Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နိုင်ငံသားတွေထိခိုက်စေဖို့ကျားဖြန့်ဂိုဏ်းတွေကို တရုတ်ကွန်မြူနစ်ပါတီက အားပေးခဲ့ကြောင်း FBI ​ပြော

အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူးက မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေမှာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ ဆက်စပ်မှု ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

■ကျားဖြန့်ဂိုဏ်း​တွေကို အ​မေရီကန်က နိုင်ငံတွင်းထိ​ဝင်​ပြီး တစ်ခုမကျန်ပိတ်ပစ်တာမျိုးဖြစ်နိုင်​ကြောင်း FBI ​ပြော

မတ်-၂၀၊၂၀၂၆။People’s Spring

အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူးက မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေမှာ တရုတ် အာဏာရ ကွန်မြူနစ်ပါတီ (CCP)ရဲ့ ဆက်စပ်မှု ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

မတ်လ ၁၈ ရက်နေ့တုန်းက အမေရိကန်အထက်လွှတ်တော်ရဲ့ ထောက်လှမ်းရေးဆိုင်ရာ ကော်မတီဟာ အမေရိကန်ပေါ် ခြိမ်းခြောက်လာနိုင်တဲ့ တစ်ကမ္ဘာလုံးက အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံရဲ့ ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲတွေဆီက တင်ပြချက်တွေကို ကြားနာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အစီအစဉ်မှာအထက်လွှတ်​တော်အမတ်ဂျိမ်းစ်လင့်ဖိုဒ်က အ​မေရီကန်နိုင်ငံသား​တွေအ​ပေါ် အွန်လိုင်း​ငွေလိမ်လုပ်ငန်း​တွေရဲ့ ခြိမ်း​ခြောက်မှုပိုကြီးမားလာတာနဲ့ပတ်သက်ပြီး​မေးမြန်းခဲ့ပါတယ်။

FBI ညွန်ကြား​ရေးမှူးကက်ရှ်ပက်တဲလ်ကပြန်လည်​ဖြေကြားရာမှာကမ္ဘောဒီးယားနဲ့ မြန်မာတို့လို နိုင်ငံတွေမှာ ရှိနေတဲ့ ကျားဖြန့် လုပ်ငန်း အဆောက်အအုံ အများစုကို CCP ရဲ့ အားပေး ထောက်ခံမှုနဲ့ တည်ဆောက်ခဲ့တယ်ဆိုတာ အမေရိကန်က ကျောထောက်နောက်ခံပြုထားတဲ့စုံစမ်းစစ်ဆေးရေးရလဒ်တွေက ညွှန်ပြနေကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

ထိုင်း-မြန်မာနဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွေမှာ အဓိက အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အာဏာပိုင်တွေနဲ့လည်း အမေရိကန်က ချိတ်ဆက်ထားပြီး ဖြစ်တယ်လို့ ပက်တဲလ်က ဆိုပါတယ်။

အဲဒီကျားဖြန့်ဂိုဏ်းတွေဟာ အမေရိကန် နိုင်ငံသားတွေနဲ့ အရှေ့တောင်အာရှဒေသတွင်းကသက်ကြီးရွယ်အိုတွေကို အဓိကထားပြီး ငွေကြေးလိမ်လည်နေကြောင်း၊ အဲဒီ ဂိုဏ်းတွေရဲ့ ခြံဝင်းတွေနဲ့ အဆောက်အအုံတွေ တည်ဆောက်မှုကို CCPက အားပေး ကူညီခဲ့ကြောင်း၊ အကြောင်းရင်းကတော့ အဲဒီဂိုဏ်းတွေဟာ အမေရိကန် ပြည်သူတွေကို နေ့တိုင်း ဒုက္ခပေးမယ်ဆိုတာ CCPက သဘောပေါက်ထားလို့ဖြစ်ကြောင်း ပက်တဲလ်က စွပ်စွဲ ပြောဆိုသွားပါတယ်။

သူကအမေရိကန်ပြည်ထောင်စုဟာကျားဖြန့် နှိမ်နင်းရေး အားထုတ်မှုတွေကို အရှိန်အဟုန် ဆက်လက် မြှင့်တင်သွားမယ်လို့လည်း​ပြောကြားခဲ့ပါတယ်။

နောက်ထပ် အမေရိကန်က လုပ်ဆောင်လာနိုင်တဲ့ ခြေလှမ်းကတော့ အဲဒီနိုင်ငံတွေဆီ သွားပြီး ကျားဖြန့်ဂိုဏ်းတွေကို တစ်ခုမကျန် ပိတ်ချပစ်တာမျိုး ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ ဒေသတွင်း အစိုးရတွေနဲ့ ပူးပေါင်းပြီး ကျားဖြန့်ဂိုဏ်းတွေ အသုံးပြုနေတဲ့ အင်တာနက် ကွန်ရက်တွေကို ဖြတ်တောက်တာမျိုးတွေလည်း အမေရိကန်က လုပ်ဆောင်ခဲ့ကြောင်း ပက်တဲလ်က ဆက်ပြောပါတယ်။

FBIဟာ အရှေ့တောင်အာရှ ကျားဖြန့်ဂိုဏ်းတွေကို ဖော်ထုတ် ဖြိုခွင်းရေး မစ်ရှင်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထားရှိတဲ့ ရုံးခွဲနဲ့လည်း စဉ်ဆက်မပြတ် အဆက်အသွယ် လုပ်နေသလို ထိုင်းရဲတပ်ဖွဲ့၊ တခြား ဒေသတွင်း မိတ်ဖက်တွေနဲ့ပါ ပူးပေါင်းချိတ်ဆက်မှုတွေ ရှိနေကြောင်းသူက ဆိုပါတယ်။

FBI အေးဂျင့်တွေက ထိုင်းနိုင်ငံ နယ်စပ်ဖက်ကနေ မြန်မာဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့် လုပ်ငန်း အဆောက်အအုံတွေဆီ မှန်ဘီလူးနဲ့ လှမ်းကြည့်နေတဲ့ ဓာတ်ပုံတွေကိုလည်း မတ်လဆန်းပိုင်းမှာ FBIက ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား-PBS

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။