Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီဖြည့်လေယာဉ် ပျက်ကျမှုမှာ လိုက်ပါသွားသူ ၆ ဦးစလုံး သေဆုံးကြောင်း အမေရိကန် အတည်ပြု

အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ အမေရိကန် စစ်တပ်ရဲ့ ဝေဟင်ဆီဖြည့်လေယာဉ် ပျက်ကျမှုမှာ လေယာဉ်ပေါ် ပါသွားခဲ့သူ လေတပ်သား ၆ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ အမေရိကန် စစ်တပ်ရဲ့ ဝေဟင်ဆီဖြည့်လေယာဉ် ပျက်ကျမှုမှာ လေယာဉ်ပေါ် ပါသွားခဲ့သူ လေတပ်သား ၆ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အစောပိုင်းတုန်းက အသေအပျောက် ၄ ဦးရှိတယ်လို့ အမေရိကန် ဗဟိုစစ်ရေး ကွပ်ကဲမှုဌာန (CENTCOM)က ကြေညာခဲ့ပေမယ့် မတ်လ ၁၃ ရက် ညပိုင်းမှာတော့ အသက်ရှင်ကျန်သူ မရှိဘူးလို့ ပြောင်းလဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေအတွက် ပါဝင်ပံ့ပိုးပေးနေတဲ့ လေယာဉ်ဟာ မဟာမိတ် အီရတ်နိုင်ငံ လေပိုင်နက်ထဲမှာ ပျက်ကျခဲ့ကြောင်း၊ ဒါပေမဲ့ ရန်သူက ပစ်ချတာ၊ ဒါမှမဟုတ် မဟာမိတ် အချင်းချင်း မှားယွင်းပစ်ချခဲ့တာမျိုး မဟုတ်ကြောင်း CENTCOMရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

KC-135 အမျိုးအစား လေယာဉ်ဟာ လေထဲမှာ တခြားလေယာဉ် တစ်စီးနဲ့ မတော်တဆ အခြေအနေ တစ်ခု ဖြစ်ခဲ့ကြောင်း၊ ဒုတိယ လေယာဉ်ကတော့ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့ကြောင်း CENTCOMက ဆိုပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ အမေရိကန် စစ်ဘက်က ရှင်းရှင်းလင်းလင်း အသိပေးမထားသေးပါဘူး။

Public Service Announcement

Public Service Announcement

အီရန်ကတော့ အီရတ်ပိုင်နက်ထဲမှာ ရှိနေတဲ့ အီရန်မဟာမိတ် လက်နက်ကိုင် တပ်တွေက အမေရိကန် လေယာဉ်ကို ပစ်ချခဲ့တာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ အမေရိကန်ကတော့ လေယာဉ် ပျက်ကျတဲ့ နေရာဟာ အီရတ်ပိုင်နက်ထဲက မဟာမိတ် နယ်မြေတစ်ခုမှာလို့ ထုတ်ပြန်ထားပါတယ်။

အိုဟိုင်ယိုပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ်ဒီဝိုင်းက သေဆုံးသူ လေတပ်သား ၆ ဦးထဲက ၃ ဦးဟာ သူ့ပြည်နယ်ထဲက အမျိုးသားအစောင့်တပ် လေတပ်ရဲ့ ဝေဟင်ဆီဖြည့် လေယာဉ်အုပ် အမှတ် ၁၂၁ အဖွဲ့သားတွေ ဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ သူက သေဆုံးသူတွေရဲ့ နာမည်တွေကို မကြေညာသေးပေမယ့် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။

အခုဖြစ်စဉ်အပြီးမှာတော့ အီရန်စစ်ပွဲတလျှောက် အမေရိကန် စစ်သည်တွေ သေဆုံးမှုဟာ စုစုပေါင်း ၁၃ ဦးထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင် ၁၄၀ လောက်က ဒဏ်ရာတွေ ရခဲ့ကြပြီး ၈ ဦးရဲ့ အခြေအနေက ပြင်းထန်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

KC-135တွေဟာ အမေရိကန် လေတပ်မှာ နှစ်ပေါင်း ၆၀ ကျော်လောက် အမှုထမ်းခဲ့ပြီးတဲ့ လေယာဉ်တွေ ဖြစ်သလို အရင်ကလည်း အသေအပျောက် များပြားတဲ့ မတော်တဆမှုတွေ ကြုံဖူးပါတယ်။

အခုဆိုရင် အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်လေယာဉ်တွေ ဆုံးရှုံးတာ ၄ စီးထိ ရှိလာခဲ့ပါပြီ။ စစ်ပွဲအစပိုင်း ကာလတုန်းကလည်း မဟာမိတ် ကူဝိတ်လေတပ်က အမေရိကန်ရဲ့ F-15 တိုက်လေယာဉ် ၃ စီးကို ရန်သူအဖြစ် မှားယွင်းယူဆပြီး ပစ်ချမိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ အမေရိကန် လေသူရဲ ၆ ဦးစလုံး လေထီးနဲ့ ခုန်ထွက်ပြီး လွတ်မြောက်နိုင်ခဲ့ကြပါတယ်။

ကိုးကား: AP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။