစ်ပါတယ်။

ကိုးကား- Al Jazeera, AFP

ဓါတ်ပုံ-AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။