Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို ဒရုန်းဖျက် ဒရုန်းပေါင်း ၁၀,၀၀၀ လောက် အမေရိကန် ပို့ဆောင်

အီရန် ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်မယ့် တန်ပြန် ဖျက်ဆီးရေး (interceptor) ဒရုန်းပေါင်း ၁၀,၀၀၀ လောက်ကို အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသဆီ ပေးပို့ထားကြောင်း သိရပါတယ်။

မတ် – ၁၄ ၊၂၀၂၆

အီရန် ဒရုန်းတွေကို ကြားဖြတ် ဟန့်တားနိုင်မယ့် တန်ပြန် ဖျက်ဆီးရေး (interceptor) ဒရုန်းပေါင်း ၁၀,၀၀၀ လောက်ကို အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသဆီ ပေးပို့ထားကြောင်း သိရပါတယ်။

Bloomberg သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန် ကြည်းတပ် ညွှန်ကြားရေးမှူး ဒန်ဒရစ္စကောလ်က အဲဒီ ဒရုန်းတွေ ပို့ဆောင်ထားတဲ့ အကြောင်းကို ထည့်သွင်း ပြောကြားသွားပါတယ်။

Meropsလို့ နာမည်ပေးထားတဲ့ ဒရုန်းတွေဟာ ရန်သူ ဒရုန်းတွေကို ဉာဏ်ရည်တု နည်းပညာ (AI) အထောက်အပံ့နဲ့ ထောက်လှမ်းရှာဖွေပြီး ဖျက်ဆီးပစ်နိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ယူကရိန်း စစ်ပွဲအတွင်းမှာအဲဒီဒရုန်းတွေရဲ့ လက်တွေ့ စစ်မြေပြင် အသုံးဝင်မှုကို မှတ်ကျောက် အတင်ခံနိုင်ခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာက အရှေ့အလယ်ပိုင်းမှာ စစ်ပွဲစတင်ခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်အတွက် အဓိက အကျပ်အတည်း တစ်ခုက အီရန်က အလုံးအရင်း အသုံးပြုနေပြီး စျေးပေါပေါနဲ့ ထုတ်လုပ်နိုင်ပြီး တာဝေးပျံသန်းနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေ ဖြစ်လာပါတယ်။

အီရန်က အရေအတွက် တပြုံတမကြီး လွှတ်ပေးလိုက်လေ့ရှိတဲ့ ဒရုန်းတွေကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေနဲ့ မဟာမိတ် နိုင်ငံတွေရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေမှာ အများကြီး ဝန်ပိခဲ့ရပါတယ်။

Merops ဒရုန်းတွေကိုတော့ ကယ်လီဖိုးနီးယား အခြေစိုက် Project Eagleဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ AI အထောက်အပံ့အပြင် အာရုံခံ စနစ်တွေနဲ့ ရေဒါ အထောက်အပံ့ပါ ပေါင်းစပ်ပေးထားတဲ့ ဒရုန်းတွေဟာ ယူကရိန်း စစ်မြေပြင်မှာတော့ ရုရှားက အသုံးပြုခဲ့တဲ့ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေကို တန်ပြန်တဲ့အခါ ကောင်းမွန်တဲ့ ရလဒ်တွေကို ဆောင်ယူပေးနိုင်ခဲ့ပါတယ်။

အခုတော့ Meropsတွေကို အရှေ့အလယ်ပိုင်းဆီ ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။

ကြားဖြတ်ဟန့်တားတဲ့ ဒရုန်းတစ်စင်းကို ဒေါ်လာ ၁၄,၀၀၀ ကနေ ၁၅,၀၀၀ ကြားလောက် တန်ဖိုးရှိပေမယ့် အလုံးအရင်း မှာယူမယ် ဆိုရင်တော့ စရိတ်လျှော့ချနိုင်ပြီး တစ်စင်းကို ဒေါ်လာ ၃,၀၀၀ နဲ့ ၅,၀၀၀ ကြားလောက်သာ ကျသင့်ဖွယ် ရှိတယ်လို့ ကုမ္ပဏီဖက်က ခန့်မှန်းထားပါတယ်။

အီရန်ရဲ့ အဆင့်မြင့် ဖောက်ခွဲရေး ဒရုန်းတွေကတော့ တစ်စင်းကို ဒေါ်လာ ၂၀,၀၀၀ လောက်ထိ ကျသင့်ပြီး ပစ်မှတ်တွေ အများအပြားကို ဖြန့်ဝေ တိုက်ခိုက်နေရတာကြောင့် အီရန်ရဲ့လက်နက်တိုက်ထဲမှာ လျင်လျင်မြန်မြန် ယုတ်လျော့ ပြုန်းတီးလာနေပြီလို့ ယူဆရပါတယ်။

အမေရိကန်စစ်တပ်ဟာ Bumblebee လို့ နာမည်ပေးထားတဲ့ ပန်ကာလေးလုံးတပ် ဖောက်ခွဲရေး ဒရုန်းတွေကိုလည်း တန်ပြန်ဒရုန်း အစီအမံအဖြစ် အသုံးပြုနေပါတယ်။

Bumblebeeတွေဟာ ရန်သူ ဒရုန်းတွေကို ခြေရာခံ မှတ်သားပြီး ဝင်တိုက်ပြီး ဖျက်ဆီးနိုင်ပါတယ်။ Perennial Autonomyက ထုတ်လုပ်ထားတဲ့ အဲဒီဒရုန်းတွေကိုလည်း ယူကရိန်း စစ်မြေပြင်မှာ လက်တွေ့ စမ်းသပ်မှုတွေ လုပ်ဆောင်ထားပါတယ်။

ကိုးကား: Bloomberg

ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။