Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီးကို လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးပြော

အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေး က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေး က ပြောကြားခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့မှာ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်က ကြေညာခဲ့ရာမှာ ညလုံးပေါက် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်ရဲ့ ထောက်လှမ်းရေး ဝန်ကြီး အစ္စမေးလ် ခါတစ်ဘ် သေဆုံးသွားကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးရဲ့ ထုတ်ပြန်ချက် မှန်ကန်တယ်ဆိုရင် နှစ်ရက်အတွင်း အီရန်ရဲ့ ထိပ်တန်း အရာရှိ ၃ ဦးထိ အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခြင်း ဖြစ်ပါတယ်။ အစ္စရေး ကြေညာခဲ့သလိုပဲ ခါတစ်ဘ် သေဆုံးခဲ့သလား ဆိုတာကိုတော့ အီရန်ဖက် အတည်မပြုသေးပါဘူး။

ကတ်ဇ်က အခု ရက်ပိုင်းအတွင်း စစ်ဆင်ရေး မျက်နှာစာ အမျိုးမျိုးမှာ အံ့ဩစရာ သတင်းတွေ မကြာမကြာ ကြားရမယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီမတိုင်ခင် တစ်ရက်ကလည်း အစ္စရေးဟာ အီရန်ရဲ့ လုံခြုံရေး အရာရှိချုပ် အလီ လာရီဂျာနီနဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ထိပ်တန်း တပ်မှူးတစ်ဦးတို့ကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ရှင်းလင်းပစ်ခဲ့ပါတယ်။

အီရန်မှာ ဘူရှဟာ နျူကလီးယား ဓာတ်အားပေး စက်ရုံဝင်းထဲကိုလည်း ဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းတစ်ခုခုနဲ့ ပစ်ခတ်တာ ခံခဲ့ရပေမယ့် အသေအပျောက် မရှိခဲ့သလို ဓာတ်ပေါင်းဖိုတွေလည်း အပျက်အစီး မရှိခဲ့ဘူးလို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေး ပဋိပက္ခတွေ အတောအတွင်း နျူကလီးယားဆိုင်ရာ ဆိုးရွားတဲ့ မတော်တဆမှုတွေ ဖြစ်ပေါ်မလာအောင် အထူးသတိထား ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂရဲ့ နျူကလီးယား အေဂျင်စီဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ (IAEA)ရဲ့ အကြီးအကဲ ရာဖေးလ် ဂရော့ဆီက ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆင်နွှဲခဲ့ရာက စတင်ခဲ့တဲ့ စစ်ပွဲဟာ ရက်ပေါင်း ၂၀ နီးပါး ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိ အချိန်ထိတော့ နှစ်ဖက်စလုံးက အလျှော့ပေးမယ့်၊ ရပ်တန့်မယ့် အရိပ်အယောင်မျိုး မတွေ့ရသေးပါဘူး။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။