Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ရှိထိုင်းဝန်ကြီးချုပ်အနူတင် ကိုဝန်ကြီးချုပ်သစ်အဖြစ် ထပ်မံခန့်အပ်

ထိုင်းလွှတ်တော်အမတ်တွေရဲ့မဲပေး ရွေးချယ်မှုအရလက်ရှိအိမ်စောင့် အစိုးရဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူဟာ ထိုင်းအစိုးရသစ်ရဲ့ ဝန်ကြီး ချုပ် ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

မတ် – ၁၉ ၊၂၀၂၆

ထိုင်းလွှတ်တော်အမတ်တွေရဲ့မဲပေး ရွေးချယ်မှုအရလက်ရှိအိမ်စောင့် အစိုးရဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူဟာ ထိုင်းအစိုးရသစ်ရဲ့ ဝန်ကြီး ချုပ် ဖြစ်လာခဲ့ပါတယ်။

သူဦးဆောင်တဲ့ဖုန်ချိုင်ထိုင်း (BJT) ပါတီဟာဖေဖော်ဝါရီ ၈ ရက် ရွေး ကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ အများဆုံး ရရှိခဲ့ပြီး အနူတင်ပဲ ဝန်ကြီးချုပ် ပြန်ဖြစ်လာဖို့ သေချာနေခဲ့ပြီးသားပါ။

ဒါပေမဲ့ BJTဟာဝန်ကြီးချုပ်နေရာတင်မြှောက်ဖို့လုံလောက်တဲ့ အောက် လွှတ်တော် အမတ်နေရာမျိုး မရခဲ့တဲ့အတွက် အနူတင်ဟာ တခြားပါတီ တချို့နဲ့ ညှိနှိုင်းပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းဖို့ စီစဉ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဝန်ကြီးချုပ် ဖြစ်လာမယ့် ပုဂ္ဂိုလ်ဟာ အောက်လွှတ်တော်အမတ် ၅၀၀ ထဲက ထက်ဝက်ကျော်ဖြစ်တဲ့ အနည်းဆုံး ၂၅၁ ဦးက ထောက်ခံမှုကို လိုအပ်ပါတယ်။ မတ်လ ၁၉ ရက်၊ လွှတ်တော် မဲပေးမှုတွေမှာတော့ အနူတင်ဟာ ၂၉၃ မဲထိ ရရှိခဲ့ပြီး ဝန်ကြီးချုပ် နေရာကို သက်တောင့်သက်သာ ရယူသွားခဲ့ပါတယ်။

အောက်လွှတ်တော် အမတ် ၁၁၉ ဦးက အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ပြည်သူ့ပါတီ (PP) ခေါင်းဆောင် နတ်တာဖောင် ရူပညာဝတ်ကို မဲပေးခဲ့ပြီး ၈၆ ဦးကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က PPက အနိုင်ရပြီး နတ်တာဖောင်က ဝန်ကြီး ချုပ်သစ် ဖြစ်လာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံခဲ့ရပေမယ့် လက်တွေ့မှာတော့ အနူတင်နဲ့ BJPက အံ့ဩစရာ အလှည့်အပြောင်းတွေကို ဖန်တီးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းမှာတော့ အနူတင်ဟာ ဆယ်စုနှစ် ၂ ခုကျော် ကာလအတွင်း လွှတ်တော်ရဲ့ မဲပေး ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ် နေရာကို နှစ်ကြိမ်ဆက် ရယူနိုင်တဲ့ ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်လာပါတယ်။

ဝန်ကြီးချုပ် ပြန်ဖြစ်လာဖို့ တရားဝင် သေချာသွားတဲ့နောက် အသက် ၅၉ နှစ်အရွယ် အနူတင်က သူဟာ အစိုးရသစ် ဖွဲ့စည်းရေးကို ချက်ချင်း ဆောင်ရွက်ပြီး ထိုင်းနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့ရဲ့အစိုးရဟာ ပြိုင်ဘက် နိုင်ငံရေး အင်အားစုတွေရဲ့ အသံတွေကိုလည်း တလေးတစား နားထောင်သွားမှာ ဖြစ်ကြောင်း၊ အစိုးရရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူနေရင်း နိုင်ငံအတွက် ကောင်းကျိုးဖြစ်စေမယ့် အကြံ ဉာဏ်တိုင်းကို လက်ခံသွားဖို့ ဆုံးဖြတ်ထားကြောင်း၊ ပြိုင်ဘက်တွေ ဖြစ်နေရင်တောင်မှ ထိုင်းပြည်သူတွေရဲ့ ဘဝသာယာရေးကို လိုလားတဲ့ ရည်မှန်းချက်ကတော့ ပါတီအားလုံးမှာ တူတူညီညီ ရှိနေကြောင်း အနူတင်က ဆိုပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ပြုပြင်ပြောင်းလဲရေး ဝါဒီ PPအပေါ် မဲဆန္ဒရှင်တွေအကြား အထူးလူကြိုက်များခဲ့ပေမယ့် နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ စစ်ဖြစ်ခဲ့ခြင်းက လူထုရဲ့ အာရုံကို စစ်တပ်နဲ့ နီးစပ်ပြီး အမျိုးသားရေး ဝါဒကို အသားပေးခဲ့တဲ့ BJPနဲ့ ကွန်ဆာဗေးတစ်တွေဆီ ယိမ်းသွားစေခဲ့ဟန်ရှိကြောင်း နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။

အနူတင်ရဲ့ အစိုးရသစ်ဟာ ထိုင်းနိုင်ငံရဲ့ ကြွေးမြီမြင့်တက်မှု၊ ကုန်သွယ် ရေး မူဝါဒတွေ မရေရာမှု၊ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကြုံနေတဲ့ လောင်စာပြတ်လပ်နိုင်ခြေလိုမျိုး စိန်ခေါ်မှုတွေကို ချက်ချင်း ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

'မင်းအောင်လှိုင်' ရဲ့ ရက် ၁၀၀ မူဝါဒကြေညာချက်ကို ဖတ်ပြီးနောက် ကျွန်တော် ပိုမိုယုံကြည်လာတာက ထိုင်းနိုင်ငံအနေနဲ့ ဒီလူရဲ့ ခရီးစဉ်ကို ပယ်ဖျက်သင့်တယ်ဆိုတာပါ!!