Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မရိန်းတွေနဲ့ စစ်သင်္ဘောတွေ အရှေ့အလယ်ပိုင်းဆီ ထပ်ပို့ဖို့ အမေရိကန် စီစဉ်နေ

အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဆီ အင်အားတိုးမြှင့် ဖြန့်ကျက်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။

အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဆီ အင်အားတိုးမြှင့် ဖြန့်ကျက်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။

အမေရိကန် စစ်တပ်ရဲ့ သတင်းရင်းမြစ် နှစ်ဦးက အရှေ့အလယ်ပိုင်း ဒေသဆီကို မရိန်းတပ်ဖွဲ့ဝင်တွေ၊ စစ်သင်္ဘောတွေ ထပ်မံ ပို့ဆောင်နိုင်ခြေ ရှိတဲ့အကြောင်း CBS သတင်းဌာနဆီကို မှတ်ချက်ပေးခဲ့ပါတယ်။

ဂျပန်မှာ အခြေစိုက်ပြီး USS Tripoli ကမ်းတက် ချေမှုန်းရေး စစ်သင်္ဘော ဦးဆောင်တဲ့ အမေရိကန် ကမ်းတက်နဲ့ မရိန်း တိုက်ခိုက်ရေး တပ်ဖွဲ့ထဲကနေ ထုတ်နုတ်ထားတဲ့ အင်အားကို အရှေ့အလယ်ပိုင်းဆီ ပို့ဆောင်ဖို့ စစ်တပ်က ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အဲဒီတပ်ဖွဲ့ဟာ ပုံမှန်အခြေအနေမှာ ရေတပ်သားနဲ့ မရိန်း တပ်ဖွဲ့ဝင် စုစုပေါင်း ၅၀၀၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားတတ်ပြီး စစ်သင်္ဘော တချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ် ရေလက်ကြားမှာရှိတဲ့ ခါ့ဂ်ကျွန်းပေါ်က အီရန် စစ်ဘက် အခြေခံ အဆောက်အအုံတွေကို အမေရိကန် တပ်တွေက အပြီးတိုင် ချေမှုန်းပစ်နိုင်ခဲ့ပြီးပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြွေးကြော်ခဲ့ပြီး မကြာခင်မှာပဲ အရှေ့အလယ်ပိုင်းဆီ တပ်ကူတွေ ထပ်ပို့မယ့်သတင်း ထွက်ပေါ်လာတာပါ။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး အီရန်ကလည်း အစ္စရေးကိုရော၊ ဒေသတွင်း အာရပ်နိုင်ငံတွေထဲက အမေရိကန် စစ်ရေးပစ်မှတ်တွေကိုပါ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် တိုက်ခိုက်ရာက ဒေသတွင်း စစ်ပွဲကြီး ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ရေနံတင်ပို့မှုအတွက် အဓိက အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကိုပါ အီရန်က ပိတ်ချထားတာကြောင့် နိုင်ငံတကာ ရေနံစျေးတွေ မြင့်တက်လာနေပါတယ်။ သတင်းထောက်တွေက အမေရိကန် အနေနဲ့ ဟောမုဇ် ရေလက်ကြားကို ရှင်းလင်းပြီး ရေနံတင် သင်္ဘောတွေရဲ့ ဖြတ်သန်း ခုတ်မောင်းမှုအတွက် စစ်သင်္ဘော အစောင့်အရှောက်တွေ ပံ့ပိုးပေးနိုင်မလားလို့ မေးမြန်းခဲ့တဲ့အခါ ထရမ့်က မကြာခင် ဖြစ်လာလိမ့်မယ်လို့ ပြန်ဖြေခဲ့ပါတယ်။

အမေရိကန်ဟာ တောင်ကိုရီးယား နိုင်ငံမှာ ဖြန့်ကျက်ထားခဲ့တဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ထဲက အစိတ်အပိုင်း တချို့ကိုလည်း အရှေ့အလယ်ပိုင်း ဒေသဆီကို ရွှေ့ပြောင်းနေကြောင်း ဒေသခံ သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

စစ်ပွဲစတင်ပြီး နှစ်ပတ်အတွင်း အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ်ပေါင်း ၆၀၀၀ ကျော်ကို တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့လည်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။